မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ထံမှ တန်ဖိုးကြီး လက်ကိုင်အိတ် ၂၈၄ အိတ်အပါအဝင် ငွေ၊ လက်ဝတ်ရတနာနှင့် အခြားအဖိုးတန်ပစ္စည်းများပါဝင်သည့် ခရီးဆောင်သေတ္တာ ၇၂လုံးကို ရဲတပ်ဖွဲ့က သိမ်းဆည်းကြောင်း သိရသည်။
စီးပွားရေးနှင့်ဆိုင်သည့် ရာဇဝတ်မှုများ တိုက်ဖျက်ရေးဌာန အကြီးအကဲ အေမာဆင်းက အဆိုပါ အဖိုးတန်ပစ္စည်းများကို နာဂျစ်နှင့် ဆက်နွယ်မှုရှိသည့် တိုက်ခန်းများမှ သိမ်းဆည်းရမိခြင်းဖြစ် ကြောင်း၊ နာဂျစ် အာဏာရစဉ်က နိုင်ငံပိုင် ရင်းနှီးမြုပ် နှံမှု ရန်ပုံငွေလုပ်ငန်း (1MDB) မှ အလွှဲသုံး စား ပြုခဲသည်ဆိုသော ငွေကြေးအရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှု တစိတ် တဒေသဖြစ်ကြောင်း ပြောသည်။
အမေရိကန် စုံစမ်းစစ်ရေးမှူးများကတော့ နာဂျစ်နှင့် အပေါင်းအပါများသည် နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေလုပ်ငန်း (1MDB) ထဲမှ အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံကို ခိုးယူထားကြောင်း ဆိုသည်။
ထို့ကြောင့် မလေးရှားရဲများကလည်း နာဂျစ်နှင့် တခြားသော ပိုင်ဆိုင်မှုများကို စစ်ဆေးရှာဖွေနေ ခြင်းဖြစ်ကြောင်းဆိုသည်။
မြန်မာနိုင်ငံမှ ရခိုင်ပြည်အရေးကို နိုင်ငံရေးခုတုံးလုပ်ခဲ့သူ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်သည် မေလ ၉ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ဦးဆောင်သည့် အတိုက်အခံအဖွဲ့ကို ရှုံးနိမ့်ပြီး နိုင်ငံမှ ထွက်ခွာရန် ကြံစည်နေစဉ် လူဝင်မှု ကြီးကြပ် ရေးက ပြည်ပထွက်ခွာခွင့် ပိတ်ပင်ကာ နာမည်ပျက်စာရင်းသွားခံထား ရသူဖြစ်သည်။
အလားတူ သူ၏ နေအိမ်ကိုလည်း ရဲများဖြင့် စောင့်ကြပ်ပိတ်ဆို့ထားလိုက်ပြီး၊ လမ်းအတွင်း လူဝင်လူထွက်ကိုပါ စစ်ဆေးစေခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန် – ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို နာမည်ပျက်စာရင်းသွင်း ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီ
ဝန်ကြီးချုပ်ဟောင်း နာဂျစ် အိမ်အဝင်အထွက် ရဲ ပိတ်ဆို့ထားလိုက်ပြီ
မလေးရှားအတိုက်အခံခေါင်းဆောင် အန်နဝါ အီဗရာဟင် လွတ်မြောက်လာ