• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားကန့် မြေပြိုမှုမှ ရုပ်အလောင်း ၁၅ လောင်း ရှာတွေ့ပြီး ၆ ဦးဒဏ်ရာရ

by ချစ်မင်းထွန်း
4 May 2018
in သတင်း
A A
လူမှုကွန်ရက်တွင် ဖော်ပြနေကြသော မြေပြိုမှုမှ တူးဖော်ရရှိသော ရုပ်အလောင်းများ

လူမှုကွန်ရက်တွင် ဖော်ပြနေကြသော မြေပြိုမှုမှ တူးဖော်ရရှိသော ရုပ်အလောင်းများ

9.2k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဝှေခါကျေးရွာရှိ ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီပိုင် ကျောက်စိမ်းလုပ်ကွက် မြေပြိုကျမှုတွင် ရေမဆေးကျောက် ရှာဖွေသူများမြေပိ၍ သေဆုံးမှုများရှိခဲ့ပြီး အလောင်း ၁၅ လောင်းရှာဖွေ တွေ့ရှိပြီး ၆ ဦးဒဏ်ရာရရှိကြောင်း သတင်းရသည်။

ကျောက်စိမ်းလုပ်ကွက်မြေပြိုကျမှုမှာ မေ ၄ ရက် နံနက် ၄ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်းသိရပြီး အဆိုပါ မြေပြိုမှုတွင် ရေမဆေးကျောက် ရှာဖွေနေသူ ၂၀ ကျော် မြေပိသွားစေခဲ့ကြောင်း ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောသည်။

RelatedPosts

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
772
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
269
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
568

ဦးတင်စိုးက “အခုလေးတင် နောက်ဆုံး ၁ လောင်းရတယ်ဆိုတော့ အားလုံးပေါင်းသေဆုံးသူ ၁၅ ယောက်ရှိသွားပါပြီ။ များတယ် အခုဒဏ်ရာရတာ ၈ ယောက်မှာ ၂ ယောက်ဆုံးတယ်။ အခုမိနစ်ပိုင်းလေးမှာပဲ ၁ လောင်းထက် ရတော့ သေဆုံးသူကအားလုံး ၁၅ ယောက်၊ ဒဏ်ရာရတဲ့လူက ၆ ယောက်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ကျန်နေသေးသော ရေမဆေးကျောက် ရှာဖွေသူများ၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေမှု ပြုလုပ်သွားမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများကိုလည်း ဖားကန့်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျှက် ရှိကြောင်း သိရသည်။

လူမှုကွန်ရက်တွင် ဖော်ပြနေကြသော မြေပြိုမှုမှ တူးဖော်ရရှိသော ရုပ်အလောင်းများ

ဖားကန့်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦး က “အခုကျနော်တို့ဆီက တာဝန်မှူးတွေလည်း သွားတုန်းဗျ။ အလောင်းက ဖော်တဲ့ဟာ ဖော်တုန်း၊ အားလုံးမပြီးစီးသေးဘူး။ မိုးရွာနေတော့ ရှာဖွေမှု ခဏရပ်ဆိုင်းထားတယ်။ ဒီမှာလမ်းတွေ က ကားတွေ သွားလို့ လားလို့ မရတဲ့ အနေအထား ဖြစ်နေတယ်။ ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီပါ။ အဲမှာရေမဆေးတွေက ဝင်ရှာဝင်ရှာတော့ ဖြစ်တာပေါ့လေ။ မြေစာပုံမဟုတ်ဘူး။ လုပ်ကွက်” ဟု ဧရာဝတီသို့ ပြောသည်။

မြေပိသေဆုံးသည့် အလောင်းများကို တူးဖော်နေရာတွင် ဝှေခါလူမှုကူညီရေးအဖွဲ့၊ အုပ်ချုပ်ရေးမှူး အဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဆိပ်မူသင်္ခါလူမှုကူညီရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြကြောင်းသိရပြီး နာမည်စာရင်းအရ ၂ ဦးသာ ရှာဖွေရန် ကျန်ရှိတော့သည်ဟုဆိုသည်။

လူမှုကွန်ရက်တွင် ဖော်ပြနေကြသော မြေပြိုမှုမှ တူးဖော်ရရှိသော ရုပ်အလောင်းများ

ဦးတင်စိုး က “လတ်တလောတော့ စာရင်းလာပေးထားတဲ့ အထဲတော့ ၃ ယောက် ကျန်နေသေးတာပေါ့။ အခု ၁ ယောက်တွေ့တယ်ဆိုတော့ ၂ ယောက် လောက်တော့ ကျန်နေသေးတယ်ပေါ့။ ရှာလို့ မရသေးဘူး။ နာမည် စာရင်းရပြီးတော့ တိုက်ကြည့်တော့ အလောင်း မရသေးတာ ၂ ယောက်လောက်ပဲ ကျန်တော့တယ်” ဟု ပြောသည်။

ဝေခါမှော်တွင် ၂၀၁၆ ခုနှစ် မေလကလည်း မြေစာ ပုံပြိုမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၁၂ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိကာ ပျောက်ဆုံးသူများလည်း ရှိခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလထဲကလည်း ကချင်ပြည်နယ် လုံးခင်းကျောက်စိမ်းမှော်တွင် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ရေမဆေးကျောက် ရှာသူ ၅ ဦး သေဆုံးပြီး အနည်းဆုံး လူ ၂၀ ဒဏ်ရာ ရှိသွားသည်။

Your Thoughts …
Tags: ဖားကန့်မြေပြိုမှု
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အင်းယားကန်ဘောင်က ကြွက်တွင်းတွေနှိမ်နင်းဖို့ ရန်ကုန်တိုင်း လွှတ်တော်တွင် ဆွေးနွေး (ရုပ်/သံ)

အင်းယားကန်ဘောင်က ကြွက်တွင်းတွေနှိမ်နင်းဖို့ ရန်ကုန်တိုင်း လွှတ်တော်တွင် ဆွေးနွေး (ရုပ်/သံ)

မန္တလေးဆန်ပွဲရုံ တခု တွေ့ရစဉ် / မြတ်ပြည့်ဖြိုး / ဧရာဝတီ

တရုတ်မှ ငစိန်ဆန်ကိုသာ ဝယ်ယူလိုသဖြင့် အခြားပို့ကုန်ဆန်များ ဈေးကျလာ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate