မလေးရှားဘုရင်က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံနေရတဲ့ အတိုက်အခံခေါင်းဆောင် အန်နဝါ အီဗရာ ဟင်ကို လွတ်ငြိမ်းချမ်း သာခွင့် အပြည့်အဝပေးလိုက်ကြောင်း ရှေ့နေဖြစ်သူ Sivarasa Rasiah ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းများက ဆိုပါတယ်။
အသက် ၇၀ အရွယ်ရှိ ဒုဝန်ကြီးချုပ်ဟောင်း အန်နဝါ အီဗရာဟင်ကို မနေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာဖြစ်ပြီး၊ ကွာလာလမ်ပူမြို့ ဆေးရုံတရုံမှာ ဆေးကုသခံ ခံယူပြီးတဲ့နောက် မိသားစုနဲ့အတူ ထောက်ခံသူတွေကို နှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
“ဘုရင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အာမခံတယ်၊ လွတ်ငြိမ်ချမ်းသာခွင့်ပေးရေး ဘုတ်အဖွဲ့နဲ့လည်း တွေ့ပြီးပြီ၊ ပြစ်မှုတွေ အားလုံးကို ပယ်ဖျက်လိုက်ပြီ”လို့ အန်နဝါ အီဗရာဟင်၏ ရှေနေ Sivarasa Rasiah ကပြောပါတယ်။
မလေးရှားရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နာဂျစ်ဦးဆောင်တဲ့ အာဏာရ Barisan Nasional ခေါ် အမျိုးသားတပ်ဦး ရှုံးနိမ့်ပြီး အသက် ၉၂ အရွယ် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ဦးဆောင်တဲ့ အတိုက်အခံ မျှော်လင့်ခြင်း မဟာမိတ်များအဖွဲ့က အနိုင်ရခဲ့ပါတယ်၊ အတိုက်အခံအဖွဲ့မှာ ဒုဝန်ကြီးချုပ်ဟောင်း အန်နဝါ အီဗရာဟင်ရဲ့ ဇနီးလည်း ပါဝင်ပါတယ်။
ရွေးကောက်ပွဲမှာရှုံးနိမ့်ပြီး ငွေကြေး အလွဲသုံးစားမှုနဲ့ နာမည်ပျက်နေတဲ့ နာဂျစ်ကို ပြည်ပထွက်ခွင့်ပိတ်လိုက်ပြီးတဲ့နောက် နေအိမ်ကိုလည်း ရဲအစောင့်အကြပ်နဲ့ ထားခဲ့ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – ဝန်ကြီးချုပ်ဟောင်း နာဂျစ် အိမ်အဝင်အထွက် ရဲ ပိတ်ဆို့ထားလိုက်ပြီ
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို နာမည်ပျက်စာရင်းသွင်း ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီ
မလေးရှားရွေးကောက်ပွဲတွင် မဟာသီယာ အနိုင်ရ
တကျော့ပြန် ဝန်ကြီးချုပ် သက်ကြားအို မဟာသီယာ
မလေးရှား ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ ၅ ခု
မလေးရှား နိုင်ငံရေး အရှုပ်အရှင်းနဲ့ တကျော့ပြန် သက်ကြားအို မဟာသီယာ