• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မတ္တရာတွင် ကျောင်းသားငယ် တဦး ရိုက်နှက်ခံရမှု သံဃာတပါး အပါအဝင် ၄ ဦးကို အမှုဖွင့်ထား

by ဒီလှိုင်းဝင်း
28 April 2018
in သတင်း
A A
မတ္တရာမြို့နယ်ရှိ အခင်းဖြစ်ပွားရာ လွင်ဦး ကျောင်းတိုက် / ဒီလှိုင်းဝင်း / ဧရာဝတီ

မတ္တရာမြို့နယ်ရှိ အခင်းဖြစ်ပွားရာ လွင်ဦး ကျောင်းတိုက် / ဒီလှိုင်းဝင်း / ဧရာဝတီ

33.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတကျောင်း၌ ၁၄ နှစ်အရွယ် ကျောင်းသား တဦးကို ဝိုင်းဝန်း ရိုက်နှက်မှုနှင့်ပတ်သက်ပြီး သံဃာ တပါး အပါအဝင် ၄ ဦးအား အမှုဖွင့်ထားကြောင်း သိရှိရသည်။

မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းရွာရှိ လွင်ဦး ကျောင်းတိုက် အတွင်း၌ ဧပြီလ၂၁ ရက်က အသက် ၁၄ နှစ် အရွယ် အဋ္ဌမတန်း ဖြေဆိုထားသူ မောင်ဝေဖြိုးနိုင်အား လွင်ဦး ကျောင်းတိုက်မှ ဦးသုစရိတက မင်းမဲ့စရိုက် ဆန်စွာ အုပ်စုဖွဲ့၍ အနိုင်ကျင့် ရိုက်နှက် ခံခဲ့ရသဖြင့် မတ္တရာ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာ အဖြစ် တက်ရောက် ကုသမှု ခံယူရကြောင်း မောင်ဝေဖြိုးနိုင်၏ ဖခင် က ပြောပြသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
81
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
123
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
111

ရိုက်နှက်ခံရသူ၏ ဖခင် ဦးသူရနိုင်က “မရှိဆင်းရဲသား နွမ်းပါးတဲ့ ကျနော်တို့ မိသားစုက ကလေးကို မတရားသဖြင့် နှိပ် စက်တဲ့ အတွက်တော့ မခံမရပ်နိုင်ဖြစ်ရပါတယ်။ ဒါကို တရား ဥပဒေအရ မှန်မှန်ကန်ကန် ဆုံးဖြတ် အရေးယူပေး စေ ချင် ပါတယ်။ မတ္တရာမြို့မ ရဲစခန်းမှာ အမှုလည်း ဖွင့်ထားပြီးပါပြီ။ တရားဥပဒေ အတိုင်း ရင်ဆိုင်သွားပြီး ဥပဒေ ဆုံး ဖြတ်ချက် ပြစ်ဒဏ်ကိုပဲ ကျေကျေနပ်နပ် လက်ခံသွားမှာပါ” ဟု ပြောသည်။

ရိုက်နှက်သူ သံဃာတပါး နှင့် ၄ ဦးအား ထိခိုက် နာကြင်စေမှု ပုဒ်မ ၃၂၅ နှင့် အမှု ဖွင့်ထားကြောင်းလည်း သိရသည်။

မောင်ဝေဖြိုးနိုင်က ကျောင်းသား အချင်းချင်း စကားပြောကြရာတွင် “ခွေးပါးစပ်က နတ်စကားထွက်” ဟူသော အသုံး အနှုန်းကို သုံးနှုန်းမိရာ ဦးသုစရိတ က ၎င်းအား ပြောသည်ဟု ယူဆပြီး စတင်ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း လွင်ဦး ကျောင်းတိုက်မှ သံဃာတော် တပါး ဖြစ်သည့် ဦးပညာဝံသ က မိန့်ကြားသည်။

ဖြစ်စဉ်တွင်ရှိနေသည့် မောင်ဝေဖြိုးနိုင်၏ ဆရာဖြစ်သူ လွင်ဦး ကျောင်းတိုက်မှ ဦးပညာဝံသက “ကျောင်းသား အချင်း ချင်း စကားနိုင်လု ပြောကြရင်း “ခွေးပါးစပ်က နတ်စကား” ထွက်တယ်ကွာလို့ ကလေးက ပြောလိုက်တာကို ဦးသုစရိတ က သူ့ကို ပြောပါတယ် ဆိုပြီး ကလေးကို ဆံပင်ဆွဲပြီး ပါးတွေ နားတွေ ရိုက်တော့တာပဲ။ ဦးပဉ္စင်းက ကိုယ့်ကလေးတော့ သေရချည်ရဲ့ဆိုပြီး လိုက်ကာကွယ်တော့ ဦးပဉ္စင်းကို တွန်းလွှတ်ပြီး ကလေးကို လက်သီးတွေနဲ့ ဝိုင်းထိုးကြတော့တာပဲ။ ထိုးပြီးတော့ ဆံပင်ကို ဆောင့်ဆွဲပြီး ခေါ်သွားပြီး တုတ်တွေနဲ့လည်း ထိုး၊ ဝါးလုံးတွေနဲ့လည်း ထိုးတယ် ရိုက်တယ်” ဟု မိန့်သည်။

ဆက်လက်၍ ၎င်းက “အားလုံး ၁၆ ယောက် ရှိတယ်။ ၁၆ယောက်မှာ အသက်ကြီးတဲ့သူက ၄ ယောက် ပါတယ်။ သူတို့က ခြေထောက်နဲ့ ရင်ဘတ်တွေကို ကန်၊ မျက်နှာကိုလည်း ကန်တယ်။ ဖြစ်ချင်တော့ သူက (ဦးသုစရိတ) သင်္ကန်း ကျွတ်သွား ပြီး ပြန်ဝတ်နေချိန်မှာ ကလေးက လွတ်လာခဲ့တာ” ဟုလည်း မိန့်ဆိုသည်။

အဆိုပါ လွင်ဦးကျောင်းတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ဖွင့်လှစ်ထားပြီး ဦးယောဇန က ဦးဆောင် ဖွင့် လှစ် ထားခြင်း ဖြစ်ကာ ဦးပညာဝံသ က လက်ထောက် တာဝန်ခံအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

မောင်ဝေဖြိုးနိုင်၏ မိသားစုသည် ဆင်းရဲနွမ်းပါးပြီး နွေရာသီကျောင်းပိတ်ထားစဉ် လွင်ဦးကျောင်း၌ သီတင်းသုံး နေထိုင် သည့် ဦးပညာဝံသအား ဝေယျာဝစ္စ လုပ်ကိုင်ပေးရန်အတွက် မောင်ဝေဖြိုးနိုင်ကို ကျောင်းအိပ်ကျောင်းစား နေထိုင်သူ အဖြစ် လွင်ဦးကျောင်းတိုက်တွင် ပို့ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့က တောထဲမှာ လင်မယား နှစ်ယောက်စလုံး ညအိပ် လုပ်ငန်း လုပ်နေကြတာ။ အဲဒီနေ့က ကျနော့် သား လေး ကို ဦးပဉ္စင်း စိုးကြီးက ရိုက်လို့ဆိုပြီး ယောက်ဖဖြစ်သူက လာပြောတယ်။ အဲဒီမှာ ရွာကိုပြန်လာပြီး ကလေးကို ဆေးရုံ ပို့ခဲ့ရတာပါ။ ကလေးရဲ့ အခြေအနေက ဖြစ်တဲ့နေ့ကစပြီး အခုအချိန်အထိ ထမင်းကို မစားနိုင်သေးပါဘူး။ အရည်ကိုပဲ သောက်နေရတုန်းပါ။ ဒဏ်ရာကတော့ သက်သာပေမယ့် အရှင်းကြီး မပျောက်သေးပါဘူး” ဟု ဦးသူရနိုင် က ပြောသည်။

မောင်ဝေဖြိုးနိုင်၏ မိခင် ဒေါ်စန်းနွဲ့ကလည်း “ကျမသားလေးကို ရိုက်နှက်ထားတဲ့ ဗီဒီယိုဖိုင်ကို မြင်လေ သွေးအား လေအား တွေ ဆုတ်နေရပါတယ်။ အခုအချိန်ထိ ယူကြုံးမရ ခံစားနေရပါတယ်။ ကျမတို့တောင် အခုအထိ အဲဒီလိုမျိုး မရိုက်ဖူးပါဘူး။ ကျမတို့မှာ ရှေ့နှစ် ၉ တန်းတက်ရမှာမို့ လင်မယား နှစ်ယောက်စလုံး တောထဲမှာ အလုပ်ကို ကြိုးစားပြီး လုပ်နေကြရတာပါ။ ဒါကို အခုလို ရက်ရက်စက်စက် ရိုက်တာကိုတော့ ယူကြုံးမရဖြစ်နေရပါတယ်” ဟု ပြောသည်။

ဝေဖြိုးနိုင်အား ရိုက်နှက်နေသော ဗီဒီယို ရုပ်သံ ဖိုင်သည် လူမှုကွန်ရက် စာမျက်များတွင်လည်း ပျံ့နှံ့နေသည်ကို တွေ့ရ သည်။

မောင်ဝေဖြိုးနိုင်၏ အဒေါ် ဒေါ်ခင်စန်းဝင်းကလည်း ထိုသို့ ဒဏ်ရာများ ရရှိအောင် ရိုက်နှက်သည့် အတွက် ဘုန်းကြီး ကျောင်း သို့ သွားရောက်ပြီး ရိုက်နှက်သည့် သံဃာအား မေးမြန်းခဲ့သည်ကို ပြောပြသည်။

“ဦးပဉ္စင်းက ငါ့ကို ခွေးပါးစပ်က နတ်စကား ထွက်တယ်လို့ ပြောလို့ ရိုက်လွှတ်လိုက်တာလို့ ပြောတယ်။ ကျမတို့က ဦးပဉ္စင်း နာမည်ပါလားလို့ မေးလိုက်တယ်။ ငါ့နာမည် ပါပါ မပါပါ ငါ့ပိုင်နက်ထဲ လာပြောမှတော့ ငါ့ပြောတာနဲ့ အတူ တူပဲ လို့ ပြန်ပြောတယ်။ ကျမတို့က ဦးပဉ္စင်းနဲ့ အသက်အရွယ်မတူဘဲ အခုလောက်ထိ လုပ်စရာမလိုဘူး။ ကလေးက အပြစ်ရှိတယ်လို့ ထင်ရင် ၃၊ ၄ ချက်ရိုက်နှက် ဆုံးမလွှတ်လိုက်လို့ ရတယ်လို့ ပြောပြီး ပြန်လာခဲ့တယ်။ အခုဟာက ဆုံးမတာ မဟုတ်ဘူး၊ ညှဉ်းပန်းနှိပ်စက်တာ။ ကလေးကို သေအောင်သတ်တာနဲ့ အတူတူပဲ” ဟု ဒေါ်ခင်စန်းဝင်းက ပြောသည်။

အဆိုပါဖြစ်စဉ်ကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် မတ္တရာမြို့ သံဃာစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ က မောင်ဝေဖြိုးနိုင်အား ရိုက်နှက်ခဲ့သည့် ဦးသုစိရတအား လိုအပ်သလို ဥပဒေအရ အရေးယူနိုင်ရန် ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။

“အခုဖြစ်စဉ် အပေါ်မှာတော့ ဥပဒေအရပဲ ထိထိရောက်ရောက် အရေးယူ ပေးစေချင်ပါတယ်။ သံဃာလည်း သံဃာ့ ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းတွေနဲ့ နေမယ်ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး၊ အခုဟာက မင်းမဲ့စရိုက် ပုံစံမျိုးနဲ့ အုပ်စုဖွဲ့အနိုင်ကျင့်တာပဲ၊ ဒီတော့ ဥပဒေအရပဲ အရေးယူစေချင်တယ်”ဟု ဦးပညာဝံသက ဆက်လက် မိန့်ကြားသည်။

မတ္တရာမြို့နယ် မြို့နယ်သံဃာ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တ သောမာစာရက “ဖြစ်စဉ်က ရဟန်းနှစ်ပါး ဖြစ်နေတဲ့ အတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်ဖို့ရာ ခက်နေတယ်။ အခုအမှုက သင်္ကန်းဆွဲချွတ်ရမယ့် အမှု မဟုတ်တာ ကြောင့် ဘုန်းကြီးတို့က အမှုရင်ဆိုင်ဖို့ ရဲလုပ်ပိုင်ခွင့်ကိုတွေ လုပ်လို့ရအောင် အဆင်ပြေအောင် တရား ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ခွင့်ပေးလိုက်တာပါ” ဟု မိန့်ကြားသည်။

အဆိုပါ အမှုဖြစ်စဉ်အား မတ္တရာမြို့နယ် မြို့မ ရဲစခန်းတွင် အမှု ဖွင့်လှစ်ထားကြောင်း သိရသဖြင့် အမှုဖြစ်စဉ်နှင့် ဖွင့်လှစ် ထားသည့် ဥပဒေ ပုဒ်မများကို သွားရောက်မေးမြန်းရာ စခန်းမှူးက ဖြေဆိုရန် ငြင်းဆန်ခဲ့သဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး သို့ ဆက်လက် မေးမြန်ရာ မြို့နယ်အဆင့် အနေဖြင့် ဖြေကြား၍ မရသောကြောင့် တိုင်းရဲတပ်ဖွဲ့ ထံသို့ မေးမြန်းရန် လမ်းညွှန်လိုက်သည်။

Your Thoughts …
Tags: ကျောင်းသားငယ်တဦး ရိုက်နှက် ခံရမှု
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

No Content Available
Next Post
နေပြည်တော် မြို့ဝင် ဆိုင်းဘုတ် / ဧရာဝတီ

နေပြည်တော်တွင် သိမ်းဆည်းမြေဧက ၄၀၀ ကျော်အတွက် ကျပ်သန်း ၅၀၀ နစ်နာကြေးပေးမည်

မြို့တော် အမှိုက်သိမ်းစနစ်နှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဖို့ YCDC မှာ စိတ်ဆန္ဒ ပြင်းပြစွာ ရှိရဲ့လား / ဧရာဝတီ

အမှိုက်ပြဿနာ အဖြေရှာရာဝယ်

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate