မလေးရှားရွေးကောက်ပွဲမှာ ရှုံးနိမ်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဓာတုဆရီ နာဂျစ် တွန် ရာဇတ်(နာဂျစ်)ကို လူဝင်မှုကြီးကြပ် ရေးဌာနက ပြည်ပထွက်ခွာခွင့်မပြုဘဲ၊ နာမည်ပျက်စာရင်းသွင်းလိုက်ကြောင်း မလေးရှားအခြေစိုက် The Star Online သတင်းက ဆိုပါတယ်။
ရွေးကောက်ပွဲ ရှုံးနိမ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဟာ ယနေ့မှာ မိသားစုနဲ့ အတူ အားလပ်ရက် ပြည်ပခရီး ထွက်မယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
အခုလို လူဝင်မှုကြီးကြပ်ရေးဌာနက နာမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်တဲ့အပေါ် နာဂျစ်က လက်ခံပါတယ်လို့လည်း ဆိုပါတယ်။
နာဂျစ်ဟာ အာဏာရစဉ်က နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေလုပ်ငန်း (1MDB)က အမေရိကန်ဒေါ်လာ သန်း ၇၀၀ကို အပျောက်ရိုက်ခဲ့ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခံထားရသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ပြုလုပ်တဲ့ မလေးရှားရွေးကောက်ပွဲ နာဂျစ်ဟာ ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့သူ အသက် ၉၂နှစ်အရွယ် မဟာသီယာ မိုဟာမက်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ တရားဝင် အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာကတော့ အတိုက်အခံတွေ အနေနဲ့ လက်စားချေတာတွေ လုပ်မှာမဟုတ်ဘူး ဒါပေမယ့် တရားဥပဒေ စိုးမိုးရေး ရဖို့ လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။
နာဂျစ်ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ အရေးကို ခုတုံးလုပ်ပြီး သူ့ရဲ့ နိုင်ငံရေး တက်လှမ်းဖို့ လုပ်ဆောင်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – မလေးရှားရွေးကောက်ပွဲတွင် မဟာသီယာ အနိုင်ရ
တေကျော့ပြန် ဝန်ကြီးချုပ် သက်ကြားအို မဟာသီယာ