သတင်း

မောင်တောတွင် ရဲတပ်ဖွဲ့ဝင်ချင်း လက်ပစ်ဗုံးဖြင့် ပစ်၍ တဦးသေ၊ တဦး ထိခိုက် ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှချောင်းဝ ရဲကင်းစခန်းတွင် တာဝန်ထမ်း ဆောင်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ချင်း စကားများကြရာမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်ပွား ခဲ့သည့်အတွက် တပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ပြီး တဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ဧပြီလ ၂၈ ရက်နေ့က အဆိုပါ သင်္ဘောလှချောင်းဝ ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ကျော်ဖြိုးသူနှင့် ရဲတပ်သား ပြည့်ဖြိုးမင်းတို့သည် သုံးစွဲရန် ရေမရှိ၍ တယောက်တခွန်း စကားများကြရာမှနေ ရဲတပ်သား ကျော်ဖြိုးသူသည် ၎င်းကို ထုတ်ပေးထားသည့် MG – 1 လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ ရဲတပ်သား ပြည့်ဖြိုးမင်းနှင့် အနီးတွင် အိပ်နေသည့် ရဲဒုတပ်ကြပ် မင်းမင်းဇော်တို့ အကြား ကျရောက် ပေါက်ကွဲခဲ့ကြောင်း မောင်တောဒေသတွင် တာဝန် ထမ်းဆောင် နေသော ရဲအရာရှိများထံမှ သိရသည်။

လက်ပစ်ဗုံး ပေါက်ကွဲခဲ့သည့်အတွက် ရဲတပ်သား ပြည့်ဖြိုးမင်းနှင့် ဒုတပ်ကြပ် မင်းမင်းဇော်တို့မှာ ဒဏ်ရာ အသီးသီး ရရှိခဲ့သည့်အတွက် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများက လာရောက်ပြီး ၎င်းတို့ နှစ်ဦးကို မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာ ရဲတပ်သား ပြည့်ဖြိုးမင်းမှာ ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ရဲဒုတပ်ကြပ် မင်းမင်းဇော်ကိုမူ ဘူသီးတောင်မြို့ရှိ အမှတ် (၆) တပ်မတော် ဆေးရုံသို့ ပို့ဆောင်ကာ ယင်းမှ တဆင့် စစ်တွေမြို့ တပ်မတော် ဆေးရုံသို့ သွားရောက်ကုသရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာများသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ် မေးမြန်ခဲ့ရာ ယင်းဖြစ်စဉ်ကို ကြားမိသော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပိုင် ဖြစ်သည့်အတွက် အသေးစိတ် မသိရှိကြောင်း မောင်တောမြို့မ စခန်းမှူး ဒုရဲမှူး လှဌေးက ပြောသည်။

ကျီးကန်းပြင်ဌာနချုပ် ရဲမှူးကြီး အောင်ဝင်းကမူ တပ်ဖွဲ့ဝင်အချင်းချင်း ဖြစ်သည့် ပြဿနာ ဖြစ်သည့် အတွက် ၎င်းအနေဖြင့် ပြောမပြချင်ကြောင်း၊ အထက်ဌာနများသို့ သတင်း ပို့ထားပြီး ဖြစ်ရာ အထက်ဌာနမှ သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “တပ်ဖွဲ့ချင်း ဖြစ်တာမို့ အဲဒီ ကိစ္စကို မပြောချင်ဘူူး။ ကျနော်တို့ အထက်ဌာနကို တင်ပြထား ပြီးပြီ သက်ဆိုင်ရာကပဲ ထုတ်ပြန်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လက်ပစ်ဗုံး ပစ်ခတ်ခဲ့သူ ရဲတပ်သား ကျော်ဖြိုးသူကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းအတိုင်း ကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ်တွင် ချုပ်နှောင် စစ်ဆေးလျက် ရှိကြောင်းလည်း သိရသည်။

ယခုနှစ် မတ်လ ၂၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာတွင် လမ်းကြောင်း လုံခြုရေး ဆောင်ရွက်သည့် ကိစ္စတခုနှင့်ပတ်သက်၍ တပ်ဖွဲ့ဝင် အချင်းချင်း အချေအတင် စကားများ ရန်ဖြစ်ကြရာမှ ရဲအုပ် တဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရဲဒုတပ်ကြပ် တဦး သေဆုံးသွားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading