အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ Max Thunder စစ်ရေးလေ့ကျင့်မှုကြောင့် မြောက်ကိုရီးယား က တောင်ကိုရီးယား နှင့် တွေ့ဆုံမည့် ဆွေးနွေးပွဲများကို ဖျက်သိမ်းလိုက်သလို၊ ရှေ့လ သမ္မတဒေါ်နယ် ထရမ်နဲ့ တွေ့ဆုံမည့် အစီစဉ်ကိုလည်း ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်လိုက်သည်။
တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်နေသည့် ကြားက Max Thunder စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခြင်းသည် မြောက်ကိုရီးယားကို ကျူးကျော်ရန်အတွက် အစမ်းလေ့ကျင့် တာဖြစ်ကြောင်း မြောက်ကိုရီးယားက ဆိုသည်။
Max Thunder လေကြောင်း စစ်ရေးလေ့ကျင်မှုကို မေလ ၁၄ရက်မှ ၂၅ရက်အထိ ကျင်းပမှာဖြစ်ပြီး၊ မူလက ဆောင်း ရာသီမှာ ကျင်းပဖို့ဖြစ်ပေမယ့် ၂၀၁၈ ပြုံချမ်းအိုလံပစ်ပွဲကြောင့် ရွေ့ဆိုင်ထားခြင်းဖြစ် ကြောင်း၊ လေ့ကျင်မှုတွင် အမေရိကန် F-22 စတြဲလ်အမျိုးအစား တိုက်လေယာဉ်များနှင့် B 52 အမျိုးအစား မဟာဗျူဟာ ဗုံးကြဲ လေယာဉ်များပါဝင်ကြောင်းသိရသည်။
ထို့အတွက် မြောက်ကိုရီးယားဘက်က ကိုရီးယားကျွန်းဆွယ် နျူကလီးယား လက်နက်လျော့ချရေးနှင့် နှစ်နိုင်ငံအကြား နောက်ဆက်တွဲ အဆင့်မြင့်ဆွေးနွေးပွဲများကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး၊ လာမည့် ဇွန်လ ၁၂ရက်နေ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် စင်ကာပူတွင် တွေ့ဆုံရန် စီစဉ်ထားမှုကိုပါ ဖျက်သိမ်းမည်ဟုပါ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား ခေါင်းဆောင်များပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က နှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျုံရွာ တွင် တွေ့ဆုံခဲ့ပြီးနောက် မြောက်ကိုရီးယားဘက် နျူကလီယားစမ်းသပ်သည့် နေရာများကို ပိတ်သိမ်းပေးမည်ဟု ကြေညာနိုင်ခဲ့သည့်အထိ ဆက်ဆံရေး တိုးတက်ခဲ့သလို၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်နှင့် တွေ့ဆုံမည့် အခြေအနေကို ပါ ဖန်တီးနိုင်ခဲ့သည်။
အလားတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို ပြုံယမ်းသို့ ရုတ်တရက်သွားရောက်ကာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းနှင့် ဆွေးနွေးပြီး၊ မြောက်ကိုရီးယားဘက် နျူကလီးယား လက်နက်အစီအစဉ်ကို စွန့်လွှတ်ပါက စီးပွားရေး အကူအညီပေးမည်ဟု ပြောဆိုခဲ့သည်။