သတင်း

NVC ကတ် ကိုင်သူများ နိုင်ငံအနှံ့သွားခွင့် မရှိကြောင်း ဝန်ကြီး ပြော

Want create site? Find Free WordPress Themes and plugins.

NVC ကတ် ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်အတွင်းသာ လွတ်လပ်စွာ သွားလာခွင့် ရှိမည်ဖြစ်ပြီး နိုင်ငံ အနှံ့ သွားလာခြင်း ခွင့်မပြုထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

“လွတ်လပ်စွာ သွားခွင့်ရှိတယ် ဆိုတာ သက်ဆိုင်ရာ မြို့နယ်အတွင်းမှာပဲ သွားခွင့်ရှိတာပါ။ အခု မီဒီယာတွေ ဖော်ပြနေ သလို ဒီ NVC ကိုင်ရုံနဲ့ နိုင်ငံအတွင်း ကြိုက်တဲ့နေရာ သွားခွင့်ရတယ် ဆိုတာ လုံးဝမဟုတ်ပါဘူး။ ခွင့်လည်း ခွင့်မပြုနိုင်ပါ ဘူး” ဟု ၎င်းက ဆိုသည်။

ဧပြီ ၂၅ နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာ ရေး ဆိုင်ရာ ဆွေးနွေးပွဲအပြီး သတင်း မီဒီယာများသို့ ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

NVC ကတ် (National Verification Card-NVC) လက်ဝယ် ရရှိထားသူအား မြန်မာနိုင်ငံအတွင်း နေထိုင်သူဟု အသိ အမှတ်ပြုရုံသာ ရှိပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံယူရမည့် သူများလည်း ဖြစ်ကြောင်း၊ ထိုသို့ အသိအမှတ်ပြုခြင်း ခံထားရသူများ အနေဖြင့် လူဝင်မှုကြီးကြပ်ရေး (လဝက) မှ ပုံစံ ၄ ကို ရေးဖြည့်ပြီးနောက် ၎င်းတို့၏ စာရွက် စာတမ်းနှင့် အထောက် အထား များကို ခိုင်လုံစွာ ပြသနိုင်ရမည်ဖြစ် ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

“ပုံစံ ၄ ဖြည့်ပြီးမှ သူ့ရဲ့ စာရွက်စာတမ်း အထောက်အထားတွေ ခိုင်လုံမှ၊ ပြသနိုင်မယ်ဆိုရင် ချမှတ်ထားတဲ့ လုပ်ငန်းစဉ် အတိုင်း မြို့နယ်၊ ခရိုင်၊ ပြည်နယ်ကနေမှ ဗဟိုအဆင့်က စိစစ်ပြီး သူတို့ ရသင့်ရထိုက်တဲ့ ဥပဒေနဲ့ အညီ နိုင်ငံသားလား၊ ဧည့်နိုင်ငံသားလား၊ နိုင်ငံသား ပြုခွင့်ရသူလား ဆိုပြီး ပေးသွားမှာပါ” ဟု ဝန်ကြီး ဦးသိန်းဆွေက ပြောဆိုသည်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ပြည်နယ် အဆင့် စိစစ်ရေး ကော်မတီများကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး ၅ လတာ ကာလအတွင်း လျှောက်ထားသူ ဘက်မှ အချက်အလက်ပြည့်စုံစွာ တင်ပြ နိုင်ပါက လျှောက်ထားသူ ကို နိုင်ငံသားအဖြစ် သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် သို့မဟုတ် နိုင်ငံံသားပြုခွင့်ရှိသူ စသည်ဖြင့် စိစစ် ဆောင်ရွက်ပေးလျက် ရှိသည်ဟုလည်း သိရသည်။

ထို့အတူ NVC ကတ် ကိုင်ဆောင်ထားသူများကို တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့် ပြုမည် ဆိုပါက တရားဥပဒေ စိုးမိုး ရေး ကိစ္စများ၊ မလိုလားအပ်သည့် အမျိုးသားရေး ကိစ္စများနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံအတွက် အလွန်အန္တရာယ် ကြီးမား သည်ကို ရှင်းလင်းပြတ်သားစွာ အသိပေးစေလိုကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) မှ ပြော ရေး ဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က NVC ကတ် ကိစ္စနှင့် ပတ်သက်၍ ဧပြီ ၂၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားသည်။

ဝန်ကြီး ဦးသန်းဆွေ ကမူ“အရင်တုန်းကတော့ နည်းနည်းပိုပြီးတော့ ကြာတာပေါ့။ အဲဒါလည်းပဲ မြို့နယ်အဆင့်မှာ တချို့က အချက်အလက်ပြည့်စုံ သော်လည်း မထောက်ခံတာတွေ ရှိတယ်။ တချို့လည်း မြို့နယ်အဆင့်ကို မလာတာတွေ ရှိတယ်။ အဲဒါကြောင့် ကိုဖီအာနန် အစီရင်ခံစာ မလာခင်ကတည်းက ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်နဲ့ ဒီ စိစစ်မှု တွေကို အမြန်ဆုံး ဖြစ်အောင် လုပ်ပေးရမယ် ဆိုပြီး ဖြေလျှော့ပါတယ်” ဟု ရှင်းပြသည်။

NVC ကတ် ကိုင်ဆောင်လိုသူများသည် လူကိုယ်တိုင် လာလျှောက်ထားရမည်ဖြစ်ပြီး ခိုင်မာမှုရှိသည့် အထောက်အထား များ ပြနိုင်မှသာ ဥပဒေနှင့် အညီ ရသင့်သည့် နိုင်ငံသား အခွင့်အရေးများ ရရှိမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ NVC ကတ်ကိုင်ဆောင်လိုသူများ လာရောက် လျှောက်ထားရာတွင် ဥပဒေအတိုင်း ဆောင်ရွက်မည် ဖြစ်သဖြင့် ပြည်သူများ အတွက် စိုးရိမ်စရာ မရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading