သတင်း

သမ္မတ ဦးဝင်းမြင့် အာဆီယံ အစည်းအဝေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်မရှိဟုဆို

Want create site? Find Free WordPress Themes and plugins.

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် ၃၂  ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများသို့  ပမထဆုံးအကြိမ် တက်ရောက်ရန်သွားသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အနေဖြင့် ယင်းခရီးစဉ်တွင် အခက်ခဲနှင့် စိန်ခေါ်မှုများ မရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်နေကြသည်။

သမ္မတသစ်၏ စင်္ကာပူ ခရီးစဉ်ကို ယနေ့ မနက်ပိုင်းက နေပြည်တော် လေဆိပ်မှတဆင့် အထူးလေယဉ်ဖြင့် ထွက်ခွာ သွားပြီးနောက် ထိုခရီးစဉ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း က ကိစ္စများကဲ့သို့ အခြေအနေများနှင့် ပတ်သက်ပြီး ဖိအားပေး ပြောဆိုနေမှုများ ရှိနိုင်မလားဟု မေးခွန်းထုတ်မှုများလည်းရှိနေသည်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုး က “အာဆီယံခေါင်းဆောင် အစည်းအဝေးတွေရဲ့ မူဘောင်မှာ တနိုင်ငံနှင့် တနိုင်ငံ ဝင်မစွက်ဖက်ဘူးဆိုတဲ့ မူနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့ အတွက် ဦးဝင်းမြင့် အနေနဲ့ အာဆီယံ ဆွေးနွေးပွဲမှာသိပ် အခက်ခဲမရှိဘူးလို့ ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စင်္ကာပူခရီးစဉ်ထွက်ခွာသွားသော သမ္မတ ဦးဝင်းမြင့်

ပြည်ပမီဒီယာများ မေးခွန်းမေးမြန်းမှုများ ရှိခဲ့ပါက အခက်ခဲအနည်းငယ် ကြုံတွေ့နိုင်သဖြင့် ပြန်ဖြေသည့် အခါတွင် သမ္မတအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ မူဝါဒအတိုင်း လုပ်ဆောင်ချက်များကို ပြန်လည် ဖြေကြားနိုင်ကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။

နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အဖွဲ့ဝင် အာဆီယံ ပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင် က “အာဆီယံထိပ်သီး အစည်းအဝေးကနေ အကျိုးအမြတ်ရှိမယ့် အာဆီယံဒေသအတွင်း နိုင်ငံရော အိန္ဒိယ၊ တရုတ်တို့ အပါအဝင် တို့ကို စီးပွားရေးအတွက် အကျိုးရှိမယ့် ဆွေးနွေးမှုတွေ၊ သဘောတူညီချက်တွေ ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကလည်း “ဒီခရီးစဉ်မှာ အခက်ခဲတွေ စိန်ခေါ်မှုတွေ ရှိမယ်လို့ မထင်ပါဘူး၊ သမ္မတကြီးတာဝန် အနေနဲ့သာ သွားရတာ၊ အရင်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်စဉ်တုန်းကလည်း ဒီလိုပဲ နိုင်ငံတကာနဲ့ ထိတွေ့ပြီးသားပဲလေ၊ ဒါကြောင့် အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အစည်းအဝေးကို တက်ရောက်ရန်အတွက် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် အဖွ့ဲ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်တင် လိုက်ပါသွားသည်။

စင်္ကာပူခရီးစဉ်ထွက်ခွာသွားသော သမ္မတ ဦးဝင်းမြင့်

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က “လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အဖက်ဖက်က အကြပ်အတည်းတွေ ၊ ဖိအားတွေ မြင့်မားနေတဲ့ အခြေအနေမျိုးမှာကိုယ့်ရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ တွေ့ဆုံတဲ့ အခါ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေး၊ အခြေအနေတွေကို ထိထိရောက်ရောက် ဆွေးနွေး တင်ပြနိုင်မယ်ဆိုရင် ဒါဟာ မျှော်မှန်းထားတာထက်ကို အောင်မြင်တဲ့ ခရီးတခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတော် သမ္မတအနေဖြင့် အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန်  ပြန်ပြီးရှင်းပြနိုင်ပြီး နိုင်ငံတကာမီဒီယာတွေ သိချင်နေသည့် အချက် အလက်များအား ရှင်းပြနိုင်မည်ဆိုပါက ကောင်းမွန်သည့် အနေအထားတခုကို ရရှိနိုင်မည် ဖြစ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

သမ္မတ ဦးဝင်းမြင့် အနေဖြင့် နိုင်ငံတကာ ခေါင်းဆောင်များ တက်ရောက်ကြမည့် အားစီယံ ထိပ်သီးအစည်းအဝေးကို ၎င်း၏ သမ္မတ သက်တမ်းအတွင်း ပထမဆုံး အကြိမ်တက်ရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်သည် သမ္မတ သက်တမ်း၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်၏ ခရီးစဉ်အား ဇနီးဖြစ်သူ ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော် လေဆိပ်တွင် လိုက်ပါ ပို့ဆောင်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ လိုက်ပါပို့ဆောင်သူများထဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E.Ms. Vanessa Chan နှင့် တာဝန်ရှိသူများက ပါဝင်ကြောင်းလည်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading