မြောက်ကိုရီးယားဘက်မှ နျူကလီးယားလက်နက် အစီအစဉ်စွန့်လွှတ်ရန် သဘောတူလျှင် ဝါရှင်တန် အနေဖြင့် ပိတ်ဆို့ ဒဏ်ခတ်မှု ပြန်ရုတ်သိမ်းပေးမည်ဖြစ်ပြီး ယင်းအရွေ့သည် ပြိုင်ဘက်တောင်ကို ရီးယားနှင့်တန်းတူ စီးပွားရေး ဘဝသာ ယာဝပြောလာမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက တနင်္ဂနွေနေ့က ပြောသည်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုသည် ပြီးခဲ့သည့် မေလ ၉ရက်နေ့က ပြုံယမ်းမြို့သို့ ရုတ်တရက်သွားရောက်ခဲ့ ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံခဲ့သေး သည်၊ ထို့နောက် ထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသား ၃ဦးနှင့်အတူ ပြန်လည်ထွက်ခွာ ခဲ့သည်။
ယခုအခါ ပြန်လည်လွတ်မြောက်လာသည့် အမေရိကန်အကျဉ်းသား ၃ဦးမှာ ပါရှင်တန်မြို့ရှီ ဝေါတာရိဒ် အမျိုးသား စစ်ဘက်ဆေးစင်တာသို့ ရောက်ရှိနေပြီး မိသားစုနှင့် ပြန်လည်တွေ့ဆုံနိုင်ခဲ့ပြီဖြစ်သည်။
လာမည့် ဇွန်လ ၁၂ရက်နေ့တွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ စင်ကာပူတွင် တွေ့ဆုံမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက ၎င်းတို့အစိုးရအနေဖြင့် ပြည်သူ့အခွန်ဘဏ္ဍာများကို မြောက်ကိုရီးယားကို ကူညီရန် သုံးစွဲလိုသည့် ဆန္ဒမရှိသော်လည်း ပိတ်ဆို့ဒဏ်ခတ်မှုများ ပြန်လည်ရုတ် သိမ်းပါက သီးခြားအမေရိကန် ရင်းနှီးမြုပ် နှံမှု အနေဖြင့် မြောက်ကိုရီးယား၏ စွမ်းအင်၊ စိုက်ပျိုး ရေးနှင့် အခြားသော အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှပ်နှံ ရန် အာသီသရှိကြောင်းပြောသည်။
“ဥက္ကဋ္ဌကင်အနေနဲ့ အမေရိကန်က အကောင်းဆုံးတွေရမှာပါ။ ကျနော်တို့ရဲ့စွန့်ဦးတီထွင်သမားတွေ၊ အရင်းအနှီးပံ့ပိုး သူ တွေ စသည်ဖြင့်ပေါ့။ သူတို့က ပုဂလိက အရင်းအနှီးတွေနဲ့ လာကြမှာ။ မြောက်ကိုရီးယားအစိုးရလည်း သူ့ပြည်သူတွေ အတွက် စွမ်းအင်ကဏ္ဍ အသည်းအသန်လိုနေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းသုံး ကိရိယာတွေနဲ့ နည်းပညာတွေလည်း အထူးလိုအပ်ပါတယ်” ဟု သူက CBS ရုပ်သံ၏ Face the Nation အစီအစဉ်တွင် ပြောကြားသည်။
“မြောက်ကိုရီးယား ပြည်သူတွေ တောင်ကိုရီးယားနဲ့အပြိုင်အဆိုင် စီးပွားရေးဘဝတိုးတက်လာဖို့ အခြေအနေတွေ ကျနော်တို့ ဖန်တီးပေးနိုင်ပါတယ်” ဟု သူက ဖြည့်စွက်ပြောသည်။
မြောက်ကိုရီးယား အစိုးရမီဒီယာက ယခုမေလနောက်ပိုင်းတွင် နျူကလီးယားဗုံးစမ်းသပ် မှုအစီအစဉ် ကို စွန့်လွှတ်မည် ဟုယခုရက်သတ္တပတ်အကုန်က ကြေညာထားခြင်းကိုလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ပွန်ပီယိုက ကြိုဆိုသည်။