အငြင်းပွား တောင်တရုတ်ပင်လယ်ကျွန်းစုများကို တရုတ်ပိုင်နက်အဖြစ် ထည့်သွင်းရေးဆွဲထားသည့် တီရှပ်များ ဝတ်ဆင် ထားသည့် တရုတ်ခရီးသွား အုပ်စုတစုကြောင့် ဗီယက်နမ်တို့အနေဖြင့် စိတ်ဆိုးဒေါသထွက် နေကြောင်း AP သတင်းက ဆိုသည်။
အဆိုပါ တရုတ်ခရီးသွားအုပ်စုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကမ်းရန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာခြင်းဖြစ်ပြီး၊ ဗီယက်နမ်အစိုးရသတင်းစာ Tuoi Tre သတင်းစာအဆိုအရ ဗီယက်နမ်အာဏာပိုင်တို့က ၎င်းတို့ဝတ်ဆင် လာသည့် တီရှပ်များကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။
တချို့သော ဗီယက်နမ်များကမူ အဆိုပါ တရုတ်ခရီးသွားများကို နှင်ထုတ်ရန် ပြောဆိုမှုများရှိနေသော် လည်း လူဝင်မှုကြီး ကြပ်ရေးကမူ မှတ်ချက်ပြုခြင်းမရှိပေ။
ဗီယက်နမ်နိုင်ငံသည် တရုတ်နှင့် တောင်တရုတ်ပင်လယ်ရှိ ကျွန်းများ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားလျှက်ရှိသည့် နိုင်ငံတနိုင်ငံဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်က တရုတ်ခရီးသွား ၄သန်းကျော် လာရောက်ခဲ့သည်။