• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျုံပျော် တရားမဝင်ဘာသာရေးအဖွဲ့ ခေါင်းဆောင် ၂ ဦး လူခိုးမှုဖြင့် ထောင် ၃နှစ်ချမှတ်ခံရ

by ဆလိုင်းသန့်စင်
6 May 2018
in သတင်း
A A
“ဝိညာဉ်မိသားစုအဖွဲ့”မှ ခေါင်းဆောင်တဦးဖြစ်သည့် ဒေါ်နီလာထွန်း / DVB TV

“ဝိညာဉ်မိသားစုအဖွဲ့”မှ ခေါင်းဆောင်တဦးဖြစ်သည့် ဒေါ်နီလာထွန်း / DVB TV

35.3k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ တည်ထောင်လှုပ်ရှားနေသည့် မန်းကျော်စိုး ဦးဆောင်သော “ဝိညာဉ်မိသားစုအဖွဲ့”မှ ခေါင်းဆောင်နှစ်ဦးဖြစ်သည့် မန်းဝင်းမြင့်နှင့် ဒေါ်နီလာထွန်းတို့အား ကျုံပျော်မြို့နယ် တရားရုံးက မေလ ၄ ရက်နေ့တွင် လူခိုးမှုဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၆ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် နေ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တဦးမှာ ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာတွင် ဖွင့်လှစ်ထားသည့် မန်းကျော်စိုး၏ တပည့်များဖြစ်သော မန်းဝင်းမြင့် နှင့် ဒေါ်နီလာထွန်းတို့၏ တပည့်တော်ဖြစ် ရက် ၄၀ သင်တန်းကို တက်ရောက်ခဲ့ပြီး၊ သင်တန်းပြီးဆုံးချိန်တွင် မိဘ များက အိမ်ပြန်ခေါ်မရ သဖြင့် ဖခင်ဖြစ်သူ ဦးနန်ထန်းကျင်မှ ကျုံပျော် မြို့မရဲစခန်းတွင် ပုဒ်မ ၃၆၃ (လူခိုးမှု) ဖြင့် မန်းဝန်းမြင့်နှင့် ဒေါ်နီလာထွန်းတို့အား အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
13
Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

10 July 2025
671
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

10 July 2025
796

အဆိုပါ အမှုအား ကျုံပျော်မြို့နယ်တရားရုံး၌ ၁ နှစ်ခွဲနီးပါး ကြားနာစစ်ဆေးပြီးနောက် တရားမဝင် ဘာသာရေး အဖွဲ့ခေါင်းဆောင် မန်းဝင်းမြင့်နှင့် ဒေါ်နီလာထွန်းတို့မှာ အသက်မပြည့်သေးသည့် ကလေးငယ်တဦးကို မိဘ အုပ်ထိန်းသူ အိမ်ပြန်မခေါ်နိုင်အောင် ဖွက်ထားခြင်း၊ ၎င်းတို့သဘောဖြင့် တခြားသောအရပ်ဒေသများသို့ ပို့ ဆောင်ခြင်းများ ပြုလုပ်ကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် ကျုံပျော်မြို့နယ်တရားသူကြီး ဦးသိန်းမောင်က ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကန့်ဘလူက ကလေးမလေးက အင်တာနက်ကနေ မန်းဝင်းမြင့်တို့သင်တန်းအကြောင်း တွေ့ပြီးတော့ လှည်း ဆိပ်မှာ သင်တန်းလာတက်တယ်။ သင်တန်းလည်းပြီးရော သူ့မိဘတွေက အိမ်ပြန်ခေါ်တာ ဘယ်လိုမှ ခေါ်လို့ မရတော့ဘူး။ နောက်တော့ ကလေးကို လှည်းဆိပ်မှာ မထားတော့ဘဲ အထောင် ကိုပို့၊ ပုသိမ်ကို ပို့ပြီးဖွက်ထား တာတွေ လုပ်တယ်၊ နောက်ဆုံး ပုသိမ်မြို့က လူကုန်တား ရဲတပ်ဖွဲ့ ကိုတိုင်တော့မှ ကလေးကို အိမ်ပြန်ခေါ်လို့ ရတယ်။ အဲဒါနဲ့ သူ့အဖေက မကျေနပ်လို့ ကျုံပျော်စခန်းမှာ လူခိုးမှုနဲ့အမှုဖွင့်တာ။ အခု ပြစ်မှု ထင်ရှားတဲ့အတွက် ကျုံပျော်မြို့နယ်တရားရုံးက သူတို့နှစ်ယောက်ကို လူခိုးမှုနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ် ခဲ့တယ်”ဟု တရားခွင်သို့ တက်ရောက်နားထောင်ခဲ့သည့် မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ၊ မြို့ပြကျေးလက် သာသနာဌာန ကော်မတီဝင် မန်းထောင်းစိန်က ဧရာဝတီကို ပြောသည်။

တရားရုံးက ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့သည့် မန်းဝင်းမြင့်နှင့် ဒေါ်နီလာထွန်းတို့ကို ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့ကမေလ ၄ ရက်နေ့ တရားခွင်ပြီးဆုံးချိန်တွင် ကျုံပျော်မြို့မစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယမန်နေ့က ပုသိမ်အကျဉ်းထောင်သို့ အကျဉ်းသားအဖြစ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၆၃ အရ မည်သူမဆို၊ တဦးတယောက်သော သူအား၊ ပြည်ထောင်စု မြန်မာနိုင်ငံမှ အပသို့ဖြစ်စေ၊ ဥပဒေနှင့် အညီ အုပ်ထိန်းသူထံမှ ဖြစ်စေ၊ ခိုးယူလျှင် ထိုသူကို ခုနှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖွင့်ဆိုထားသည်။

ထို့အပြင် မန်းဝင်းမြင့်နှင့် ဒေါ်နီလာထွန်းတို့သည် မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ၊ မြို့ပြကျေးလက် သာသနာ ဌာန ကော်မတီဝင် မန်းထောင်းစိန်က သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် တရားစွဲဆိုထားသည့်အမှုမှာ ကျုံပျော်မြို့နယ်တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်ပြီး မန်းဝင်းမြင့်နှင့် ဒေါ်နီလာထွန်းတို့အနေဖြင့် အဆိုပါအမှုကို အကျဉ်းထောင်အတွင်းမှ ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေသည်။

စင်္ကာပူနိုင်ငံသား မန်းကျော်စိုးဦးဆောင် တည်ထောင်ထားသည့် ဝိညာဉ် မိသားစုအဖွဲ့ကို မန်းဝင်းမြင့်နှင့် ဒေါ်နီလာထွန်းတို့ အပါအဝင် အဓိကခေါင်းဆောင် ၆ဦးနှင့် ဖွဲ့စည်းထားပြီး စင်ကာပူ၊ ထိုင်းနိုင်ငံ မဲဆောက်၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့၊ ပဲခူးတိုင်း တောင်ငူနှင့် ပေါက်ခေါင်းမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ရန်ကုန်တိုင်း မြောက်ဒဂုံနှင့် စမ်းချောင်းမြို့နယ်၊ ဧရာဝတီတိုင်း ကျုံပျော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ မြောင်းမြနှင့် ပုသိမ်မြို့နယ်တို့တွင်အဖွဲ့ခွဲများ တည်ရှိပြီး အဆိုပါစခန်းများတွင် မိသားစုထံပြန်ခေါ်မရသည့် လူငယ်ပေါင်း ရာနှင့်ချီရှိနေကြောင်း မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ၊ မြို့ပြနှင့်ကျေးလက်ဌာနခွဲထံမှ သိရသည်။

၎င်းတို့၏ ဝိညာဉ် မိသားစုအဖွဲ့သည် ရက် ၄၀ တပည့်တော်ဖြစ် သင်တန်းများပြုလုပ်ကာ ခရစ်ယာန်ဓမ္မတရားနှင့် မကိုက်ညီသော အစွန်းရောက်တရားများ ဟောပြောခြင်း၊ လူငယ်များအား မိဘဆွေမျိုးများကို အဆက်ဖြတ် စွန့်လွှတ်ရန် ဟောပြောခြင်း၊ မိဘများအား အသိပေးအကြောင်း ကြားခြင်းမရှိဘဲ လူငယ်များကို ၎င်းတို့ အစီ အစဉ်ဖြင့် လက်ထပ်ထိမ်းမြားပေးခြင်းများ ပြုလုပ်နေကြောင်း၊ အဆိုပါအဖွဲ့ မှ ပြန်လည်လွတ်မြောက် လာသူများ၏ အဆိုအရ သိရသည်။

ထို့ပြင် လူငယ်များကို ဘုရားအတွက် အလုပ်လုပ်သည်ဟု ပြောဆိုကာ လုပ်အားခ မပေးဘဲ အလုပ် ခိုင်းစေခြင်း၊ အလုပ်ခိုင်းရန်ရည်ရွယ်ချက်ဖြင့် တနေရာမှ တနေရာသို့ လူကုန်ကူးသည့် ပုံစံဖြင့် ပို့ဆောင်ခြင်း၊ ထိုသို့ ပို့ဆောင် ရာတွင် ပြည်တွင်းရှိ ၎င်းတို့ အဖွဲ့ခွဲများထံသာမက ပြည်ပရှိ စင်္ကာပူ နိုင်ငံအထိပါ အလုပ်လုပ်ရန် စေလွှတ်ခြင်း များ ပြုလုပ်နေ၍ သားသမီးများ လက်လွှတ်ဆုံးရှုံးနေသည့် မိဘများက ပြောသည်။

“အခုလို သူများမိသားစုတွေကို ရှင်ကွဲကွဲအောင်ဖြိုခွဲတဲ့ မန်းဝင်းမြင့်နဲ့ နန့်နီလာထွန်းကို တရားရုံးက ပြစ်ဒဏ် ချတဲ့အပေါ် ကျေနပ်ပါတယ်။ ကျမအစ်မ နန့်ဝင်းလဲ့လဲ့ဆိုရင် သူတို့အဖွဲ့ထဲရောက်ပြီး ပြန်ခေါ်မရတာ ၃ နှစ် ကျော်ပြီ။ ပြန်ခေါ်တာဆိုရင် ကျုံပျော်နဲ့ ကျောင်းကုန်းမှာ ၂ ခေါက်၊ ပေါက်ခေါင်း မှာ ၁ ခေါက်၊ စုစုပေါင်း ၃ ခေါက်ရှိပြီ။ လုံး၀ ပြန်ခေါ်မရဘူး။ အစ်မက အသက်ပြည့်ပြီ ဆိုတော့ တရား စွဲလို့လည်း မရဘူးဖြစ်နေတယ်။ သူတို့အဖွဲ့ထဲမှာ ကျမအစ်မလိုပဲ အိမ်ပြန်ခေါ်မရလို့ လက်လွှတ်ထားရ တဲ့ လူငယ်တွေ အများကြီး ရှိနေသေးတယ်။ အဲဒီ လူတွေလည်း မိသားစုဆီပြန်ရောက်အောင် အစိုးရ ဌာနဆိုင်ရာတွေအနေနဲ့ ဝိုင်းဝန်း ကူညီပေးစေချင်ပါတယ်”ဟု ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့တွင်နေ ထိုင်သူ နန့်အေးအေးအောင်က ပြောသည်။

ဝိညာဉ်မိသားစု အဖွဲ့၏ ခရစ်ယာန်ဓမ္မတရားနှင့် ဆန့်ကျင်သည့် သွန်သင်ဟောပြောဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် အတွက် အဆိုပါအဖွဲ့ကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီနှင့် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်တို့က ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း မန်းကျော်စိုး၏ ဝိညာဉ်မိသားစုအဖွဲ့တည်ရှိရာ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာရှိ ဦးဉာဏ်ထွန်းကျော် (ခေါ်) မန်းဖိုးကြူးနေအိမ်တွင် ခွင့်ပြုချက်မရှိဘဲ လူအများစုဝေး၍ ဝတ်ပြုဆုတောင်းခြင်းနှင့် တရားဆွေးနွေးခြင်းအစီအစဉ်များ မပြုလုပ်ရန် တားမြစ်ထားပြီး လိုက်နာခြင်း မရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ညွန်ကြားချက်ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှု့ရန်နှင့် ကြည့်ရှု့ရန် – မန်းကျော်စိုး ၏ ဘာသာရေး အဖွဲ့များ ဖျက်သိမ်းပေးရန် တောင်းဆို

ကျုံပျော် ဘာသာရေးအဖွဲ့ တဖွဲ့ ဖြစ်စဉ်ကို တာဝန်ရှိသူများ စစ်ဆေးမည် (ရုပ်/သံ)

Your Thoughts …
Tags: ကျုံပျော်တရားမဝင်ဘာသာရေးအဖွဲ့
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

by ဧရာဝတီ
13 June 2025
3.7k

စစ်ကောင်စီဘက်က အမြောက်တပ်မှ လက်နက်ကြီးတချို့အား ကျုံပျော် ခလရ ၃၆ တပ်တွင်း ရွှေ့ပြောင်းမှုများလုပ်ခဲ့သော်လည်း လူအင်အားရာချီနှင့် လက်နက်ကြီးများရှိနေသေးသလို အင်္ဂတေဘန်ကာများ အခိုင်အမာပြုလုပ်ထားခြင်းနှင့် လေကြောင်းပစ်ကူများကြောင့် အတွင်းပိုင်းထဲသို့ ထိုးစစ်ဆင်ရန် ခက်ခဲကြောင်း

ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာ  / CJ

ကျုံပျော်မြို့နယ် လှေဆွဲရွာ ဖြစ်စဉ်တွင် ဒေသခံ ၃ ဦး ကျည်ထိမှန် သေဆုံး

by ဧရာဝတီ
5 June 2021
27.3k

လှေဆွဲရွာတွင် နေထိုင်သူ ဦးကျေးဆိုသူနှင့် လူငယ်တဦးကို စစ်ကောင်စီ လက်နက်ကိုင်တပ်များက လာ ရောက် ဖမ်းဆီးစဉ် ဒေသခံများက လက်မခံဘဲ ပြန်လည် ခုခံချိန်တွင် အထက်ပါအတိုင်း လှေဆွဲရွာခံ ၃ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်

ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာ  / CJ

ကျုံပျော်မြို့နယ် လှေဆွဲရွာ ဖြစ်စဉ် သေဆုံးသူ အရပ်သား ၄ ဦးအထိ ရှိလာ

by ဧရာဝတီ
6 June 2021
17.9k

ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာဖြစ်စဉ်အတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ် များ၏ ပစ်ခတ်မှုကြောင့် ဒေ သခံ ၄ ဦး ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့၍ ကျုံပျော်မြို့နယ်ဆေးရုံတွင် အလောင်း ၄ လောင်း ရောက်ရှိလျက်ရှိကြောင်း

အဓိကရုဏ်း၌ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ကိုသိန်းထွန်းအောင် နာရေးကိုတွေ့ရစဉ် / ဧရာဝတီ

ဇင်ပြွန်းကုန်း အဓိကရုဏ်း အရပ်သား သေနတ်မှန် သေဆုံးမှု စုံစမ်းစစ်ဆေးမည်

by ဆလိုင်းသန့်စင်
28 March 2020
14.9k

ဇင်ပြွန်းကုန်း ကျေးရွာ အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံ ကိုသိန်းထွန်းအောင် သေဆုံးခဲ့ သလို ဆရာ တော် ၁ ပါးနှင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသည့် အတွက် ကျုံပျော်မြို့နယ် ဆေးရုံသို့...

Next Post
လိုင်နောင်ခူး ဒေသခံများကို သွားရောက် ကယ်ထုတ်မည့်သူများ /  ဦးခင်မောင်မြင့်

တိုက်ပွဲကြောင့် လိုင်နောင်ခူးရွာ၌ ပိတ်မိနေသူများ အစိုးရက ကယ်ထုတ်ရန် ဆောင်ရွက်နေဟုဆို

သူတို့ ဘာကြောင့် လက်မထပ်ကြတာလဲ

သူတို့ ဘာကြောင့် လက်မထပ်ကြတာလဲ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate