ရန်ကုန်-မန္တလေး အမြန်လမ်း တလေ ျှာက် ဧပြီလအတွင်း သတ်မှတ် အရှိန်နှုန်းထက် ကျော်ပြီး မောင်း နှင်သည့် ယာဉ်အစီးရေ ၁၈၀၀ ကျော် ဖမ်းဆီးရမိကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူရုံးမှ သိရသည်။
အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် တင်မောင်ရွှေက “သတ်မှတ်ထားတဲ့ မိုင်ကျော်ပြီး မောင်းလို့ ဖမ်းတာ ဒီလအတွင်းမှာ ၁၈၄၂ မှုရှိပါတယ်။ အရင်လတွေထက် တဖြေးဖြေးတော့ လျော့လာပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
အမြန်လမ်းတလေ ျှာက်တွင် မောင်းနှင်သည့် ယာဉ်များ မောင်းနှင်ရန် အတွက် ယာဉ်အမျိုး အစား အလိုက် ကီလိုမီတာ သတ်မှတ်ပေးထားကြောင်း၊ Light Truck နှင့် Hijet ယာဉ်များမှာ တနာရီကို ကီလို ၆၀ နှုန်း၊ အိမ်စီးကားများမှာ ကီလို ၁၀၀ နှုန်းနှင့် ခရီးသည်တင်ယာဉ် (Express) ယာဉ်များမှာ ၁ နာရီလျှင် ကီလို ၉၀ နှုန်း သတ်မှတ်ပေးထားကြောင်း ရဲအုပ် တင်မောင်ရွှေက ပြောသည်။
အများဆုံး ဖမ်းဆီးရမိသည့် ယာဉ်များမှာ Light truck နှင့် Hijet ယာဉ်များဖြစ်ပြီး သတ်မှတ် ကီလိုမီတာထက် ကျော်မောင်းသည့် ယာဉ်များက သက်ဆိုင်ရာ တရားရုံးများ တွင် ဒဏ်ငွေကျပ် ၅ သောင်း ပေးဆောင် ရကြောင်း ၎င်းက ဆိုသည်။
“ဖမ်းမိတဲ့ယာဉ်တွေ မောင်းပြေးတာတော့ မရှိဘူး။ ဖမ်းတဲ့ တချို့ တွေက မသိလို့ အရှိန်ကျော်ပြီး မောင်းလာတယ်ပြောတယ်။ Viber ထဲက ပုံပြပြီးတော့ တိုးဂိတ်မှာ စောင့်ဖမ်းရတာ” ဟု ရဲအုပ်တင် မောင်ရွှေက ဆိုသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်း အရှိန်လွန် မောင်းနှင်မှုကြောင့် ဖမ်းဆီးရရှိသည့် ယာဉ်အစီးရေ ၂၃၃၄ စီး၊ ဖေဖော်ဝါရီလတွင် ၂၆၂၉ စီး၊ မတ်လအတွင်း ၁၉၁၂ စီး နှင့် ဧပြီလအတွင်း ၁၈၄၂ စီး ဖမ်းဆီး ရရှိသဖြင့် ၄ လအတွင်း ဖမ်းဆီးရရှိသည့် ယာဉ်အစီးရေ ၈၇၁၇ စီး ဖမ်းဆီးရရှိထားသည်ဟု သိရသည်။
ဖမ်းဆီးသည့်နေရာများမှာ အမြန်လမ်းတိုးဂိတ်များ ဖြစ်သည့် ရန်ကုန် အမှတ် ၃ လမ်းဆုံ၊ ဖြူး၊ နေပြည် တော်၊မိတ္ထိလာမြို့ရှိ သီးကုန်း၊ မန္တလေးမြို့ စကားအင်း မြို့နယ်မှ စကားအင်းတိုးဂိတ် စသည့် ၅ နေရာ တွင် ဖမ်းဆီး စစ်ဆေးလျှက်ရှိသည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးအရှည်မှာ မိုင် ၄ ရာ ရှိပြီး နေ့စဉ် ယာဉ်အစီးရေ ၂ သောင်း ကျော် ဖြတ်သန်း မောင်းနှင်လျှက်ရှိပြီး ယာဉ်တိုက်မှုအားဖြင့် တရက်လျှင် ပျှမ်းမျှအားဖြင့် ၇ မှုခန့် ဖြစ်ပွားနေ ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ရုံးမှ သိရသည်။