• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရဲတရားရုံး စစ်ဆေးမှု နည်းလမ်းမကျ ဟု ဦးမိုးရန်နိုင်က မိသားစုကို ပြော

by ထက်ခေါင်လင်း
4 May 2018
in သတင်း
A A
ဧပြီလ ၂၀ ရက် ရုံးချိန်းတွင် မြင်တွေ့ခဲ့ရသော ဒုရဲမှူးဘဝဖြင့် ဦးမိုးရန်နိုင် / Reuters

ဧပြီလ ၂၀ ရက် ရုံးချိန်းတွင် မြင်တွေ့ခဲ့ရသော ဒုရဲမှူးဘဝဖြင့် ဦးမိုးရန်နိုင် / Reuters

11.2k
VIEWS
Share on FacebookShare on Twitter

ရိုက်တာသတင်းထောက်များ ထောင်ချောက်ဆင် ဖမ်းဆီးခံခဲ့ရသည်ဟု တရားခွင်တွင် ထွက်ဆိုခဲ့ခြင်းမှာ အရေးယူခံရမည်ကို သိလျက်နှင့် ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက်ပိုင်း ရဲတရားရုံးတွင် လုုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှု မရှိဘဲ စစ်ဆေး စီရင်ခံခဲ့ရကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က အင်းစိန်ထောင်တွင် မိသားစုဝင်များနှင့် မေ ၃ ရက်နေ့တွင် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

မေလ ၃ ရက် နံနက် ၈ နာရီခန့်တွင် ဇနီးဖြစ်သူ ဒေါ်တူးတူး၊ ညီဖြစ်သူ ဦးရဲဝင့်နိုင်တို့ နှစ်ဦး ထောင်ဝင်စာ မိနစ် ၃ဝ ခန့် တွေ့ခွင့်ရခဲ့ကြောင်း၊ ဦးမိုးရန်နိုင်သည် အင်းစိန်အကျဉ်းထောင် တိုက် ၁၁၊ အခန်း ၅ တွင် နေထိုင်ရကြောင်း၊ ကျမ်းမာရေး ကောင်းမွန်ပြီး၊ ဖမ်းဆီးခံခဲ့ရသည့်ကာလအတွင်း ညှဉ်းပမ်းနှိပ်စက်မှု မခံခဲ့ရကြောင်း ဇနီးဖြစ်သူက Myanmar Now ကို ပြောကြားသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
94
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
70
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
231

ငါ ဒီလိုထွက်ဆိုရင် သူတို့ ကတော့ ထောင်ချရင်လည်း ချတော့မှာပဲ၊ ပြစ်မှု တခုခုကတော့ လုပ်တော့မှာပဲဆိုတာ ငါစဉ်းစားမိတယ် ဟု ခင်ပွန်းသည်က ရှင်းပြကြောင်း ဒေါ်တူးတူးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ၎င်းကို ရဲတရားရုံးတွင် စီရင်စစ်ဆေးစဉ် လုပ်ထုံးလုပ်နည်းအရ ၎င်းထက် ရာထူးကြီးသူက စစ်ဆေးရမည် ဖြစ်သော်လည်း ၎င်းထက် ရာထူးငယ်သောအရာရှိများက စစ်ဆေးစီရင်ခဲ့ကြောင်း၊ ခုခံချေပပေးမည့် သက်သေ တယောက်မျှ မပါဘဲ ၎င်းတယောက်တည်း ရင်ဆိုင်ခဲ့ရကြောင်း ထောင်ဝင်စာတွင် ပြန်ပြောပြခဲ့သည်ဟု ဆိုသည်။

“အမှန်က သူ့ထက်ကြီးတဲ့အရာရှိ အနည်းဆုံး တယောက်တော့ ပါရမှာ။ အဲ့ဒီအတွက် သူ့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ ကိစ္စကို ဥပဒေကြောင်းအရ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီ စာချွန်တော် တက်ဖို့ မှာတယ်” ဟု ဒေါ်တူးတူးက ဆိုသည်။

ဦးမိုးရန်နိုင်၏ ထောင်ဒဏ် တနှစ် ချမှတ်မှုတွင်လည်း အချုပ်ခံထားရသည့် ရက်ပေါင်း ၁၂ဝ ကျော် ချုပ်ရက်များကို ရဲတရားရုံးက ထုတ်နုတ်ခံစားခွင့်မပေးဟု ဆိုသည်။

ရှေ့နေငှားရမ်း

ထောင်ဒဏ်ချမှတ်ခံရမှုတွင် ဥပဒေကြောင်းအရ ပြန်လည်အရေးဆိုရန် မိသားစုက ရန်ကုန်မှ ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဆက်သွယ် အကူအညီတောင်းထားသည်။

တရားစီရင်ရေး မျှတမှုမရှိဟု ယူဆသူသည် အထက်အဆင့်ဆင့်ကို ပြန်လည်တင်ပြနိုင်ရန် အခြေအနေမရှိပါက နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ပြည်တော်စုတရားလွှတ်တော်ချုပ်သို့ ဆက်သွယ်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းတခု ရှိသည်ဟု ရှေ့နေက ရှင်းပြသည်။

ရဲတရားရုံးတွင် အယူခံပိုင်ခွင့်နှင့်ပတ်သက်သည့် အချက်အလက်များ ပေါ်လွင်မှု မရှိခြင်း၊ အရပ်ဘက်တရားရုံးများက ဆောင်ရွက်ပိုင်ခွင့်မရှိခြင်းတို့ကြောင့် စာချွန်တော်လွှာ လျှောက်ထားသည့် နည်းလမ်းဖြင့် ဆောင်ရွက်မည်ဟု ရှေ့နေက ပြောသည်။

ဦးမိုးရန်နိုင်ကို မည်သို့ စီရင်ချက် ချသည် ဆိုသည့် အမိန့်စာ မရရှိသေးကြောင်း၊ မည်သူက ချမှတ်သည်ကိုလည်း မသိရသေးကြောင်း၊ မေ ၉ ရက်နေ့ကစပြီး စာချွန်တော်လွှာ လျှောက်ထားခြင်း လုပ်ငန်းစဉ်ကို စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်း(လပွတ္တာ)ကလည်း လိုက်ပါ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။

မေ ၃ ရက်နေ့က ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို ထောင်ဝင်စာ တွေ့ခဲ့သည့် မိသားစုဝင်များကို မြန်မာနောင်း သတင်းဌာန ရုံးခန်းတွင်တွေ.ရစဉ်/ ထက်ခေါင်လင်း/ Myanmar Now

အထိန်းသိမ်းခံ တပ်ကြပ်ကြီး

ဦးမိုးရန်နိုင်သည် ဧပြီလ ၂ဝ ရက်နေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသော ရိုက်တာသတင်းထောက်နှစ်ဦးအမှု ကြားနာရာတွင် ကြယ်သုံးပွင့်တပ် ရဲအရာရှိဝတ်စုံဝတ်လျက် တရားခွင်တွင် တရားလိုသက်သေအဖြစ် ထွက်ဆိုခဲ့သည်။

၎င်း၏ထွက်ဆိုချက်အရ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အား ရဲမှူးချုပ် တင်ကိုကိုဆိုသူက စာရွက်စာတမ်းအချို့ဖြင့် အကွက်ဆင် ထောင်ဖမ်းခဲ့ကြောင်း၊ ထိုကဲ့သို့ ထောင်ဖမ်းသည့်နေ့ ၂ဝ၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့တွင်ပင် ၎င်းလည်း ဖမ်းဆီးချုပ်နှောင်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။

ထို့ပြင် ၎င်းသည် ကိုဝလုံးနှင့် ၂ဝ၁၇ နိုဝင်ဘာ ၂၂ ရက်နေ့ကတွေ့ဆုံစဉ် ကိုဝလုံးမေးမြန်းသည့်အတွက် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်အချို့ကို ဖြေကြားခဲ့ကြောင်း၊ ထိုတွေ့ဆုံမှုတွင် ကိုဝလုံးက ၎င်းထံမှ မည်သည့်စာရွက်စာတမ်းမှ မတောင်းခံသကဲ့သို့ ၎င်းကလည်း မည်သည့်စာရွက်စာတမ်းကိုမျှ ပေးအပ်ခဲ့ခြင်းမရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။

သတင်းထောက် ၂ ဦးသည် မောင်တောခရိုင် အင်းဒင်ကျေးရွာတွင် တပ်မတော်သားများက မွတ်စလင် ၁ဝ ဦးကို လက်နောက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အကြောင်း သတင်းရေးသား ဖော်ထုတ်ခဲ့ကြသူများဖြစ်သည်။

ထိုသတင်းအတွက် အချက်အလက်များ စုဆောင်းစဉ် မောင်တောမှ တာဝန်ကျပြီး ရန်ကုန်သို့ ပြန်လည်ရောက်ရှိနေသော အမှတ် ၈ ရဲတပ်ရင်းမှ ဦးမိုးရန်နိုင်အပါအဝင် ရဲဝန်ထမ်းအချို့ကို ယမန်နှစ်နှောင်းပိုင်းက တွေ့ဆုံမေးမြန်းခဲ့သည်။

ထိုကဲ့သို့ တွေ့ဆုံခဲ့သည့် ရဲဝန်ထမ်းများအနက် ဦးမိုးရန်နိုင်နှင့် တပ်ကြပ်ကြီးခင်မောင်လင်းတို့ကို ရဲတပ်ဖွဲ့က ရဲစည်းကမ်းဥပဒေဖောက်ဖျက်မှုဖြင့် အချုပ်ချ အရေးယူခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၂ဝ ရက်နေ့ တရားခွင်တွင် ထွက်ဆိုုပြီးနောက် ၎င်းအား မူလချုပ်နှောင်ထားသော အမှတ် ၈ ရဲတပ်ရင်းမှ အမှတ် ၆ ရဲတပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ဖြစ်စဉ်တွင် ၎င်းနှင့်အတူဖမ်းဆီးခံရပြီး အတူတူ ချုပ်နှောင်ခံခဲ့ရသူ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကိုမူ အခြားတနေရာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဦးမိုးရန်နိုင်က ဇနီးဖြစ်သူကို ထောင်ဝင်စာတွင် ပြောဆိုခဲ့သည်။

တပ်ကြပ်ကြီး ခင်မောင်လင်းကို မည်သည့်နေရာတွင် ချုပ်ထားသည်ဆိုသည်ကို သတင်းမကြားရသည့်အတွက် စိတ်ပူမိကြောင်း၊ အဆိုပါ တပ်ကြပ်ကြီးသည် လူလွတ်တဦးဖြစ်သည့်အပြင် မိခင်ကလည်း အသက်ကြီးနေသည့်အတွက် မိသားစုနှင့်ပါ အဆက်အသွယ် ပြတ်တောက်နေနိုင်ကြောင်း ဦးမိုးရန်နိုင်က ထောင်ဝင်စာတွင် ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ငါတရားရုံးမှာ ထွက်ဆိုခဲ့တာတွေဘက်ကို တပ်ကြပ်ကြီးက လိုက်ပြောရဖို့ မဟုတ်ဘူး။ သူသာ တရားရုံးမှာ သက်သေထွက်ခဲ့မယ်ဆို သူပြောချင်တာပြော၊ အဲ့ဒါ သူ့သမိုင်းပဲ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဘက်တယောက်လည်းဖြစ်၊ အမေအိုကြီးက နယ်အဝေးမှာ နေသူလည်းဖြစ်တဲ့အတွက် ငါခံစားရသလို သူလည်း ခံစားနေရမယ်ဆိုတဲ့ လူသားချင်း စာနာတဲ့စိတ်နဲ့ စိတ်ပူတာလို့ သူက ပြောတယ်” ဟု ဇနီးဖြစ်သူက ပြောကြားသည်။

အမှု စစ်ဆေးဆဲ

တပ်ကြပ်ကြီး ခင်မောင်လင်းကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။

ရဲတရားရုံး၏ စစ်ဆေးမှု မပြီးပြတ်သေးသည့်အတွက်ကြောင့် ရဲတပ်ရင်းတခုတွင် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိန်းသိမ်း ချုပ်နှောင်ထားသည့်နေရာကို မသိရပေ။

ရဲတရားရုံး စစ်ဆေးမှုများတွင် မိသားစု ဝင်ရောက်ခွင့် မရှိသော်လည်း ကျန်သည့်အချိန်များတွင် လာရောက်တွေ့ဆုံနိုင်သည်ဟု သူက ဆိုသည်။

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် ရင်ဆိုင်ခဲ့ရသည့် တရားခွင် အခြေအနေကို မသိရှိကြောင်း၊ စီရင်ခံရသူထက် ရာထူးကြီးသူ ပါဝင်နိုင်ဖွယ် ရှိကြောင်း ရဲမှူးကြီးမျိုးသူစိုးက ပြောသည်။

ထောင်ဝင်စာ

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ထောင်ချောက်ဆင်ဖမ်းဆီးသည်ဟု အရပ်ဘက်တရားရုံးတွင် ထွက်ဆိုပြီးနောက် သူ့အား မယုံကြည်ရသော သက်သေအဖြစ်သတ်မှတ်ရန် အစိုးရရှေ့နေက လျှောက်ထားခဲ့သော်လည်း ထိုလျှောက်ထားချက်ကို တရားသူကြီးက မေလ ၂ ရက်နေ့ တရားခွင်တွင် ပယ်ချခဲ့ပြီး၊ မေလ ၉ ရက်နေ့တွင် ဦးမိုးရန်နိုင်ကို စစ်ဆေးနိုင်ရန် အကျဉ်းထောင်မှထုတ်လာရမည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

လပေါင်းများစွာ ထိန်းသိမ်းခံရစဉ် မိသားစုနှင့် တွေ့ဆုံခွင့် မရခဲ့ပေ။ ထောင် ၁ နှစ် ချမှတ်ခံရပြီးနောက်တွင်မူ မိသားစုသည် မေ ၂၊ ၃ ရက်နေ့တို့တွင် ထောင်ဝင်စာ တွေ့ခွင့်ရခဲ့ကြောင်း သိရသည်။

ဦးမိုးရန်နိုင်သည် လွန်ခဲ့သော နှစ် ၂ဝ ကျော်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ရှိ ကျေးရွာတရွာတွင် မူလတန်းကျောင်းအုပ်ဆရာဘဝကို စွန့်လွှတ်ပြီး ရဲတပ်ဖွဲ့တွင် ဒုရဲအုပ်အဖြစ် ဝင်ရောက် အမှုထမ်းခဲ့သူဖြစ်သည်။

(ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာနတွင် ဖော်ပြထားသော သတင်းကို ပြန်လည်ဖော်ပြပါသည်)

ဆက်စပ်ဖတ်ရှုရန် – သူရဲကောင်းဖြစ်လာသည့် ဒုရဲမှူးမိုးရန်နိုင်၏ အနာဂတ်

Your Thoughts …
Tags: ဒုရဲမှူး မိုးရန်နိုင်ရဲတရားရုံး
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

တရားရုံးတွင် တွေ့ရသော ဒုရဲမှူး မိုးရန်နိုင် / မျိုးမင်းစိုး / ဧရာဝတီ

ဒုရဲမှူး မိုးရန်နိုင် ဘယ်ရောက်နေသလဲ

by ထွန်းထွန်း
28 April 2018
15.6k

ဒုရဲမှူးမိုးရန်နိုင်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘယ်မှာချုပ်နှောင်ထားလဲဆိုတာ မိသားစုအပါအဝင် လူထုက သိရှိလိုကြပါတယ်။

သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဟု တရားလိုသက်သေက ထွက်ဆိုခဲ့သည် / Reuters

ရဲတပ်ဖွဲ့ အရှက်ရစရာ နေ့တနေ့

by ကျော်စွာမိုး
24 April 2018
30.5k

ယခုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အဓိက တာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေပင်။

ဒုရဲမှူး မိုးရန်နိုင် သောကြာနေ့ တရားခွင် ထုတ်လာစဉ် / Reuters

အင်းဒင်၊ ရိုက်တာ၊ မိုးရန်နိုင်နဲ့ ပြည်ထဲရေး

by ရဲထွဋ်
23 April 2018
21.1k

ရိုက်တာသတင်းထောက်တွေရဲ့ အမှုကိစ္စမှာ မဆိုင်တာတွေ ဆွဲထည့်ပြီး ဖြေရှင်းနေရင်တော့ အစိုးရ၊ ပြည်ထဲရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အားလုံးရဲ့ ပုံရိပ်ကို ထိခိုက်မှာပဲ။

ဧပြီ ၂၀ တရားရုံးတွင် တွေ့ရသော ဒုရဲမှူး မိုးရန်နိုင်  / မျိုးမင်းစိုး / ဧရာဝတီ

ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်သည့်သက်သေအဖြစ် လျှောက်ထားမှု တရားရုံးပယ်ချ

by ထွန်းထွန်း
2 May 2018
16.5k

ဒုရဲမှူးမိုးရန်နိုင်အား မယုံကြည်ထိုက်သည့် သက်သေအဖြစ် ကြေညာပေးရန် တရာလိုရှေ့နေများ၏ လျှောက်ထားမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့မေ ၂ ရက်နေ့ရုံးချိန်းတွင် ပယ်ချလိုက်သည်။

ဒုရဲမှူး မိုးရန်နိုင် / ဧရာဝတီ

ဒုရဲမှူး မိုးရန်နိုင် လူ့အခွင့်အရေးမထိခိုက်စေဖို့ လူ့အခွင့်အရေးကော်မရှင်တောင်းဆို

by ထွန်းထွန်း
24 April 2018
6.9k

လက်ရှိအမှုအခြေအနေများတွင် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဒုရဲမှူးမိုးရန်နိုင်ထံသို့ သွားရောက်တွေ့ဆုံရန် အစီအစဉ်မရှိကြောင်းနှင့် ၎င်း၏ဇနီးဖြစ်သူ မတူးတူးနှင့် တွေ့ဆုံရန်လည် မှာလည်း စဉ်းစားသုံးသပ်ဆဲအခြေအနေသာ ရှိကြောင်း ဦးယုလွင်အောင်က ပြောသည်။

နေပြည်တော် ရဲတပ်ဖွဲ့ လိုင်းခန်းမှ နှင်ထုတ်ခံရသဖြင့် “သမ္မတကြီး ကယ်ပါ”ဟု ကာယကံရှင် ဒေါ်တူးက ဧရာဝတီကတဆင့် ဆိုလိုက်သည်။ / ထက်နိုင်ဇော် / ဧရာဝတီ

“နိုင်ငံတော် သမ္မတကြီး ကယ်ပါ” (သို့မဟုတ်) ဒုရဲမှူး မိုးရန်နိုင် ဇနီးဖြစ်သူရဲ့ ဒုက္ခ

by ထက်နိုင်ဇော်
21 April 2018
50.5k

နေပြည်တော် ရဲတပ်ဖွဲ့ လိုင်းခန်းမှ နှင်ထုတ်ခံရသဖြင့် “သမ္မတကြီး ကယ်ပါ”ဟု ကာယကံရှင် ဒေါ်တူးက ဧရာဝတီကတဆင့် ဆိုလိုက်သည်။

Next Post
မှန်သလား မမေးနဲ့

မှန်သလား မမေးနဲ့

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း / Reuters

ထိပ်သီးဆွေးနွေးပွဲကို ရှေးရှု့၍ အမေရိကန် အကျဉ်းသားများကို ဟိုတယ်သို့ ရွှေ့ထား

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate