သတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ ရုတ်တရက်ရောက်ရှိ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးသစ်ဖြစ်သူ မိုက်ပွန်ပီယိုဟာ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းကို ယနေ့ ကြေညာထားခြင်းမရှိပဲ ရောက်ရှိလာပါတယ်။

ကြိုတင်ကြေညာထားခြင်းမရှိပဲ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ရောက်လာတဲ့အတွက် မကြာမီ သမ္မတဒေါ်နယ်ထရမ်နဲ့ မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံမှုအတွက် ရှေ့ပြေး ခရီးစဉ်လို့ ဆိုနိုင်ပါတယ်။

ဒီခရီးစဉ်အတွင်းမှာပဲ မြောက်ကိုရီးယားဘက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား ၃ဦးကို လွှတ်ပေးလိမ့်မယ်လို့ ထင်ကြေးပေး ပြောဆိုမှုတွေလည်း ရှိနေပြီး၊ ထိုသူ ၃ဦးဟာ အရင်က တော့ အကျဉ်းသားများဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ မြောက်ကိုရီးယားရဲ့ အထူးဂရုတစိုက် စောင့်ရှောက်ခံထားရတဲ့ သူတွေဖြစ်နေပါပြီ။

ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟာ ပြုံးယမ်းမှာ ဘယ်သူတွေနဲ့ တွေ့ဆုံမှာလဲဆိုတာကို တော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

သမ္မတဒေါ်ထရမ့်၏ အိမ်ဖြူတော်မှ ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းမှာတော့“မြောက်ကိုရီးယားနဲ့ ဆက်ဆံ ရေးထူ ထောင်နေတုန်းပဲလို့ ကျနော် ယူဆပါတယ်။ ဒါတွေအားလုံး ဘယ်လိုလုပ်ဆောင် မလဲဆိုတာ ကျနော်တို့ မြင်ရတော့မှာပါ။ မဖြစ်လာတာလည်း ရှိချင်ရှိမယ်။ ဒါပေမယ့် ဒီကိစ္စဟာ မြောက်ကိုရီးယား၊ တောင်ကိုရီးယားအပြင် တကမ္ဘာလုံးအတွက်ပါ ဧရာမစွမ်းဆောင်ပေးနိုင်ပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်မှထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွား ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် တောင်- မြောက် ကိုရီးယား နယ်စပ် ပန်မွန်ဂျုံရွာတွင် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုလအတွင်း မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံမည်ဟု ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း ခေါင်းဆောင်ကြီး ကင်ဂျုံအန်းသည် တရုတ်ပြည်သို့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခဲ့သေး တယ်။

အမေရိကန်ဟာ ဝင်ရိုးတန်းနိုင်ငံတွေလို့ အနောက်အုပ်စု သတ်မှတ်ထားတဲ့ ယခုအခါ မြောက်ကိုရီး ယားနဲ့ ဆက်ဆံရေး စတင်နေတယ်လို့ ဆိုရမှာဖြစ်ပေမယ်၊ အီရန်နဲ့တော့ သမ္မတအိုဘားမားလက်ထက် က ရရှိခဲ့တဲ့ အီရန်နျူကလီးယား အစီအစဉ်ကို သမ္မတဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading