သတင်း

လျို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် သေဒဏ်ကျခံရသူ ဗိုလ်မှူးဝင်းနိုင်ကျော် လွတ်မြောက်

Want create site? Find Free WordPress Themes and plugins.

စစ်အစိုးရ လက်ထက် လျို့ဝှက်သတင်းများ ပေါက်ကြားမှုဖြင့် သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်ခံ ထားရသည့် ဗိုလ်မှူး ဟောင်း ဝင်းနိုင်ကျော်မှာ သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် သာယာဝတီ အကျဉ်းထောင်မှ ယနေ့မနက်ပိုင်းက ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီရေးအဖွဲ့များထံက သိရသည်။

ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်သည် စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး(၂) ဒု ဗိုလ်ချုပ်ကြီး တင်ဦး (ရဟတ် ယာဉ်ပျက်ကျ ကွယ်လွန်သူ)၏ ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သကဲ့သို့ ထောက်လှမ်း ရေးအရာရှိအဖြစ်လည်း ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

သူအား ၂၀၀၉ ခုနှစ်က စစ်အစိုးရ၏လျို့ဝှက်စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်း ဖိုစီမံကိန်း၊ မြေအောက် လိုဏ် ခေါင်းများ ဖောက်လုပ်ရေးစီမံကိန်း၊ မြောက်ကိုရီးယားသို့ လက်နက် ဝယ်ယူရေး လျှို့ဝှက်သွားခဲ့မှုများ၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက်ဆွေးနွေးမှု မှတ်တမ်းများအား ပေါက်ကြားစေခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ် သည်။

ထို့နောက် ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်း များ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမဝင်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်ခြင်းဖြစ်သည်။

ထိုစဉ်က ဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော်(ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရသည်။

ယနေ့ မြန်မာနှစ်ဆန်းတရက်နေ့တွင် သမ္မတ ဦးဝင်းမြင့်၏ အမိန့်ဖြင့် နိုင်ငံသား အကျဉ်းသား ၈၄၉၀ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၅၁ ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading