အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဆူရာဘာယာမြို့တွင် ယနေ့နံနက်က ခရစ်ယာန်ဘုရားကျောင်းများကို ပစ်မှတ်ထား၍ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားရာ လူ ၂ဦးသေဆုံး၍ ၁၃ဦး ဒဏ်ရာရှိကြောင်း သိရသည်။
အရှေ့ဂျာဗားကျွန်း ရဲတပ်ဖွဲ့ ပြောခွင့်ရ ဖရန်စ် ဘာရန် မန်ဂီရာ၏ အဆိုအရ ခရစ်ယာန်ဘုရားကျောင်း ၃ခု တိုက်ခိုက်ခံခဲ့ရ ပြီး၊ ယင်းတိုက်ခိုက်မှုတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုလည်း ပါဝင်ကြောင်း၊ ပထမဆုံး ပေါက်ကွဲမှုမှာ ယနေ့နံနက် ၇နာရီခွဲတွင် ဖြစ်ပွားခဲ့ပြီး၊ ၁၀မိနစ်အတွင်း နောက်ထပ် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ခိုက်ခံရသည့် ခရစ်ယာန်ဘုရားကျောင်းတွင် ဆန်တာမာရီယာ ကက်သလစ် ဘုရားကျောင်း လည်း ပါဝင်ကြောင်း၊ မည်သူ၏ လက်ချက်ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။