သတင်း

မီးလောင်နေတဲ့ အဆောက်အဦထဲမှ အမျိုးသမီးကို ရုပ်ရှင်ဆန်ဆန် ကယ်တင်ခဲ့တဲ့ မြန်မာနိုင်ငံမှ ပင့်ကူလူသား

Want create site? Find Free WordPress Themes and plugins.

မီးလောင်နေတဲ့ အဆောက်အဦတခုထဲကနေ ပိတ်မိနေတဲ့ အမျိုးသမီးတဦးရဲ့ အကူအညီတောင်းခံနေတာကို ကြားခဲ့ရတဲ့ အိမ်နီးချင်းသူရဲကောင်းတဦးက ရုပ်ရှင်ဆန်ဆန် လာရောက်ကယ်တင်ခဲ့တဲ့ ဖြစ်ရပ် မြန်မာနိုင်ငံမှာ တကယ်ဖြစ်ပွား ခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာရှိတဲ့ ကိုလိုနီခေတ်စတိုင် အဆောက်အဦတခုမှာ ပြီးခဲ့တဲ့ မေ ၅ ရက် မနက် ၁၀ နာရီလောက်က မီးလောင်ကျွမ်းခဲ့ပြီး အထဲမှာ လူဒါဇင်နဲ့ ချီပြီး ပိတ်မိနေခဲ့ပါတယ်။ စန်းသိန်းလို့ခေါ်တဲ့ အမျိုးသမီးတဦးဟာ မီးလောင်မှု ဖြစ်ပွားတဲ့အချိန်မှာ ခရီးသွားလုပ်ငန်းကုမ္ပဏီရဲ့ ရုံးခန်းတခုမှာ အလုပ် လုပ်နေခဲ့တာပါ။

သူရှိနေခဲ့တဲ့ အခန်းထဲမှာ မီးခိုးတွေ ထူထဲစွာ ရှိနေခဲ့ပြီးတော့ မြေပြင်ကနေ ပေ ၃၀ လောက်မြင့်တဲ့ နေရာ က ပြတင်း ပေါက်မှာ ငုတ်တုတ်ထိုင်နေခဲ့ရပြီး အကူအညီကိုလည်း အော်ဟစ် လှမ်းတောင်းနေခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ အနီးနားက လာရောက်ကြည့်ရှုတဲ့ သတ္တိရှင် အသက် ၃ဝ အရွယ် ပြည့်ငွေဆိုသူ ဟာ အဲဒီမိန်းကလေး အော်ဟစ်ငို ယိုနေတာကို ကြားသွားခဲ့ပြီး ပိတ်မိနေတဲ့ တတိယထပ်ဆီကို တွယ်တက်သွားခဲ့ ပါတယ်။

ပြည့်ငွေဟာ အဲဒီမိန်းကလေးကို သူတွယ်တက်ခဲ့တဲ့ ပိုက်လုံးအတိုင်း အဆိပ်သင့်မီးခိုးတွေ ဆက်တိုက်ထွက်နေ တဲ့ အခန်းခေါ်ကနေ ခေါ်ထုတ်ပြီး သယ်ချလာခဲ့ပါတယ်။ ဒီလိုကယ်တင်ခဲ့တာကို အခြား ရပ်ကွက်သူ ရပ်ကွက်သား တွေကလည်း ပြတင်းပေါက်မှတဆင့် သူတို့လွတ်မြောက်နိုင်ဖို့ ပိုက်လုံးငြမ်းစင်ပေါ်ကနေ ဖြတ်သန်း သွားနေခဲ့တာ ကိုလည်း တွေ့ရပါတယ်။

ပိတ်မိနေသူ မိန်းကလေးကို ကယ်တင်ခဲ့သူ ပြည့်ငွေ က “ကျမခုန်ချလိုက်တော့မယ် ကျမခုန်ချလိုက်တော့မယ် လို့ အော်ဟစ်နေတာကို ကျနော်ကြားခဲ့ရပါတယ်၊ ဒါကြောင့် ကူညီဖို့ ကျနော် တက်သွားခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်ကြောင့် ပင့်ကူလူသားလို့ တင်စားခံနေရတဲ့ ပြည့်ငွေက မီးလောင်မှုထဲမှာ အဲဒီ မိန်းကလေးပါသွားမှာကို ပစ်မထားခဲ့နိုင်ဘူးလို့ ဆိုပါတယ်။ သူက “မီးသတ်တပ်ဖွဲ့ လာဖို့ စောင့်နေသင့်တယ်လို့ ကျနော် မထင်ပါဘူး၊ အဲဒီ့မိန်းကလေး အသက်အန္တရာယ်ရှိနေပါပြီ ၊ သူအန္တရာယ်ကင်းစေဖို့ လိုအပ်တာကို ကျနော် လုပ်ခဲ့ရုံတင်ပါ” လို့ ပြောကြားခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ၁၀ မိနစ်လောက်အကြာမှာ မီးကိုငြိမ်းသတ်နိုင်ခဲ့ပြီး၊ တဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ မီးသတ်ဌာနက ပြောဆိုထားပါတယ်။

Ref: dailymail

Did you find apk for android? You can find new Free Android Games and apps.
Loading