သတင်း

ကင်ဂျုံအန်းနှင့် တွေ့ဆုံမှု သမိုင်းဝင် ပန်မွန်ဂျုံရွာတွင် ပြုလုပ်ရန် သမ္မတဒေါ်နယ်ထရမ့် အကြံပြု

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံမည့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် နေရာ ကို ကိုရီးယား စစ်ပွဲ ကို စစ်ပြေငြိမ်းခဲ့သည့် ပန်မွန်ဂျုံရွာတွင် ကျင်းပရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့က အကြံပြုလိုက်သည်။

၁၉၅၀ခုနှစ်က ဖြစ်ပွားခဲ့သည့် ကိုရီးယား ကျွန်းဆွယ်စစ်ပွဲကို မြောက်ကိုရီးယားဘက်မှ တရုတ်တို့က ဝင် ရောက်ကူညီ တိုက်ခိုက်ပေးခဲ့ပြီး၊ ဆိုဗီယက်က အားပေးထောက်ခံခဲ့သလို၊ တောင်ကိုရီးယားဘက်မှ အမေရိကန် ဦးဆောင်သည့် ကုလသမဂ္ဂ တပ်များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ ၁၉၅၃ ခုနှစ် ဇူလိုင်လတွင် နှစ်ဘက်တပ်များ ပန်မွန်ဂျုံရွာတွင် စစ်ပြေငြိမ်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ၏ ဆိုရှယ်မီဒီယာ Twitter တွင် တိုင်းပြည်အများ အပြား ကိုတော့ ထိပ်သီး အစည်းအဝေးအတွက် စဉ်းစားနေကြောင်း၊ တတိယနိုင်ငံများထက် တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်ရှိ ပန်မွန်ဂျုံရွာမှ ငြိမ်းချမ်း ရေးအိမ်/လွတ်လပ်ရေး အဆောက်အဦး၌ ပြုလုပ်မည်ဆိုပါက ခိုင်မာတဲ့ သဘောထားကို ထင်ဟပ်စေကြောင်း ရေးသားထားသည်။

ပန်မွန်ဂျုံရွာက ငြိမ်းချမ်းရေး အိမ်တော်သည် စစ်မဲ့ဇုန်အတွင်းမှာ တည်ရှိပြီး၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း နှင့် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်တို့ ပြီးခဲ့တဲ့ သောကြာာနေ့က အဆိုပါ နေရာမှာ သမိုင်းဝင်တွေ့ဆုံဆွေးနွေး မှုကို ပြုလုပ်ခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးမှု လုပ်ပြီးနောက် မြောက်ကိုရီးယားဘက်က နျူကလီးယား စမ်းသပ်တဲ့ စခန်းကို ဖျက်ပေးမည်ဟု ကတိပြုသည့်အပြင် အမေရိကန် လက်နက် ကျွမ်းကျင်သူတွေ လာရောက်စစ်ဆေးဖို့ ကိုလည်း ဖိတ်ခေါ်လိုက်သလို ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကိုလည်း သဘောတူခဲ့သည်။

CBS သတင်းဌာန၏ ခန့်မှန်းမှုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ ထိပ်သီး ဆွေးနွေးပွဲကို အာရှနိုင်ငံများဖြစ်သည့် မွန်ဂိုလီးယားနှင့် စင်ကာပူတွင် ပြုလုပ်နိုင်ကြောင်း ဖော်ပြခဲ့ပြီး၊ ထိုင်းနိုင်ငံက လည်း အိမ်ရှင်အဖြစ် လက်ခံပေးလိုကြောင်း ပြောဆိုမှုများရှိခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန် လင့်ခ် – လာမည့်လအတွင်း ကင်ဂျုံအန်းနှင့် တွေ့ဆုံမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading