• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထောင်ချခံရသော ဒုရဲမှူး မိုးရန်နိုင် လာမည့်ရုံးချိန်း တက်မှာလား

by ကျော်ခ
30 April 2018
in သတင်း
A A
ဧပြီလ ၂၀ ရက် တရားရုံးတွင် တွေ့ရသော ဒုရဲမှူး မိုးရန်နိုင် / Reuters

ဧပြီလ ၂၀ ရက် တရားရုံးတွင် တွေ့ရသော ဒုရဲမှူး မိုးရန်နိုင် / Reuters

13.6k
VIEWS
Share on FacebookShare on Twitter

ရိုက်တာ သတင်းထောက် ၂ ဦး၏ အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသော ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်း ဖောက်ဖျက်မှု နှင့် ဧပြီလ ၂၇ ရက်နေ့မှာ ရဲတရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ပြီး အင်းစိန်ထောင်ကို ပို့ထားကြောင်း ရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။

ရဲမှူးကြီး မျိုးသူစိုး က “ဟုတ်ပါတယ်။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ရဲတရားရုံးကနေပြီးတော့မှ ပြစ်ဒဏ်ချတာပါခင်ဗျ။ ပြစ်ဒဏ်ချပြီးတော့ ကျနော်တို့ အကျဉ်းဦးစီး (အင်းစိန်) ကိုလွှဲထားပြီးသွားပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
16
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
136
မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
103

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ကောင်စီ (နဝတ) အစိုးရလက်ထက် ၁၉၉၅ ခုနှစ် ဧပြီလက ထုတ်ပြန်ထားသော ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ အခန်း ၁၆ (ခ) နှင့် အခန်း ၂၂ တိုု့အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ရဲတရားရုံးက ထောင်ဒဏ် တနှစ် ချမှတ်နိုင်ကြောင်း သိရသည်။

ရိုက်တာသတင်းထောက် ၂ ဦးအား အမှုဆင် ဖမ်းဆီးကြောင်း ထွက်ဆိုသည့် ဧပြီလ ၂၀ ရက် နေ့မှာပင် ဒုရဲမှူး မိုးရန်နိုင်၏ တရားရုံးထွက်ချက် များသည် ရဲတပ်ဖွဲ့ထံ ထွက်ချက်များနှင့် ကွဲလွဲနေသည်ဟုဆိုကာ သက်သေခံဥပဒေပုဒ်မ ၁၅၅(၃) အရ မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာပေးရန် တရားလို ရှေ့နေများက လျှောက်ခဲ့ကြသည်။

တရားလိုဘက်မှ လျှောက်ထားမှုအပေါ် မေ ၂ ရက်နေ့ရုံးချိန်းတွင် မြောက်ပိုင်း ခရိုင်တရား ရုံးက ဆုံးဖြတ်ချက် အမိန့်ချမည်ဖြစ်သည်။

ဧပြီလ ၂၅ ရက်နေ့က ရုံးချိန်းတွင်လည်း ဒုရဲမှူး မိုးရန်နိုင်ကို ရုံးထုတ်ခဲ့ခြင်း မရှိဘဲ တရားသူကြီးက မေ ၂ ရက် ရုံးချိန်း တက်ရန် တောင်းဆိုထားသည်။ ထို့ကြောင့် ဧရာဝတီက အဆိုပါရုံးချိန်းကို ဒုရဲမှူး မိုးရန်နိုင် တက်ရောက်နိုင်ခြင်း ရှိမရှိ မေးမြန်းရာ ရဲမှူးကြီး မျိုးသူစိုးက မသိဟုသာ ဖြေဆိုသည်။

ရိုက်တာသတင်းထောက် ၂ ဦးအား ဖမ်းဆီးရန် အမှုဆင်ခိုင်းသူမှာ ရဲမှူးချုပ် တင်ကိုကို ဖြစ်ကြောင်း ဒုရဲမှူး မိုးရန်နိုင် က တရားရုံးတွင် ထွက်ဆိုခဲ့အပြီး လူမြင်ကွင်းမှ ပျောက်ကွယ်သွားကာ နောက်ဆက်တွဲအနေဖြင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့က ထောင်ဒဏ်ချလိုက်သည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရဲမှူးချုပ် တင်ကိုကို ကိုမူ ယခုအချိန်အထိ စစ်ဆေးအရေးယူခြင်း၊ ရာထူးရွေ့ပြောင်းခြင်း မရှိကြောင်း ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။

ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်းဖောက်ဖျက်မှုနှင့် ထောင်ချလိုက်ပြီဆိုသည့် သတင်းကို သတင်းမီဒီယာများ၏ ဖော်ထုတ် ရေးသားချက်များ အရ ကြားသိရသော်လည်း ထိုသို့ အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ မိသားစုကို အသိပေး၊ အကြောင်းကြားခြင်း၊ ဆက်သွယ်ခြင်း မရှိသလို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နောင်ထားခြင်းကိုပင် မသိရကြောင်း ဒုရဲမှူး မိုးရန်နိုင်၏ ညီဖြစ်သူ ဦးရဲဝင်းနိုင် က ပြောသည်။

ဦးရဲဝင်းနိုင် က “မနက်ကပဲ ဂျာနယ်ထဲမှာ သူ့ကို တနှစ်ချလိုက်ပြီဆိုတာ တွေ့တယ်ဗျ။ မိသားစုကိုတော့ အကြောင်းကြားတာ မရှိဘူးဗျ။ အခုတော့ ကျနော်တို့က သူနဲ့ တွေ့ချင်တာပါပဲ။ သွားတွေ့ဖို့လည်း ကြိုးစားနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ထို့အတူ ဒုရဲမှူး မိုးရန်နိုင်၏ မိသားစုလည်း ဇာတိမြို့ ခင်ဦးသို့ ပြန်သွားပြီဟု ဆိုသည်။

ဒုရဲမှူးမိုးရန်နိုင်သည် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းနှင့် အတူ ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်သော ကိုဝလုံး နှင့် ကိုကျော်စိုးဦး တို့ ၂ ဦးအဖမ်းခံခဲ့ရသော ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တပါတည်း အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ များဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

ဆက်စပ် ဖတ်ရှုရန် – ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်တဲ့သက်သေအဖြစ် ကြေညာသင့်မသင့် လာမည့်ရုံးချိန်းဆုံးဖြတ်မည်

ဒုရဲမှူး မိုးရန်နိုင် ဘယ်ရောက်နေသလဲ

Your Thoughts …
Tags: ဒုရဲမှူး မိုးရန်နိုင်
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

တရားရုံးတွင် တွေ့ရသော ဒုရဲမှူး မိုးရန်နိုင် / မျိုးမင်းစိုး / ဧရာဝတီ

ဒုရဲမှူး မိုးရန်နိုင် ဘယ်ရောက်နေသလဲ

by ထွန်းထွန်း
28 April 2018
15.6k

ဒုရဲမှူးမိုးရန်နိုင်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘယ်မှာချုပ်နှောင်ထားလဲဆိုတာ မိသားစုအပါအဝင် လူထုက သိရှိလိုကြပါတယ်။

သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဟု တရားလိုသက်သေက ထွက်ဆိုခဲ့သည် / Reuters

ရဲတပ်ဖွဲ့ အရှက်ရစရာ နေ့တနေ့

by ကျော်စွာမိုး
24 April 2018
30.5k

ယခုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အဓိက တာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေပင်။

ဒုရဲမှူး မိုးရန်နိုင် သောကြာနေ့ တရားခွင် ထုတ်လာစဉ် / Reuters

အင်းဒင်၊ ရိုက်တာ၊ မိုးရန်နိုင်နဲ့ ပြည်ထဲရေး

by ရဲထွဋ်
23 April 2018
21.1k

ရိုက်တာသတင်းထောက်တွေရဲ့ အမှုကိစ္စမှာ မဆိုင်တာတွေ ဆွဲထည့်ပြီး ဖြေရှင်းနေရင်တော့ အစိုးရ၊ ပြည်ထဲရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အားလုံးရဲ့ ပုံရိပ်ကို ထိခိုက်မှာပဲ။

ဧပြီလ ၂၀ ရက် ရုံးချိန်းတွင် မြင်တွေ့ခဲ့ရသော ဒုရဲမှူးဘဝဖြင့် ဦးမိုးရန်နိုင် / Reuters

ရဲတရားရုံး စစ်ဆေးမှု နည်းလမ်းမကျ ဟု ဦးမိုးရန်နိုင်က မိသားစုကို ပြော

by ထက်ခေါင်လင်း
4 May 2018
11.2k

ဦးမိုးရန်နိုင်သည် အင်းစိန်အကျဉ်းထောင် တိုက် ၁၁၊ အခန်း ၅ တွင် ရှိနေပြီး ဇနီးဖြစ်သူ ဒေါ်တူးတူး၊ ညီဖြစ်သူ ဦးရဲဝင့်နိုင်တို့ ထောင်ဝင်စာ မိနစ် ၃ဝ ခန့် တွေ့ခွင့်ရခဲ့သည်။

ဧပြီ ၂၀ တရားရုံးတွင် တွေ့ရသော ဒုရဲမှူး မိုးရန်နိုင်  / မျိုးမင်းစိုး / ဧရာဝတီ

ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်သည့်သက်သေအဖြစ် လျှောက်ထားမှု တရားရုံးပယ်ချ

by ထွန်းထွန်း
2 May 2018
16.5k

ဒုရဲမှူးမိုးရန်နိုင်အား မယုံကြည်ထိုက်သည့် သက်သေအဖြစ် ကြေညာပေးရန် တရာလိုရှေ့နေများ၏ လျှောက်ထားမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့မေ ၂ ရက်နေ့ရုံးချိန်းတွင် ပယ်ချလိုက်သည်။

ဒုရဲမှူး မိုးရန်နိုင် / ဧရာဝတီ

ဒုရဲမှူး မိုးရန်နိုင် လူ့အခွင့်အရေးမထိခိုက်စေဖို့ လူ့အခွင့်အရေးကော်မရှင်တောင်းဆို

by ထွန်းထွန်း
24 April 2018
6.9k

လက်ရှိအမှုအခြေအနေများတွင် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဒုရဲမှူးမိုးရန်နိုင်ထံသို့ သွားရောက်တွေ့ဆုံရန် အစီအစဉ်မရှိကြောင်းနှင့် ၎င်း၏ဇနီးဖြစ်သူ မတူးတူးနှင့် တွေ့ဆုံရန်လည် မှာလည်း စဉ်းစားသုံးသပ်ဆဲအခြေအနေသာ ရှိကြောင်း ဦးယုလွင်အောင်က ပြောသည်။

Next Post
Vanity Fair မှာ ပါဝင်ခဲ့တဲ့  Miley

မဂ္ဂဇင်းတခုမှာ ဖော်ပြခဲ့ဖူးတဲ့ အဝတ်ဗလာဓါတ်ပုံအတွက် တောင်းပန်မှာမဟုတ်ဘူးလို့ အဆိုတော် Miley Cyrus ပြောကြား

သမ္မတ ထရမ့်နှင့် ကင်ဂျုံအန်း / CBS News

လာမည့်လအတွင်း ကင်ဂျုံအန်းနှင့် တွေ့ဆုံမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပြော

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.6k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate