သတင်း

ရခိုင်သင်္ကြန် လုံခြုံရေး စည်းသုံးစည်းဖြင့် ဆောင်ရွက်ထား

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် ဧပြီလ ၁၃ ရက်မှနေ ၁၆ ရက်နေ့အထိ ကျရောက်သည့်  သင်္ကြန်ရေကစားပွဲတော် စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး စည်း သုံးစည်း ဖြင့် ဆောင်ရွက်ထား ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

အဆိုပါ  နယ်မြေလုံခြုံရေး  စည်းသုံးစည်းကို ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီး ရှိသည့် သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံ ရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၉၂ ဦး ဖြင့် ဆောင်ရွက်ထားရှိကာ  အတွင်းစည်း၊ အပြင်စည်း ၊ အဝေးစည်း စသည် ဖြင့်  လုံခြုံရေး စည်းသုံးစည်းဖြင့် ပြင်ဆင်ဆောင်ရွက်ထားခြင်းဖြစ်သည်။

ရဲမှူးကြီး အောင်မြတ်မိုးက “  ဒီလိုဆောင်ရွက်ထားရှိတဲ့  မဟာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ဖို့နဲ့ အများပြည်သူများ အေးချမ်းစွာနဲ့ ရေကစားနိုင်အောင် ဆောင်ရွက် ထားရှိတာ ဖြစ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်တွေမြို့တွင် သင်္ကြန်ကာလ လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – မင်းအောင်ခိုင်/ဧရာဝတီ)

လုံခြုံရေး စည်းသုံး စည်း တွင် အဝေးစည်းကိုတော့ ရဲတပ်ဖွဲ့ဝင်များ အပြင်  သက်ဆိုင်ရာ တပ်မတော်တပ်ရင်း ၊ တိုင်း စစ် ဌာနချုပ် အစီအစဉ်နှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း ရဲမှူးကြီး အောင်မြတ်မိုးက ဆက်လက် ပြောကြားသည်။

ယင်းအပြင် ပြည်နယ် ရဲတပ်ဖွဲ့မှူးကြီး ကိုယ်တိုင်ကြီးကြပ်ပြီး ရခိုင်ပြည်နယ်အတွင်း ကွပ်ကဲမှူးရုံး ၁၇ ခုဖွင့်လှစ်ကာ နယ်မြေအေးချမ်းသာသာရေး ၊  အဖျက်အမှောင့်လုပ်ငန်း ကင်းရှင်းရေး ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ၊ ဆူပူအကြမ်းဖက်မှုများ ဖြေရှင်းပေးရေး ၊ ခိုက်ရန်ဖြစ်ပွားလျင် ဖြေရှင်းပေးနိုင်ရန် အရေးပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း စီမံထား ရှိကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလ ရခိုင်ပြည်နယ်အတွင်း မဏ္ဍပ်ကြီး ၂ ခု ၊ မဏ္ဍပ် အလတ် ၁၅ ခု ၊ မဏ္ဍပ် အသေး ၂၄ခု  စုစုပေါင်း သင်္ကြန်မဏ္ဍုပ် ၄၁ ခု ရှိပြီး ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင်တော့ ယမန်နေ့က ရိုးရာ နံ့သာသွေး ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading