သတင်း

မဟာမုနိရုပ်ရှင်တော် ရွှေမိုက်ထုတ်လုပ်ငန်းမှ ရွှေ ၁၆ ပိဿာကျော် စံချိန်တင် ရရှိ

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်တွင် ၆၈ ကြိမ်မြောက် ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့ရာ ရွှေမိုက်ထုတ်လုပ် ငန်းနောက်ဆုံးအဆင့် မီးလင်းရွှေစင်ထုတ်ခြင်းမှ ရွှေ ၁၆ ပိဿာကျော်အထိ စံချိန်တင် ပိုမို ရရှိခဲ့ကြောင်း မဟာမုနိ ဂေါပက အဖွဲ့မှ သိရသည်။

ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းကို မဟာမုနိရုပ်ရှင်တော် ဂန္ဓကုဋ္ဋိတိုက်တော်တွင်းမှ ရရှိသည့် ရွှေလှောင် စက္ကူ၊ သစ္စေးတံ ၊ ဖိဂွမ်း လိပ်၊ လက်သုတ်ပဝါ၊ အထက်ပလ္လင်မြေမှုန့် ၊ အောက်ပလ္လင်မြေမှုန့် တို့ကို တစ်နှစ်စာစုဆောင်းသိမ်းဆည်းထားပြီး ရွှေမိုက် ထုတ်ခြင်းဖြစ်သည်။

“ပုံမှန်အားဖြင့် ရွှေမိုက်ထုတ်ရာမှာ ရွှေလှောင်စက္ကူ(ရွှေကပ်ပြီး၍ အမှိုက်ပုံးသို့ စွန့်ပစ်လိုက်သော စက္ကူ များ) အိတ်အနည်း အများပေါ် မူတည်ပြီး ၆ ပိဿာကျော်ကနေ ၇ ပိဿာ ကျော်လောက်အထိ ပုံမှန် ထွက်ပါတယ်၊ ရာမလက်ညိုးထိုး၊ ရေကန် တော်၊ ကြာကလပ်ဆိုတဲ့နေရာတွေမှာ ရွှေပြား လုပ်ထားတာ တွေကို အသစ်လဲတာကြောင့် ကြေးတွေပါခွာပြီးတော့ ရွှေပြန် ထုတ်ခဲ့တယ်၊ ရွှေချွတ်တာတွေ များတဲ့ အတွက် ၁၆ပိသာနဲ့ ၅၈ကျပ်သားကျော် ရတယ်၊ မိုက်ကနေထွက်တယ် ဆိုတာက အမြတ်ပေါ့၊ ဒီနှစ်မှာ ရွှေနဲ့ ပတ်သက်တဲ့ လုပ်ငန်း အသစ် ၂ခု တိုးလာတာကြောင့် ခုလို ရွှေပိဿာချိန်တွေလဲ တိုးလာ တာပါ” ဟု မဟာမုနိဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

အဆိုပါ ၆၈ ကြိမ်မြောက် ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ (၂)ရက်မှ စတင်၍ ဧပြီ ၈ ရက်နေ့ အထိ လုပ်ကိုင်ခဲ့ပြီး ရွှေမိုက်ထုတ်ယူရာတွင် မိုက်သူကြီး အပါအဝင် လူအင်အား ၂၀ ခန့်ဖြင့် ရွှေပါ သော အရာဝတ္ထုတို့ကို သန့်စင်သော ရွှေဖြစ်အောင် အဆင့့်ဆင့်ပြုလုပ်ရကာ လုပ်ငန်းအားလုံးပြီးစီး သည်အထိ အချိန် ၂လကျော် ကြာမြင့်ကြောင်းသိရသည်။

၆၇ကြိမ်မြောက် မဟာမုနိ ဘုရားကြီး မိုက်ထုတ်လုပ်နေစဉ်ဇော်ဇော် /ဧရာဝတီ

“ရွှေမှိုက်ထုတ်ခြင်းလုပ်ငန်းကနေ ထွက်ရှိလာတဲ့ သန့်စင်ပြီး ရွှေအလေးချိန် စုစုပေါင်းကတော့ ၁၆ ပိဿာ ၅၈ ကျပ် ၁၀ပဲ ၃ ရွေး တိတိ ရှိပါတယ်၊ ဒီအလေးချိန်ကို ဒစ်ဂျစ်တယ် ချိန်ခွင်နဲ့ အတိအကျ ချိန်တွယ်မှတ်တမ်းတင်ထားပါတယ်၊ အခုနှစ် ထွက်ရှိလာတဲ့ ရွှေအလေးချိန် ပမာဏဟာ ခေတ်အဆက် ဆက် စံချိန်တွေကို ကျော်လွန်အောင် ထွက်ရှိခဲ့တဲ့ စံချိန်သစ် ဖြစ်ပါတယ်၊ သန့်စင်ပြီး ရွှေတွေကို ဂေါပကအဖွဲ့နဲ့အတူ သြဝါဒစရိယဆရာတော်ကြီးတွေဆီမှာ အပ်နှံ ချိတ်ပိတ်ပြီး ဘုရားဘဏ္ဍာ တော်တိုက်မှာ သိမ်းဆည်းပါမယ်” ဟု မိုက်သူကြီး ဦးအောင်မိုးက ပြောသည်။

မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ရွှေချရာ၌ အသုံးပြုသည့် မှိုင်းခံစက္ကူနှင့် အမှိုက်များမှ ရွှေသန့် စင်ခြင်း (ရွှေမိုက်ထုတ် လုပ်ခြင်း) လုပ်ငန်းကို နှစ်စဉ် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ခုနှစ်က ၆၆ကြိမ်မြောက် အဖြစ် ရွှေချရာတွင်အသုံးပြုသည့် မှိုင်းခံ စက္ကူအမှိုက်များထည့်သည့်အိတ် (ရွှေလှောင်အိတ်) ၂၁၄ အိတ်မှ သန့်စင်ပြီးရွှေ ၇ ပိဿာ ၂၅ ကျပ်သား ထွက်ရှိခဲ့ ကြောင်း၊ ၂၀၁၇နှစ်အတွင်း ဘုရားကြီးတွင် ရွှေချသူများပြားသည့်အတွက် ရွှေလှောင်အိတ် ၂၂၈ အိတ် ရှိပြီး ၆၇ကြိမ် မြောက်အဖြစ် သန့်စင်ပြီး ရွှေ ၇ပိသာနဲ့ ၂၀ ကျပ်သားကျော်ရရှိခဲ့ကြောင်း ရွှေမိုက်ထုတ်လုပ်ငန်းမှတ်တမ်းများအရ သိရသည်။

“၆၇ ကြိမ် ရွှေမိုက်ထုတ်ခြင်းကနေ မကျွတ်ရွှေ စုစုပေါင်း အလေးချိန် ၇ ပိဿာ ၄၆ ကျပ်သား နဲ့ ၂ ရွေး ရရှိခဲ့တယ်၊ ထွက် လာတဲ့ မကျွတ်ရွှေတွေကို ရွှေလှော်ခြင်းလုပ်ငန်း ဆက်လုပ်ခဲ့တာ သန့်စင်ပြီး ရွှေ ၇ပိသာကျော် ရရှိခဲ့တယ်၊ အဲဒီ သန့်စင်ပြီး ရွှေတွေကို ဘုရားဘဏ္ဍာတိုက်မှာ သိမ်းဆည်းထားပါ တယ်”ဟု မဟာမုနိဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

၂၀၁၈ခုနှစ် ၆၈ ကြိမ်မြောက် ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းမှ ရွှေ ၁၆ ပိဿာကျော် စံချိန်တင် ရရှိခြင်းမှာ ရုပ်ရှင်တော်မြတ်ကြီး ကိန်းဝပ်စံပါယ်တော်မူသည့် ဂန္ဓကုဋိကျောင်းတော်ကြီး ရွှေအသစ်ချရန် ရွှေအဟောင်းများ ပွတ်ထားသောရွှေများ၊ ထုပိကာ မှ ပျက်စီးယိုယွင်းနေသော ရွှေပြားများ အသစ်လဲလှယ်ခြင်း စသည့် လုပ်ငန်းသစ် ၂ခုတိုးလာသဖြင့် ရွှေမိုက်ထုတ်ရာမှ ရွှေပိဿာ တိုးလာခြင်းဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading