• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်း မိုင်းခွဲခံရသော်လည်း ခရီးစဉ်များ ပုံမှန်အတိုင်း ပြေးဆွဲ သွားမည်

by ဒီလှိုင်းဝင်း
16 May 2018
in သတင်း
A A
မိုင်းထိ၍ ရထားတွဲများ တိမ်းမှောက်နေပုံ / ဒီလှိုင်းဝင်း / ဧရာဝတီ

မိုင်းထိ၍ ရထားတွဲများ တိမ်းမှောက်နေပုံ / ဒီလှိုင်းဝင်း / ဧရာဝတီ

41.6k
VIEWS
Share on FacebookShare on Twitter

မန္တလေး – မြစ်ကြီးနားရထား လမ်းပိုင်းနှစ်နေရာ မိုင်းခွဲခံခဲ့ရသော်လည်း ရထားခရီးစဉ်များ ရပ်နား ထားမည် မဟုတ်၊ ဆက်လက်ထွက်ခွာပေးသွားမည်ဟု မြန်မာ့မီးရထား အထက် မြန်မာပြည်အုပ်ချုပ် ရေးဌာနမှ သိရသည်။

မနေ့ မေ ၁၆ ရက် နံနက်ပိုင်းက အဆိုပါ မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်း နမ္မတီးဘူတာနှင့် မရမ်းဘူတာအကြားရှိ ပေ ၆၀ခန့်ရှိသည့် တံတားအမှတ် ၆၈၁ ပေါ်ဖြတ်သန်းနေသော လုံခြုံရေး မိုင်းရှင်းရထားမှာ မိုင်းထိ၍ ရထားစက်ခေါင်း တိမ်းစောင်းပြီး တွဲ ၃တွဲ ချော်ကျခဲ့ခြင်းဖြစ်သကဲ့သို့၊ ထိုပူး- မိုးကောင်းကြားရှိ တံတားအမှတ် ၆၆၂ လည်း မိုင်းခွဲခံရ၍ တံတားပျက်စီးသွားကြောင်း သိရသည်။

RelatedPosts

ရခိုင်ကို ကုန်သွင်းခွင့်ပြုခဲ့တဲ့ စစ်အရာရှိတွေ သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခံရ (ရုပ်/သံ)

ရခိုင်ကို ကုန်သွင်းခွင့်ပြုခဲ့တဲ့ စစ်အရာရှိတွေ သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခံရ (ရုပ်/သံ)

17 July 2025
13
ရှေ့တန်းမှာ ပြည်သူ့စစ်မှုထမ်းတွေကြီးပဲ (ရုပ်/သံ)

ရှေ့တန်းမှာ ပြည်သူ့စစ်မှုထမ်းတွေကြီးပဲ (ရုပ်/သံ)

17 July 2025
10
ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

17 July 2025
216

“နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး လုံခြုံရေးမိုင်းရှင်းရထား မိုင်းထိလို့ ရထားစက်ခေါင်း တိမ်းစောင်းပြီး တွဲ ၃ တွဲ ချော်ကျခဲ့ပေမယ့် ပုံမှန်ခရီးစဉ်တွေအတိုင်း ဆက်လက်ထွက်ပေးသွားမှာပါ။ ဒီနေ့လည်း မန္တလေး-မြစ်ကြီးနား ခရီးစဉ်တွေလည်း ဆက်ထွက် မှာပါ။ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းမှာ မန္တလေးကနေ တရက်ကို ၄ စီး ထွက်ပေးနေပါတယ်” ဟု မြန်မာ့မီးရထား အထက်မြန်မာပြည် အုပ်ချုပ်ရေးဌာနမှ အထွေထွေမန်နေဂျာ ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။

လုံခြုံရေးမိုင်းရှင်းရထားတွဲချော်ကာ လမ်းပိတ်ခဲ့ခြင်းကြောင့် မေလ ၁၄ ရက်နေ့က ထွက်ခွာလာသည့် မန္တလေး-မြစ်ကြီးနား ခရီးစဉ်များအနက် မန္တလေးဘက်မှ ခရီးစဉ်ထွက်သည့် ရထားများသည် ဟိုပင် ဘူတာ၌ ရပ်နားထားခဲ့ရကြောင်း သိရသည်။

“ဟိုပင်ဘူတာမှာက ရေရှိတယ်၊ သန့်စင်ခန်းတွေရှိတယ်၊ ခရီးသည်တွေရဲ့လက်ကိုင်ဖုန်းတွေလည်း အားသွင်းလို့ရနိုင်မယ်၊ ဒါကြောင့် ရပ်နားပေးခဲ့တာပါ။ လက်ရှိခရီးသည်တွေကို မော်တော်ကားတွေနဲ့ မြစ်ကြီးနား အထိ ဆက်လက်သယ်ယူ ပို့ဆောင်ပေးသွားပါမယ်။ ထပ်ထွက်မယ့်ခရီးစဉ်မှာပါတဲ့ ခရီး သည်တွေကိုလည်း ရထားသွားလို့ရမယ့် အထိသွားပြီး မြစ်ကြီးနား အထိကို မော်တော်ကားတွေနဲ့ ဆက်လ က်သယ်ယူပို့ဆောင် ပေးသွားပါမယ်။ ရထားလမ်းပိုင်းကိုလည်း အမြန်ဆုံး ပြန်ပွင့်အောင် လုပ်ဆောင်နေပါတယ်” ဟု ဦးမျိုးဝင်းက ဆက်လက်ပြောသည်။

မန္တလေး – မြစ်ကြီးနားရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များနှင့်အတူ မော်ဟန်-ကဒူး အကြား၌လည်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ ထိပ်တိုက်တွေ့ဆုံ၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ခရီးသည်များ၊ ဝန်ထမ်းများ ထိခိုက်မှု တစုံတရာမရှိခဲ့သလို၊ မြန်မာ့မီးရထားက လမ်းပိုင်း အမြန်ဆုံး ပြန်ပွင့်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“တံတားပျက်စီးတာကလည်း ကြီးကြီးမားမား ပျက်စီးသွားတာမျိုးတော့ မဟုတ်ဘူး။ တံတားတစင်း ဆိုရင် အောက်က သံဘောင်တွေ ထိသွားတယ်ဆိုပေမယ့် ရထားမဖြတ်နိုင်လောက်တဲ့ အနေအထားမျိုး မဟုတ်ဘူး။ အဲဒါကို လုံခြုံစိတ်ချရ အောင် ဇလီဖားတုံးတွေ ခုသင့်တာခုပြီး ရထားတွေ ပထမဦးစား ပေး ဖြတ်နိုင်အောင်လုပ်နေတယ်” ဟု ဦးမျိုးဝင်းက ဆက်လက် ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ရထားလမ်းပိုင်း၌သာ ထိခိုက်မှုရှိပြီး ယခုဖြစ်စဉ်ကြောင့် ရထားခရီးစဉ် ရပ်နားရမည်မဟုတ်သလို၊ ပြင် ဆင်မှု အပိုင်းများသည်လည်း ရက်ရှည်ကြာမြင့်မည်မဟုတ်ကြောင်း သိရသည်။

မိုင်းထိ၍ ရထားတွဲများ တိမ်းမှောက်နေပုံ/ဒီလှိုင်းဝင်း/ဧရာ၀တီ

“အဓိကကတော့ ရထားစီးခရီးသည်တွေ လိုရာခရီးရောက်အောင် ပို့ဆောင်ပေးရမှာက ကျနော်တို့ တာဝန်ဖြစ်တယ်။ သက်ဆိုင်ရာ တိုင်းအရာရှိတွေလည်း ဖြစ်တဲ့နေရာကို ရောက်နေကြပါပြီ။ နောက် နယ်မြေလုံခြုံရေးအရ အာမခံချက် မရဘဲနဲ့၊ လုံခြုံရေး အကူအညီမပါဘဲနဲ့ ဝင်လို့မရနိုင်ပါဘူး။ ဒါကြောင့် လုံခြုံရေးပိုင်းကိုလည်း ထည့်တွက်ပြီး လုပ်ဆောင် နေရပါတယ်” ဟု ဦးမျိုးဝင်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံအတွင်း၌ ယခုအခါ ရထားခရီးလမ်း မိုင်ပေါင်း လေးထောင်ခန့်၊ ဘူတာပေါင်း ၈၂၀ ခန့်၊ ရထားလမ်းပိုင်း ၁၀၀ ကျော်နှင့် အသစ်ဖောက်လုပ်ဆဲ ရထားလမ်းပိုင်း ၇ ခုရှိနေပြီဖြစ်သကဲ့သို့ လက်ရှိအချိန်၌ ရထားစက်ခေါင်း ၄၁၅ စင်းဖြင့် ပြေးဆွဲပေးနေပြီး နေ့စဉ် ရထားစီးနင်းသူ တသိန်းခွဲကျော်ရှိကြောင်း၊ မြန်မာ့မီးရထားက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ယခုအခါ မန္တလေး ဘူတာကြီးမှ နေ့စဉ် ရထားခရီးစဉ် ၁၇ ခုပြေးဆွဲပေးနေပြီး မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၌ နေ့စဉ်ရထားခရီးစဉ် ၇ ခု ပြေးဆွဲပေးလျက်ရှိပြီး ရထားခရီးစဉ်တခုလျှင် ခရီးသည် ၄၀၀ ကျော်ပါရှိကြောင်း သိရသည်။

အဆိုပါခရီးစဉ်များမှာ နံနက် ၁၀ နာရီတွင် ထွက်ခွာသည့် အမှတ် ၃၇ အဆန် မန္တလေး-မြစ်ကြီးနားခရီးစဉ်၊ မွန်းလွဲ ၁ နာရီခွဲ တွင် ထွက်ခွာသည့် အမှတ် ၃၃ အဆန် မန္တလေး-မြစ်ကြီးနား ခရီးစဉ်၊ နံနက် ၅ နာရီ ၁၅ မိနစ်တွင် ထွက်ခွာသည့် အမှတ် ၅၅ အဆန် မန္တလေး-မြစ်ကြီးနား ခရီးစဉ်၊ ညနေ ၄ နာရီတွင် ထွက်ခွာသည့် အမှတ် ၅၇ အဆန် မန္တလေး-မြစ်ကြီးနား ခရီးစဉ်၊ ညနေ ၄ နာ ရီ ၄၅ မိနစ်တွင် ထွက်ခွာသည့် အမှတ် ၄၁ အဆန် မန္တလေး-မြစ်ကြီးနားခရီးစဉ်၊ ညနေ ၆ နာရီခွဲတွင် ထွက်ခွာသည့် အမှတ် ၄၇ အဆန် မန္တလေး-နဘား ခရီးစဉ်၊ ည ၉ နာရီခွဲတွင် ထွက်ခွာသည့် အမှတ် ၄၃ အဆန် မန္တလေး-မြစ်ကြီးနား ခရီးစဉ်တို့ ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: မိုင်းခွဲမှုရထားလမ်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

by ဧရာဝတီ
21 September 2023
5.1k

လုံခြုံရေး အဖြစ် လိုက်ပါဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ရထားလမ်း ဘေးဝဲယာမှ ကျေးရွာများအား စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်နေ

မြန်မာ့အနှေးရထား လာနေသည်

မြန်မာ့အနှေးရထား လာနေသည်

by Tony Waters
3 August 2024
1.6k

အတိုချုပ် ပြောရပါက မြန်မာရထားလမ်းများသည် နိုင်ငံခြားသားများ (ဗြိတိသျှ) သို့မဟုတ် မြန်မာစစ်တပ်က ကိုလိုနီကျွန်ပြုသည့် ကိရိယာဖြစ်သည်။

တရုတ်ဘက်ကမ်း ရွှေလီမြို့ရှိ တိုက်သစ်များကို မြန်မာဘက်ကမ်း မူစယ်မြို့ဘက်မှ လှမ်းမြင်ရစဉ် /  ဇော်ဇော်

မြန်မာရှိ တရုတ် BRI စီမံကိန်း ဆွစ်ဇာလန်ကုမ္ပဏီ စိစစ်မည်

by နန်းလွင်
15 June 2020
10k

ဆွစ်ဇာလန် ကုမ္ပဏီ၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ကုမ္ပဏီက သူတို့၏ကိုယ်ပိုင် ကုန်ကျစရိတ်အားလုံးကို ကျခံလိမ့်မည်ဟု သိရသည်။

ကျူးဟုဆိုကာ ဖျက်ခံရသည့် အောင်မြေသာစံမြို့နယ်အတွင်းက နေအိမ်တချို့  / CJ

အိုးဘိုထောင်အနီး ရထားလမ်းဘေးနေအိမ်များ ရှင်းလင်းခံရ

by ဧရာဝတီ
12 November 2022
4.1k

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ အိုးဘိုထောင်အနီးက ရထားလမ်းဘေးနေအိမ်များကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားသုံးပြီး ဖယ်ရှားရှင်းလင်းခြင်းများ ပြုလုပ်နေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ RCSS ရုံးမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က တွေ့ဆုံနေကြစဉ် / Tai Freedom

တရုတ်အထူးကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးယွက်စစ်ကို ဘာကြောင့်တွေ့တာလဲ

by ချစ်မင်းထွန်း
3 October 2019
31.4k

တရုတ် အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်သည် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဇန်နဝါရီလက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လာရောက် တွေ့ဆုံသွားခဲ့သည်။

မူဆယ်-မန္တလေး ကားလမ်း ချဲ့ထွင် ဖောက်လုပ်မှု မြင်ကွင်း  / ဇော်ဇော်

မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း ဒေါ်လာ ၉ ဘီလီယံခန့် ကုန်ကျမည် ဟု ခန့်မှန်း

by မိုးမိုး
15 May 2019
95.7k

မူဆယ်- မန္တလေး ပြေးဆွဲမည့် ရထားလမ်း စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ ၈. ၉ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း မြန်မာ့ မီးရထားလုပ်ငန်းမှ သိရသည်။

Next Post
ယနေ့ အသက် ၂၀ နှစ်ပြည့် မွေးနေ့အလှူ လုပ်တဲ့ သရုပ်ဆောင် ရွှေမှုံရတီ / ထက်ဝေ / ဧရာဝတီ

“တယောက်တည်း ဖြစ်သွားတဲ့အတွက် လွတ်လပ်တဲ့ အရသာကို ပထမဆုံး ခံစားဖူးတာ” ဆိုတဲ့ ရွှေမှုံရတီ

စန္ဒီမြင့်လွင်နှင့် သူ့ခင်ပွန်းဖြစ်သူ သီဟလွင် / Sandy Myint Lwin's Facebook

စကားလုံး လှလှတွေနဲ့ ယောကျာ်းကို ချုပ်လိုက်တဲ့ အဆိုတော် စန္ဒီမြင့်လွင်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

2 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate