• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနိုင်းမြို့နယ်တွင် ပိတ်မိနေသော စစ်ဘေးရှောင်၂ ထောင်မှ ၅ ရာကျော် လွတ်မြောက်လာ

by နန်းလွင်နှင်းပွင့်
9 May 2018
in သတင်း
A A
လွတ်မြောက်လာသည့် ဒုက္ခသည်များ  / ဖာသာနော်လတ်

လွတ်မြောက်လာသည့် ဒုက္ခသည်များ / ဖာသာနော်လတ်

20.6k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရင်း ဧပြီလ ၁၁ ရက်မှ စ၍ တောတွင်းပိတ်မိနေသည့် အောင်လော့ဒ်ကျေးရွာသား ၂ ထောင်ကျော် အနက် ၅၆၀ ကျော် လွတ်မြောက် လာပြီဟု သတင်းရရှိသည်။

တနိုင်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးနော်တောင် က “မနေ့ကမေလ ၈ရက်မှာ ဒွမ်ဘန်ကျေးရွာဘက်ကနေ ၃၀၀ လောက် ထွက်လာပါတယ်။ ဒီနေ့ မေလ ၉ ရက် နေ့လယ် ၁နာရီလောက်မှာ တနိုင်း အရှေ့မြောက်ဘက် ချောင်းဘက်မှာ ၂၆၀ ကျော် ရောက်လာပါတယ်။ စုစုပေါင်း ၅၆၀ ကျော်ပါ” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
192
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
167
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
60

မေလ ၈ ရက်၌ လွတ်မြောက်လာသူများမှာ တနိုင်းမြို့နယ် တောလမ်းအတွင်း လမ်းရှာဖွေကြပြီး ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာဘက်သို့ ရောက်ရှိကာ လွတ်မြောက်လာကြခြင်း ဖြစ်သည်ဟု သိရသည်။

ထို ၃ ရာကျော် အနက် ဦးရေ ၁ ရာကျော်မှာ မြစ်ကြီးနားမြို့နှင့် နမ္မတီးမြို့များရှိ ဆွေမျိုးအိမ်များသို့ ပြန်သွားကြပြီးကျန် ၁ ရာကျော်မှာ ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ ကတ်သလစ် ဘုရားကျောင်းတွင် ခိုလှုံနေကြသည်ဟု ဦးနော်တောင်က ပြောသည်။

လွတ်မြောက်လာသည့် ဒုက္ခသည်များ / ဖာသာနော်လတ်

ယနေ့ ရောက်ရှိလာသည့် စစ်ဘေးရှောင်ဒုက္ခသည် ၂၆၀ ကျော်မှာ တနိုင်းမြို့ရှိကတ်သလစ် ဘုရားကျောင်းတွင် ခိုလှုံနေသည်ဟု သိရသည်။

ဦးနော်တောင် က “တိုက်ပွဲဖြစ်ဖြစ်ချင်း သူတို့က အုပ်စုလိုက် ထွက်ပြေးလာတာ။ ဧပြီ ၁၇ ရက်မှာတော့ သူတို့ နေတဲ့ ပတ်ဝန်းကျင်နားမှာ တိုက်ပွဲ ပိုပြင်းထန်လာလို့ သူတို့ ဦးဆောင်နိုင်တဲ့ လူတွေ နောက်မှာ အုပ်စုခွဲပြီး ထွက်ပြေးကြတာ။ ဒီနေ့ တနိုင်းကို ရောက်လာတဲ့ အဖွဲ့က ၁ ဖွဲ့ မနေ့က ရောက်လာတဲ့ အဖွဲ့က ၁ ဖွဲ့ပါ” ဟုပြောသည်။

မေလ ၈ ရက်နှင့် ၉ ရက်တွင် ထွက်ပြေးလွတ်မြောက်လာကြသည့် အောင်လော့ဒ်ကျေးရွာသားစစ်ဘေးရှောင် ပြည်သူ၅၆၀ ကျော်မှာတောလမ်းအတွင်းရက်သတ္တပတ် ၃ပတ်ခန့် ခြေလျင်လမ်းလျှောက်ပြီးပြေးလာကြသူများ ဖြစ်သည်။

၎င်းတို့ မတိုင်မီဧပြီလ ၂၆ ရက်ကတနိုင်းမြို့နယ် တောလမ်းအတိုင်းပြေးလာပြီးဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာသို့ ထွက်ပြေး လွတ်မြောက်ထားသည့် ၂၆ ဦးအဖွဲ့တဖွဲ့ ရှိပြီးထိုထဲမှ အချို့ကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားသည်။

ထို၂၆ ဦးအဖွဲ့မှာ အောင်လော့ဒ် ကျေးရွာ ဒေသခံ ၁၅ ဦးနှင့် ရွှေတူးဖော်သူ ရွှေ့ပြောင်းလုပ်သား ၁၁ ဦးတို့ ဖြစ်သည်။

ထိုအဖွ့ဲမှ ဦးဆောင်ထွက်ပြေးလာသူ အောင်လော့ဒ်ကျေးရွာသား ဦးအင်ဆန်အောင်လတ်က ၎င်းတို့ လမ်းတွင် ထွက်ပြေးစဉ် တောလမ်းဖြစ်သဖြင့် လမ်းဖောက်ပြီး ခြေလျင်လျှောက်ခဲ့ရကြောင်း လမ်းတွင် တောဆင်ရိုင်းများ အန္တရာယ်ကိုလည်း ရှောင်ခဲ့ရပြီး ရေချောင်းများ မတွေ့သဖြင့် မိုးရွာပြီးအိုင်ဖြစ်နေသည့် ဗွက်အိုင်များကို ပုဆိုးစဖြင့် သဲအမှုန်များ စစ်ပြီး ရေသောက်ခဲ့ရကြောင်း ၎င်းတို့ ထွက်ပြေးခဲ့စဉ် ကြုံတွေ့ရပုံများကို ဧရာဝတီကို ပြောပြသည်။

ဦးအင်ဆန်အောင်လတ် က “ကျနော့်ကလေး ၄ ယောက်မှာ ၂ နှစ်ကလေး တဦးပါတယ်။ သူတို့ လမ်းမလျှောက်ချင်လည်း အတင်းတွန်းပြီး လျှောက်ခိုင်းရတယ်။ ရေငတ်တာ အဆိုးဆုံးပဲ။
နောက် လမ်းမှာမိုးရွာတော့ ပါလာတဲ့ ပလတ်စတစ်ကို အားလုံး စုခြုံပြီး မြေကြီးမှာ ဒီတိုင်း အိပ်ကြတယ်။ အရမ်း ဒုက္ခရောက်တယ်။ အဲဒီအကြောင်းတွေ ပြန်တွေးရင် ငိုချင်လာတယ်”ဟုပြောသည်။

လွတ်မြောက်လာသည့် ဒုက္ခသည်များ / ဖာသာနော်လတ်

အောင်လော့ဒ်ကျေးရွာသား ၂ ထောင်ကျော်မှာ ဧပြီလ ၁၁ ရက်က တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားစဉ် ရွာအနီးသို့ လက်နက်ကြီးကျည်များ ကျသဖြင့် ဘေးလွတ်ရာ တောအတွင်း ထွက်ပြေးသွားပြီး စစ်ကြောင်းများ ရှိနေသဖြင့် တနိုင်းမြို့ပေါ်သို့ ပြေးလာ၍ မရဘဲ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

ပိတ်မိနေသူများထဲတွင် စစ်ဘေးရှောင်ရန်အတွက် ထွက်ပြေးရင်းမီးဖွားခဲ့ရသည့် မိခင်များ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ၊ အသက် ၅ နှစ်အောက် ကလေးငယ်များလည်း ပါဝင်ပြီး စာရင်းအတိအကျကိုမူ ဧရာဝတီမှ အတိအကျ ရထားခြင်းမရှိသေးပေ။

အောင်လော့ဒ် ကျေးရွာသားများသည် စတင်ပိတ်မိနေသည့် ဧပြီလ ၁၁ ရက်ကစပြီး ၎င်းတို့ကို ကယ်ထုတ်ပေးရန် တနိုင်းမြို့ရှိ ဘာသာရေး ဆရာများကို အကူအညီ တောင်းခဲ့ကြသည်။

ပိတ်မိနေသည့် နေရာမှ တနိုင်းမြို့ပေါ်သို့ ထွက်ပြေးလာရန် စက်လှေဖြင့် သွားရသည့် ရေလမ်းခရီးတခု ရှိပြီးထိုလမ်းတွင် တပ်မတော် စစ်ကြောင်းများ ရှိသဖြင့် ဘာသာရေးဆရာများက ဧပြီလ ၁၂ရက်တွင် ခွင့်တောင်းပြီး ညှိနှိုင်းရာ ပြေလည်မှု မရှိခဲ့ပေ။

ဧပြီလ ၁၄ ရက်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို တနိုင်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီက စာတစောင်ပေးပို့ကာ ပိတ်မိနေသည့် အောင်လော့ဒ် ကျေးရွာသားများကို ကယ်ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း သိရသည်။

ကချင်အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေး ဆရာများနှင့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ယက် (PCG) မှ တာဝန်ရှိသူများကလည်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ အောင်လော့ဒ်ကျေးရွာသားများ အရေးကူညီပေးရန် စာပို့တောင်းဆိုမှုများ ရှိခဲ့ပြီး နိုင်ငံတော် အတိုင်ပင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့လည်း အကူအညီတောင်းခံမှုများ ရှိခဲ့သည်။

မြစ်ကြီးနားမြို့ အခြေစိုက် ကြက်ခြေနီအဖွဲ့ကအစိုးရ၊ တပ်မတော်နှင့် အာဏာပိုင်များခွင့်ပြုချက် အရအောင်လော့ဒ်ကျေးရွာသို့ ဧပြီလ၂၀ ရက်က ကယ်ဆယ်ရေးသွားခဲ့သော်လည်း ဒေသခံရွာသူရွာသား ၂ ထောင်ကျော်ကို ကယ်ထုတ်နိုင်ခြင်း မရှိဘဲ ထိုဒေသ၌ပယင်းနှင့် ရွှေတူးဖော်သည့် ရွှေ့ပြောင်းလုပ်သား၂ ရာကျော်ကိုသာ ကယ်ထုတ်နိုင်ခဲ့သည်။

ယခုအခါ အောင်လော့ဒ် ကျေးရွာသားများမှာ ၎င်းတို့ကိုယ်တိုင် တောထဲတွင် လမ်းရှာပြီးတိုက်ပွဲများနှင့် ဝေးရာဖားကန့်မြို့နယ်၊ ဒွမ်ဘန်ရွာသို့ ပေါက်သည့် လမ်းဘက်မှ ထွက်ပြေးလွတ်မြောက်လာကြခြင်း ဖြစ်သည် ။

လွတ်မြောက်လာသည့် ဒုက္ခသည်များ / ဖာသာနော်လတ်

ယခုလွတ်မြောက်လာသည့် ၅ ရာကျော် မတိုင်မီကလည်း မိသားစုတစုချင်းစီ ထွက်ပြေးလွတ်မြောက်လာသူဦးရေ ၃၀ ခန့်ရှိသည်။

လက်ရှိတွင် ပိတ်မိနေသူ ၂ထောင်ကျော်အနက် ၅ ရာကျော် လွတ်မြောက်လာပြီဖြစ်ပြီး ကျန်ရှိသည့် တောတွင်းပိတ်မိသူများကို အတည်ပြုရန် လိုအပ်သော်လည်း ပြေးလာသူများမှာ နေရာအနှံ့ ပြန့်ကျဲနေသဖြင့် စာရင်းကောက်ယူရန် အခက်အခဲရှိသည်ဟု ဦးနော်တောင်က ပြောသည်။

တနိုင်းမြို့နယ်အတွင်း KIA မှတရားမဝင် သယံဇာတ တူးဖော်မှုများ ပြုလုပ်နေသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ ဆုံးရှုံးနေသည်ဟု ဆိုကာ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ် ဇွန်လအတွင်း ဒေသခံ ၁ ထောင် ကျော် ထွက်ပြေးခဲ့ရပြီးလက်ရှိတွင် စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ် တနိုင်းမြို့ရှိ ဘာသာရေး ကျောင်းများတွင် ခိုလှုံနေရဆဲ ဖြစ်သည်။

ထိုဒုက္ခသည်များအတွက် ဘာသာရေးကျောင်းများက စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ ဆောက်လုပ်ရန် စီစဉ်သော်လည်း မြို့အာဏာပိုင်များ က မြို့ဂုဏ်သိက္ခာ ကျဆင်းသည်ဟုဆိုကာ စခန်းများတရားဝင်ဆောက်လုပ်ခွင့်ကို ယနေ့ထိခွင့်ပြုထား ခြင်းမရှိပေ။

၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၇ ခုနှစ်ထိ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကချင်စစ်ဘေးရှောင်ဒုက္ခသည် ၁ သိန်းကျော်မှာ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် ယနေ့ထိ နေထိုင်နေရဆဲ ဖြစ်သည်။

၂၀၁၈ ခုနှစ်ဧပြီလအတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် တနိုင်းမြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲ၊ အင်ဂျန်းယန်၊ မိုးကောင်း၊ ဝိုင်းမော်နှင့် ချီဖွေမြို့နယ်တို့တွင် စစ်ဘေးရှောင် ဒုက္ခသည် ၆ ထောင်ကျော် တိုးလာသည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စာရင်းများအရ သိရသည်။

Your Thoughts …
Tags: ပိတ်မိနေသူ ၅ ရာကျော်လွတ်မြောက်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ထွက်ပြေးခိုအောင်းနိုင်သည့် မြို့နယ်ရဲစခန်းများသို့ ဖြန့်ဝေပေးထားသော စိတ္တသုခကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိဓာတ်ပုံ / သလပ်ခွာနယ်မြေရဲစခန်း

သက်ငယ်မုဒိန်းဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းထိုင်ဆရာတော် ထွက်ပြေးတိမ်းရှောင်နေ

စောအိုမူး၏ အောက်မေ့ဖွယ် ဆုတောင်းပွဲတွင်တွေ့ရသည့် ၎င်း၏ သားများ၊ စောလွယ်မူး (ဘယ်)၊ စောမော်ချစ်နူး (ညာ)  /  KESAN

အသတ်ခံခဲ့ရသည့် ကရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူအတွက် အောက်မေ့ဖွယ်ဝတ်ပြုပွဲ

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate