သတင်း

ပတ္တရားကမ်းခြေက လိင်ပါတီပွဲ ထိုင်းရဲ နှိမ်နင်း

ထိုင်းနိုင်ငံ နာမည်ကျော် ပတ္တရား ကမ်းခြေရှိ ဟိုတယ်တလုံးတွင် ပြီးခဲ့သည့် စနေနေ့ညက နိုင်ငံခြား သားများ လိင်ပါတီပွဲ ဆင်နွဲနေကြောင်း တိုင်ကြားချက်ရရှိ၍ အာဏာပိုင်များက သွားရောက် ဖမ်းဆီးခဲ့ကြောင်း The Nation သတင်းကဆိုသည်။

အဆိုပါ ဟိုတယ်မှာ ဘန်လမွမ် ခရိုင်တွင် ရှိပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးစဉ် နိုင်ငံခြား သားများ စွာကို အုပ်စုလိုက် ပြောင်ပြောင်တင်းတင်း လိင်ဆက်ဆံရင်း တွေရကြောင်း ဖော်ပြထားသည်။

စုံတွဲပေါင်း ၁၄ တွေ့ရပြီး အများစုမှာ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ ဂျာမနီ၊ ကမ္ဘောဒီးယား၊ အိန္ဒိယနှင့် ယူကရိန်းမှ ဖြစ်ကြောင်း သိရသည်။

ဘန်လမန်ခရိုင်အကြီးအကဲ နာရစ် နီရာမိုင်ဝမ်က “ဒီဒေသမှာ ဒီဟိုတတယ်တလုံးပဲ လိင်ပါတီပွဲ ဆင်နွဲနေတယ် လို့ တိုင်ကြားချက် လက်ခံရရှိပါတယ်၊ သူတို့က ဖောက်သည်တွေနဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်တွေကနေ ချိတ် တာဗျ၊ လာတဲ့သူက စုံတွဲဖြစ်ရမယ်၊ တညပျော်ပါးရင် စုံတွဲတတွဲကို ဘတ် ၁၅၀၀ လို့ သိရတယ်” ဟု ပြောသည်။

၎င်းဟိုတယ်အတွင်းမှလည်း ကွန်ဒုံးများ၊ ကာမအားအေးများ၊ လိင်အာသာဖြေ အရုပ်များကိုလည်း တွေ့ရသည်ဟု ဆိုသည်။

ဖမ်းဆီးထားသူများထဲမှ အသက် ၅၃နှစ် အရွယ်ရှိ တရုတ်လူမျိုးတဦးက သူ့ကိုယ်သူ ယင်းဟိုတယ် ပိုင်ရှင်ဟု အစစ်ခံခဲ့ပြီး၊ ခိုင်မာသည့် လိုင်စင်မရှိဘဲ လုပ်ငန်းလည်ပတ်နေကြောင်း အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့ရာ ၎င်း ဟိုတယ်ပိုင်ရှင်ဆိုသူ တရုတ်လူမျိုးမှာ လိုင်စင်မဲ့ ဟိုတယ်လုပ်ကိုင်မှုဖြင့် အရေးယူခံဖွယ်ရှိပြီး လူအများကို လည်း မဖွယ်မရာ ဖန်တီးပေးမှုဖြင့် အမှုဖွင့်ခံရမည်ဖြစ်သကဲ့သို့၊ ဝန်ထမ်းများလည်း အရေးယူခံရမည်ဟု သိရသည်။

Loading