ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ နာမည်ကျော်စတားတွေ ပါဝင်တဲ့ ဖျော်ဖြေပွဲတခုနဲ့ သက်တော် ၉၂ နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို လန်ဒန်မြို့မှာ ဆင်နွှဲခဲ့ပါတယ်။
“Queen’s Birthday Party” ဆိုတဲ့ နာမည်နဲ့ Royal Albert ခန်းမဆောင်မှာ ပြုလုပ်တဲ့ပွဲမှာ Sting, Tom Jones, Craig David နဲ့ Kylie Minogue စတဲ့ အဆိုတော်တွေ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပွဲမှာ ဘုရင်မကြီးရဲ့ Commonwealth Trust ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်တဲ့ မင်းသားဟယ်ရီက အမှာစကား ပြောကြားခဲ့ ပါတယ်။
အဲဒီအခမ်းအနားကို ဂုဏ်ပြုဖို့ လန်ဒန်မြို့လယ်မှာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ သေနတ်ပစ်ဖောက်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဘုရင်မကြီးဟာ တနှစ်ကို မွေးနေ့နှစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ သူ့ရဲ့ တကယ့်မွေးနေ့ဖြစ်တဲ့ ဧပြီလ ၂၁ ရက်နေ့မှာတော့ မိသားစုနဲ့အတူ သီးသန့်ကျင်းပပြီး နွေရာသီမှာတော့ တရားဝင်မွေးနေ့ပွဲကို ပြုလုပ်ပါတယ်။
ဒုတိယမွေးနေ့ပွဲ အခမ်းအနားကိုတော့ ဇွန်လရဲ့ ဒုတိယမြောက် စနေနေ့မှာ ပြုလုပ်ပြီး လန်ဒန်မြို့လယ်မှာ Trooping the Color စစ်ရေးပြအခမ်းအနားကိုလည်း တက်ရောက်ပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုးကလည်း ဘုရင်မကြီးရဲ့ ၉၂ နှစ်ပြည့်မွေးနေ့အတွက် ကြေညာချက်တစောင်ကို ထုတ်ပြန်ထားပါတယ်။
မွေးနေ့ ဖျော်ဖြေပွဲမှာတော့ နာမည်ကျော်တွေဖြစ်တဲ့ Anne Marie, Shawn Mendes, Ladysmith Black Mambazo နဲ့ Shaggy တို့အပါအဝင် ဓနသဟာယနိုင်ငံတွေထဲ ထင်ရှားကျော်ကြားသူတွေရဲ့ တဦးချင်းသီဆိုမှုတွေ၊ ပူးတွဲသီဆိုမှုတွေနဲ့ ဂန္တဝင်ပြဇာတ်တွေထဲက နာမည်ကျော် သီချင်းတွေကို BBC Concert Orchestra သံစုံတီးဝိုင်းနဲ့အတူ ပူးတွဲတင်ဆက်ခဲ့ကြ ပါတယ်။
ဘုရင်မကြီးကို အစီအစဉ်တင်ဆက်သူ Zoe Ball က မိတ်ဆက်ခေါ်ဆောင်ခဲ့ပြီး မြေးတော် မင်းသားဝီလီယံဘေးက သားတော် ဝေလမင်းသား ချားလ်နဲ့အတူ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘုရင်မကြီးဟာ ဒီဇိုင်နာ Angela Kelly ချုပ်လုပ်တဲ့ ငွေရောင်နဲ့ ရွှေရောင်စပ်ဝတ်စုံကို ဝတ်ဆင်လာခဲ့ပါတယ်။
အဲဒီနောက်တော့ မင်းသားချားလ်နဲ့ အတူ စင်ပေါ်သို့ တက်ရောက်ခဲ့ပြီး လန်ဒန်အနောက်ပိုင်းမှာနေထိုင်တဲ့ ဘုရင်မကြီးနဲ့ မွေးနေ့တူတဲ့ Mason လို့အမည်ရတဲ့ ကျောင်းသားလေးတဦးက ပေးအပ်တဲ့ ပန်းစည်းလက်ဆောင်ကိုလက်ခံခဲ့ပါတယ်။
UK နိုင်ငံက ဓနသဟာယအစိုးရအကြီးအကဲများ အစည်းအဝေးအတွက် နိုင်ငံ ၅၃ နိုင်ငံကို ဧည့်ခံနိုင်ဖို့ကျင်းပတဲ့ အဲဒီ ဖျော်ဖြေပွဲဟာ ခိုင်မာတဲ့ ဓနသဟာယ စိတ်ဓာတ်ကို ပြသရာရောက်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။ ဒီနှစ်မှာ သက်တမ်း
ဘုရင်မကြီးကိုယ်တိုင် နာယကအဖြစ် ဆေင်ရွက်နေတဲ့ The Queen’s Commonwealth Trust အဖွဲ့ဟာ ပညာရေး၊ အားကစား၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ရေးရာတို့မှာ ပါဝင်ဆောင်ရွက်နေတဲ့ လူငယ်ပရဟိတအဖွဲ့လည်း ဖြစ်ပါတယ်။
Ref: Etcanada,itv