• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝေဖန်မှုများကို ကျော်ဖြတ်၍ Leeds United မြန်မာနိုင်ငံကို ရောက်လာမည်

by ကျော်ခ
4 May 2018
in သတင်း
A A
အင်္ဂလန်ချန်ပီယံရှစ်တွင် ကစားနေသော လိဒ်ယူနိုက်တက်အသင်း  / Leeds United

အင်္ဂလန်ချန်ပီယံရှစ်တွင် ကစားနေသော လိဒ်ယူနိုက်တက်အသင်း / Leeds United

8.8k
VIEWS
Share on FacebookShare on Twitter

အင်္ဂလန်နိုင်ငံ၏ ချန်ပီယံရှစ် အသင်းတသင်းဖြစ်သော လိဒ်ယူနိုက်တက် (Leeds United) ဘောလုံးအသင်းသည် ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ဟန့်တားလိုသည့် ဝေဖန်မှုများရှိနေသော်လည်း မူလကစီစဉ်ထားသည့် အတိုင်း အရောက်လာ၍ ကစားရန် ဆုံးဖြတ်လိုက်သည်။

လိဒ်ယူနိုက်တက် အသင်းသည် မြန်မာနိုင်ငံ၌ မေလ ဒုတိယအပတ်တွင် ဧရာဝတီဘဏ်မှ စီစဉ်ပံ့ပိုးမှုဖြင့် ကျင်းပမည့် AYA Bank Tour 2018 ပွဲတွင် Myanmar National League All Star ဘောလုံး အသင်း၊ မြန်မာ လက်ရွေးစင် ဘောလုံး အသင်းတို့နှင့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ချစ်ကြည်ရေးပွဲများ ကစားသွားရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

RelatedPosts

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
2
မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
93
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
131

အစီအစဉ်အရ ရန်ကုန်မြို့ရှိ သုဝဏ္ဏ ဘောလုံးကွင်းတွင် Myanmar National League All Stars အသင်းနှင့် မေလ ၉ ရက် နေ့ ညနေ ၆ နာရီတွင် ကစားမည် ဖြစ်ပြီး မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်းတွင် မြန်မာ့ လက်ရွေးစင်အသင်းနှင့် မေလ ၁၁ ရက် နေ့ညနေ ၆ နာရီတွင် ကစားမည် ဖြစ်သည်။

သို့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် မြန်မာနိုင်ငံကို သွားရောက် မကစားသင့်ဟုဆိုကာ ဗြိတိန် လွှတ်တော်အမတ်များ၊ အသင်းပရိတ်သတ်များနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) အဖွဲ့တို့က လိဒ်ယူနိုက်တက်၏ ခရီးစဉ်အပေါ် ဝေဖန်ခဲ့ကြပြီး ခရီးစဉ်ကို ဖျက်ပစ်ရန်အထိ တောင်းဆိုမှုများ ရှိခဲ့သည်။

ထိုသို့ တောင်းဆိုသူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့် မြန်မာ့ဘောလုံး လောက တိုးတက်ဖွံ့ဖြိုးမှု အားနည်းနေသည့် အခြေအနေအပေါ်တွင် အခြေအနေအမှန်ကို နားလည်ရန်လိုအပ်သလို နိုင်ငံရေး အတွက်ဘောလုံး အားကစားကို ခွဲခြားနားလည်ရန် မြန်မာ့လက်ရွေးစင်ဟောင်းများက တိုက်တွန်းသည်။

မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းကြီး တဦးဖြစ်သည့် ဦးတင်အောင် (ဂိုး) က “နိုင်ငံရေးနဲ့ အားကစားနဲ့ ဆက်စပ် နေရင်တော့ ရှုတ်ထွေးနေမှာပဲ။ အားကစားရှုဒေါင့်က ကြည့်ရင်တော့ ဒါဟာ နိုင်ငံရေးနဲ့ လုံးဝ မပတ်သက်ပါဘူး။ ကျနော်တို့က အားကစားသမားတွေလေ။ ဒီဖြစ်စဉ်တွေပေါ်မှာ မူတည်ပြီးတော့ နိုင်ငံရေးထဲကို ဆွဲဆွဲထည့်သွားရင်တော့ ဘယ်တော့မှ ပြတ်တောက်မှာမဟုတ်ဘူး။ အားကစားလည်း လုပ်လို့ရတော့မှာ မဟုတ်ပါဘူးဗျာ” ဟု ပြောသည်။

မြန်မာ့လက်ရွေးစင်ဟောင်းလည်းဖြစ် လက်ရှိ မြန်မာ့လက်ရွေးစင် ယူ ၁၉ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကလည်း ဘောလုံး အားကစားကို နိုင်ငံရေးနဲ့ ဆက်နွယ် အသုံးမချရန်နှင့် မြန်မာ့ဘောလုံး အားကစားလောက တိုးတက်ဖွံ့ဖြိုးရေး အတွက် စိတ်ရင်း စေတနာမှန်ဖြင့် ကူညီကြရန်လိုအပ်ကြောင်း ထောက်ပြသည်။

အင်္ဂလန်ချန်ပီယံရှစ်တွင် ကစားနေသော လိဒ်ယူနိုက်တက်အသင်း (ဓာတ်ပုံ – Leeds United)

ဦးမျိုးလှိုင်ဝင်း က “ဘောလုံးအားကစားဟာ နိုင်ငံရေးနဲ့ မပတ်သက်ဘူး။ အခုကျနော်တို့တိုင်းပြည်က အကုန်လုံး Open ဖြစ်လာတဲ့ အချိန်ပါ။ အရင်က အင်္ဂလန် အသင်းကြီးတွေ ဒီလိုမျိုးလာကစားဖို့ဆိုတာ မလွယ်ဘူး” ဟု ဆိုသည်။

လိဒ်ယူနိုက်တက်၏ မြန်မာပြည် ခရီးစဉ်ကို ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခနှင့် ဆက်စပ်ပြီး ဟန့်တားရန် ကြိုးပမ်းနေကြသည့် အဖွဲ့များ၏ လုပ်ရပ် အပေါ်မြန်မာ အားကစားပရိသတ်များက လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာပေါ်တွင် တန်ပြန် ဝေဖန်မှုများရှိနေသည်။

ထိုကဲ့သို့ ဟန့်တားလိုသော အဖွဲ့အစည်းများအနေဖြင့် အခက်အခဲများကြားမှ ရုန်းထနေရသည့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ အပေါ်တွင် ကူညီရာ မရောက်ဘဲ ၎င်းတို့၏ လှုပ်ရှားမှုများ အောင်မြင်ရန်သာ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း မြန်မာ ဘောလုံး ပရိသတ်များက ပြောဆိုနေကြသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ ဥက္ကဋ္ဌ ဦးဇော်ဇော် ကတော့ လိဒ်ယူနိုက်တက်၏ မြန်မာပြည်ခရီးစဉ်သည် မြန်မာ့ ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက် အကူတခု ဖြစ်စေနိုင်သလို မြန်မာအသင်းအနေဖြင့် ကိုယ့်ထက်ကောင်းသော အသင်းများနှင့် ခြေစမ်းရာမှာ အတွေ့အကြုံပိုင်းရော၊ ခြေစွမ်းပိုင်းပါ တိုးတက် လာနိုင်ကြောင်း မကြာသေးခင်က ပြုလုပ်သော အပျော်တမ်း ဘောလုံးပြိုင်ပွဲ မဲခွဲပွဲ အခမ်းအနားတခုတွင် သတင်းမီဒီယာများကို ရှင်းပြသည်။

မြန်မာနိုင်ငံသားများသည် ဘောလုံးအားကစားကို ချစ်မြတ်နိုးစွာအားပေးခဲ့ကြသလို ၎င်းအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း ဘောလုံးအားကစားကို အရောင်မဆိုးဘဲ အားကစားဟုသာ မြင်ပေးကြရန် ဦးဇော်ဇော် က ထပ်လောင်း တိုက်တွန်း သွားသည်။

ဦးဇော်ဇော် က “ဘောလုံးကို ဘောလုံးလို့ပဲ ကျနော်တို့က မြင်ပါတယ်။ အဓိကကတော့ ဘောလုံးအားကစားနည်းက ကမ္ဘာမှာ ပိုပြီးတော့ ရင်းနှီးမှု၊ နွေးထွေးမှု၊ ချစ်ခင်မှု နောက်ပြီးတော့ ဘောလုံး အပေါ်မှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး စွက်ဖက်မှု မရှိဘဲနဲ့ ပိုပြီးတော့ စည်းရုံးသွားတဲ့ ဟာမျိုးကိုဘဲ ကျနော်တို့က မြင်ချင်တာပါ။ ဒါကြောင့်မို့ ကျနော်တို့က ဘောလုံး အားကစား ပေါ်မှာ အခြေခံပြီးတော့ ပိုပြီးတော့ စုစည်းမှု၊ ညီညွှတ်မှု၊ စည်းရုံးမှုကို ကျနော်တို့က ရစေချင်တယ်။ ဒါကိုပဲ အဓိက ထားတယ်” ဟု ပြောသည်။

အင်္ဂလန်ချန်ပီယံရှစ်တွင် ကစားနေသော လိဒ်ယူနိုက်တက်အသင်း (ဓာတ်ပုံ – Leeds United)

လိဒ်ယူနိုက်တက်အသင်း ပါဝင်မယ့် AYA Bank Tour 2018 ပွဲစဉ် စီစဉ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)၊ လိဒ်ယူနိုက်တက်မှ တာဝန်ရှိသူများ၊ ဧရာဝတီဘဏ်မှ တာဝန်ရှိသူများက ဧပြီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ တွင် ရှင်းလင်းခဲ့ကြသည်။

ယင်းရှင်းလင်းချက်တွင် မြန်မာဘောလုံး အသင်းအနေဖြင့် “နိုင်ငံတကာ အသင်းများ၊ ဥရောပ ကလပ်အသင်းများနှင့် ထိတွေ့ ကျွမ်းဝင်းခြင်းဖြင့် နိုင်ငံတကာ အတွေ့အကြုံများ ရရှိစေရန်၊ တစ်ဦးချင်း ယုံကြည်မှုနှင့် စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်” ကြောင်း ထောက်ပြသွားသည်။

MFF ၏ ထုတ်ပြန်ချက်အရ လိဒ်ယူနိုက်တက်အသင်းနှင့် ကစားမည့် MNL ညွှန်ပေါင်း အသင်းတွင် လက်ရွေးစင်ဖြစ်ရန် အလား အလာရှိသော ကစားသမားများ ပါဝင်လည်မည်ဖြစ်သလို လက်ရွေးစင်ဟောင်းများလည်း ပါဝင်လာမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားသား ကစားသမား အချို့လည်း ပါဝင်လည်မည်ဖြစ်သည်။

ဦးမျိုးလှိုင်ဝင်း က “လိဒ်ယူနိုက်တက်အသင်းက လာကန်တဲ့ ဥစ္စာကိုလည်း ကျနော်တို့က ဟိုးအရင်ကတည်းက စောင့်မျှော်တယ်။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံ၊ သူတို့လည်း ဒါမျိုး တခါမှ မပံ့ပိုးရသေးတဲ့ နိုင်ငံကို လာပံ့ပိုးတယ်။ ကျနော်တို့ကလည်း သူတို့ရဲ့ တိုးတက်နေတဲ့ နည်းစနစ်ပိုင်းတွေကို ရမယ်ဆိုတော့ နှစ်ဦး နှစ်ဘက်
အကျိုးရှိတယ်” ဟု ဆိုသည်။

အားကစားကဏ္ဍကို လူ့အခွင့်အရေးနှင့် နိုင်ငံရေးသမားတို့၏ ဝင်ရောက်စွက်ဖက်ဝေဖန် မှုများနှင့် ပတ်သက်၍ လိဒ် ယူနိုက်တက် ပိုင်ရှင် အန်ဒရေ ရာဒရဇ် ဇာနီက အသင်း၏ ပရိတ်သတ်ကို အိတ်ဖွင့်ပေးစာတစောင် ရေး၍ အသိပေးရာတွင် သူ့အနေဖြင့် မြန်မာနိုင်ငံသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ဖူးကြောင်း၊ မြန်မာပြည်ဟာ သူ့ရဲ့ နှလုံးသားမှာ ထင်ကျန် နေကြောင်း ဆိုသည်။

ထို့အပြင် ၎င်း၏ အသင်းအနေဖြင့် မြန်မာနိုင်ငံကို အခကြေးငွေယူပြီး သွားရောက်ကစားခြင်း မဟုတ်ကြောင်း၊ ဝေဖန်မှုများ ရှိလာမည်ကို ကြိုသိသော်လည်း ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရန်ဖြစ်သလို လျင်မြန်စွာတိုးတက်နေသော အရှေ့တောင်အာရှ နိုင်ငံများ အကြားတွင် လိဒ်ယူနိုက်တက်ကို ပိုမို၍ လူသိများစေရန် မိတ်ဆက်ခြင်းလည်း ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

လိဒ်ယူနိုက်တက် အသင်း အနေဖြင့် မြန်မာပြည်ခရီးစဉ်ကို လာရောက်ရန် ဆုံးဖြတ်ပြီးဖြစ်သလို မြန်မာနိုင်ငံတွင်လည်း လိဒ်ယူနိုက်တက် အသင်းနှင့် ကစားမည့် ပွဲစဉ် ၂ ခုလုံး အတွက် မေလ ၃ ရက်နေ့နှင့် ၅ ရက်နေ့မှ စတင်ကာ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စတင်ရောင်းချပေးနေပြီဖြစ်သည်။

Myanmar National League All Stars အသင်းနှင့် ကစားမည့်ပွဲစဉ်အတွက် ဝင်ကြေး ရိုးရိုးတန်း ကျပ် ၂၀၀၀၊ ၃၀၀၀ ကျပ်နှင့် အထူးတန်း ကျပ် ၄၀၀၀ နှုန်းဖြင့် ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ် ခွဲများ၊ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနှင့် ပဒုမ္မာကွင်းတို့တွင် ရောင်းချပေးနေလျှက် ရှိသည်။

ထို့အတူ မန္တလေးမြို့ မန္တလာသီရိ ကွင်းကြီးတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကစားမည့် ပွဲစဉ်အတွက် ကြိုတင် လက်မှတ်များကို မေလ ၅ ရက်နေ့မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ဧရာဝတီဘဏ်ခွဲများနှင့် မြန်မာဘောလုံး အကယ်ဒမီတို့တွင် ရိုးရိုးတန်းအတွက် ကျပ် ၂၀၀၀၊ အထူးတန်းအတွက် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း MFF က သတင်း ထုတ်ပြန် ထားသည်။

လိဒ်ယူနိုက်တက် အသင်းသည် တချိန်က အင်္ဂလန် ပရီးမီးယားလိဂ်တွင် မန်ချက်စတာယူနိုက်တက်၊ အာစင်နယ်နှင့် လီဗာပူး ကဲ့သို့သော အသင်းကြီးများကို ဒုက္ခပေးလေ့ရှိသော အသင်း တသင်းအဖြစ် မြန်မာ ပရိတ်သတ်များအကြား ရင်းနှီးခဲ့ပြီး MFF ၏ သတင်းထုတ်ပြန်ချက်အရ AYA Bank Tour 2018 ပွဲတွင်လည်း အင်္ဂလန် ချန်ပီယံရှစ်ပွဲတွင် ပါဝင်ကစားနေသည့် အဓိက ကစားသမား အချို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

လိဒ်ယူနိုက်တက် အသင်းသည် အသင်းပေါင်း ၂၄ သင်းနှင့် ယှဉ်ပြိုင်နေသည့် အင်္ဂလန် ချန်ပီယံရှစ်တွင် ယှဉ်ပြိုင်ကစား နေလျှက် ရှိပြီး လက်ရှိအချိန်အထိ ၄၅ ပွဲကစားထားပြီး ၅၇ မှတ်ဖြင့် အဆင့် ၁၄ တွင် ရပ်တည်နေလျှက်ရှိသည်။ လက်ကျန် ပွဲစဉ်အဖြစ် မေလ ၆ ရက်နေ့တွင် QPR အသင်းနှင့် ကစားအပြီး မေလ ၇ ရက်နေ့တွင် မန်ချက်စတာမြို့မှ တဆင့် မြန်မာနိုင်ငံသို့ ထွက်ခွာလာမည် ဖြစ်ကြောင်းသိရသည်။

Your Thoughts …
Tags: ကျော်ခ
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ထရမ့်နှင့် ကင်ဂျုံအွန် ထိပ်သီးဆွေးနွေးပွဲ ဘယ်မှာ ဘယ်တော့ဖြစ်မလဲ / Reuters

ကမ္ဘာတဝှမ်းက စောင့်ကြည့်နေတဲ့ ထရမ့်နှင့် ကင်ဂျုံအွန် ထိပ်သီးဆွေးနွေးပွဲ

ရန်ကုန် ဘူတာကြီးအဝင် ရထားလမ်းပိုင်း ပြုပြင်မှု ပြုလုပ်နေစဉ်  / ဧရာဝတီ

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်ခြင်းများ ပြလုပ်မည်

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.5k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate