• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Reuters သတင်းထောက် ဖုန်းမှတ်တမ်းအချို့ကို သက်သေခံတင်ရန် တရားလိုကြိုးပမ်း

by ထွန်းထွန်း
21 May 2018
in သတင်း
A A
ယနေ့ ရုံးထုတ်လာသည့် Reuters သတင်းထောက်  / မျိုးမင်းစိုး / ဧရာဝတီ

ယနေ့ ရုံးထုတ်လာသည့် Reuters သတင်းထောက် / မျိုးမင်းစိုး / ဧရာဝတီ

39.5k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံထားရသည့် Reuters သတင်းထောက်နှစ်ဦး၏ ဖုန်းထဲမှ စာရွက် စာတမ်းအချို့အား ထိပ်တန်းလျှို့ဝှက်ဟု တရားလိုပြသက်သေ ရဲမှူး အောင်ကျော်ဆန်း က ထွက်ဆိုပြီးနောက် သက်သေခံ အဖြစ် တရားရုံးမှ လက်ခံရန် တရားလိုရှေ့နေက ယနေ့မေလ ၂၁ ရက်နေ့ရုံးချိန်းတွင် တင်ပြသည်။

သက်သေခံအဖြစ်တင်ပြခဲ့သည့် စာရွက်စာတမ်း ၂၁ ရွက်တွင် ရခိုင်ပြည်နယ် အတွင်း စီမံကိန်းအချို့နှင့်ပတ်သက် သည့် ထုတ်ပြန်ချက်၊ ဒုရဲမှူးဟောင်း မိုးရန်နိုင် ရာထူးတိုး ထုတ်ပြန်ချက်၊ ပုပ်ရဟန်းမင်းကြီး လာရောက်စဉ် ခရီးစဉ် လမ်းကြောင်း ထုတ်ပြန်ချက်နှင့် လွှတ်တော်ထုတ်ပြန်ချက်များ ပါဝင်ပြီး Reuters ၏ရှေ့နေမှ သက်သေခံဥပဒေ နှင့် မညီဟုဆိုကာ တင်ပြချက်ကို ကန့်ကွက်ခဲ့သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
548
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
293
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.7k

Reuters သတင်းထောက် နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင် က “ကျနော့အမှုသည်တွေ ပြောပြချက်အရ ဒီအချက် အလက်တွေထဲက တချို့ဟာတွေက သူတို့တောင်မသိဘူး၊ ဒါတွေကို အထူးထိပ်တန်း လျှို့ဝှက်တွေပါ ဆိုပြီးတော့ သက်သေခံသွင်းပြီး အမှုခိုင်မာအောင် ကြိုးစားလာတဲ့သဘောပေါ့” ဟု ပြောသည်။

ယနေ့တရားခွင်သို့ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည့် ရဲမှူး အောင်ကျော်ဆန်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာနမှ ဖြစ်ပြီး သတင်းထောက်နှစ်ဦး၏ ဖုန်းများကို နေပြည်တော်တွင် ယူဆောင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

၎င်း၏ ထွက်ဆိုချက်များတွင် ဖမ်းဆီးခံသတင်းထောက်နှစ်ဦး ဖော်ထုတ်ခဲ့သည့် အင်းဒင်ကိစ္စနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ မပါဝင်ခဲ့ဘဲ ထွက်ဆိုချက် အားလုံးသည် အပြောသာရှိပြီး ခိုင်လုံသည့် သက်သေပြရန် လိုအပ်ကြောင်း လည်း Reuters ၏ရှေ့နေများကပြောသည်။

Reuters သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးခင်မောင်ဇော် က “သက်သေခံ ဥပဒေနဲ့ မညီဘူးဗျာ၊ မူရင်နဲ့ တိုက်ဆိုင်ပြီးမှ စစ်ဆေးရမယ်” ဟု ပြောသည်။

ယနေ့ ရုံးထုတ်လာသည့် Reuters သတင်းထောက် (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

တရားရုံးအနေဖြင့် တရားလိုသက်သေ ထွက်ဆိုခဲ့သည့် စာရွက်စာတမ်း ၂၁ ရွက်အား သက်သေခံ တင်ပြမှုကိုဖုန်းထဲမှ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ၎င်းတယ်လီဖုန်းများမှာ အားကုန်နေသဖြင့် မနက်ဖြန် မေလ ၂၂ ရက်နေ့ ရုံးချိန်းတွင် တိုင်ဆိုင်စစ်ဆေးကာ သက်သေခံ တင်ပြမှုကိုလက်ခံ၊ မခံ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

တရားလိုပြသက်သေ ရဲမှူး၏ ထွက်ဆိုချက်များတွင် ၎င်းတို့စစ်ကြောရေး၌ ရှိနေစဉ် ပြောကြားမှုများနှင့် အင်းဒင် လူသတ်မှု ကိစ္စများအား တင်ပြခဲ့ခြင်းမရှိဘဲ ၎င်းတို့သိရှိထားခြင်းမရှိသည့် စာရွက်စာတမ်းများအား တင်ပြလာခြင်းသည် တရားစွဲဆိုထားသည့် ပုဒ်မနှင့် မငြိ၊ ငြိအောင်လုပ်နေသည့် အနေအထားမျိုးကို သံသယဝင်မိကြောင်း သတင်းထောက် ကိုဝလုံးကပြောသည်။

သတင်းထောက်နှစ်ဦး၏ ဖုန်းအားစစ်ဆေးရာတွင် ရဲတပ်ဖွဲ့က အသုံးပြုခဲ့သည့် နည်းပညာဆိုင်ရာ ဆော့ဝဲလ်သည် နိုင်ငံပေါင်း ၁၅၀ ခန့်က လက်ခံသုံးစွဲနေသည့် နည်းပညာတခုဖြစ်ပြီး ၎င်းအနေဖြင့် တက်ရောက်ခဲ့ဖူးသည့် နည်းပညာ ဆိုင်ရာ သင်တန်း၊ အလုပ်ရုံးဆွေးနွေးပွဲများနှင့် ပတ်သက်၍လည်း ရဲမှူးအောင်ကျော်ဆန်းက တရားခွင်အတွင်း တနာရီခန့် တင်ပြခဲ့သည်။

Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက ဒုတပ်ကြပ် နိုင်လင်းနှင့် မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တခုသို့ သွားရောက်တွေ့ဆုံပြီး ဆိုင်မှပန်အထွက်တွင် ရခိုင်အရေး လျှို့ဝှက် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲဆိုခံနေရခြင်း ဖြစ်သည်။

ဒုတပ်ကြပ်နိုင်လင်းအနေဖြင့် ၎င်းတို့အား စာရွက်ပေးသူဖြစ်ကြောင်း ဖမ်းဆီးခံ သတင်းထောက်များက ပြောဆိုကြ သော်လည်း ပြီးခဲ့သည် မေလ ၁၆ ရက်နေ့ရုံးချိန်းတွင် သတင်းထောက် ကိုဝလုံးအား မည်သည့်စာရွက် စာတမ်းမှ မပေးခဲ့ကြောင်း ဒုတပ်ကြပ်နိုင်လင်း က ထွက်ဆိုခဲ့သည်။

အမှုတွင် သတင်းထောက်များအား ရခိုင်ကိစ္စသတင်း ဖြေကြားသည်ဟု ဆိုကာ ဒုရဲမှူးဟောင်း မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူခဲ့ရသည်။

၎င်းတို့နှစ်ဦးထဲမှ ဒုရဲမှူးဟောင်း မိုးရန်နိုင်မှာ ဧပြီ ၂၀ ရက်နေ့ ရုံးချိန်းတွင် ရဲမှူးချုပ် တင်ကိုကို၏ ဦးစီးမှုဖြင့် ဒုတပ်ကြပ် နိုင်လင်းမှ ကိုဝလုံးထံ စာရွက်သွားရောက် ပေးစေကာ အမှုဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ထိုသို့ထွက်ဆိုပြီး ၅ ရက်အကြားတွင် ၎င်းအနေဖြင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရသည်။

တရားလိုပြသက်သေစာရင်းတွင် ပါဝင်နေသည့် တပ်ကြပ်ကြီး ခင်မောင်လင်း အား ရာထူးမှ အပြီးတိုင် ထုတ်ပယ်ခဲ့ပြီးဖြစ်ကြောင်း ရဲမှုခင်းဌာနက တရားခွင်အတွင်း ပြောဆိုထားသော်လည်း သက်သေထွက်ဆိုပေးရန် အတွက် လက်ရှိမည်သည့်နေရာတွင်ရှိနေသည်ကို မသိကြောင်းလည်း ပြောဆိုခဲ့သည်။

Your Thoughts …
Tags: Reuters
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

စာနယ်ဇင်းအဖွဲ့အစည်း အများအပြားက ယခုကဲ့သို့ သတင်းထောက်များကို ဖမ်းဆီးခြင်းသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောသည် / Reuters

ဖမ်းဆီးခံသတင်းထောက် နှစ်ဦးကို ဒုတိယအကြိမ် ရုံးထုတ်မည်

by ဧရာဝတီ
10 January 2018
5.1k

ဝလုံး နှင့် ကျော်စိုးဦး တို့ကို မြန်မာနိုင်ငံက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်မှုဖြင့် စွပ်စွဲခဲ့သည်။ ထိုဥပဒေသည် လူသုံးနည်းသည့် ကိုလိုနီခေတ် ဥပဒေတခု ဖြစ်ပါသည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီး ၂၀၁၇ အောက်တိုဘာ ၂၇ ရက်တွင် တွေ့ရှိရသော လူအရိုး / Reuters

အင်းဒင်ရွာ သတ်ဖြတ်မှု စုံစမ်းတွေ့ရှိချက် Reuters ထုတ်ပြန်

by ဧရာဝတီ
9 February 2018
22.4k

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီး လူ ၁၀ ဦး သတ်ဖြတ်ခံရမှုအပေါ် စုံစမ်းထားချက်ကို Reuters က ထုတ်ပြန်ခဲ့သည်။

ယနေ့လွတ်မြောက်လာသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး / Reuters

Reuters သတင်းထောက် ၂ ဦး လွှတ်ပေးမှု အစိုးရ နာမည်ကောင်းရ

by ထွန်းထွန်း
7 May 2019
13.5k

Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား လွတ်ငြိမ်းချမ်းသားပေးခြင်းသည် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ ကူးပြောင်းရေး ကတိကဝတ် လက္ခဏာ တရပ်အား မြန်မာအစိုးရ ပြသခဲ့ခြင်းဖြစ်ကြောင်း

ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့၏ ဇနီးများ  / ထက်ဝေ / ဧရာဝတီ

Reuters သတင်းထောက်၂ ဦး သမ္မတ လွတ်ငြိမ်းဖြင့် လွတ်လာရန် မိသားစုဝင်များ မျှော်လင့်နေ

by သဇင်လှိုင်
2 May 2019
75.7k

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသည့် ရိုက်တာ သတင်းထောက် ၂ ဦး၏ အမှုကို ထက်မံ အယူခံဝင်တော့မည် မဟုတ်ကြောင်းနှင့် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာကိုသာ မျှော်လင့်လျက်ရှိကြောင်း မိသားစုဝင်များက ဆိုသည်။

Reuters သတင်းထောက် ဦးသက်ဦးမောင် ခေါ် ကိုဝလုံး / Myanmar Press Photo Agency

Reuters သတင်းထောက် ၂ဦးကို အရေးယူမှု သမ္မတရုံး၏ ခွင့်ပြုချက်ပါဟု ဆို

by ထက်နိုင်ဇော်
17 December 2017
12k

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က Unity ဂျာနယ် သတင်းထောက်များကို ဤပုဒ်မမျိုးဖြင့် အရေးယူစဉ်က ကာကွယ်ရေး ဝန်ကြီးဌာန သည် သမ္မတထံမှ ခွင့်ပြုချက် ရယူခဲ့ကြောင်း

ယနေ့ ဟနွိုင်းမြို့တွင် ပြုလုပ်သည့် A Conversation with Daw Aung San Suu Kyi, State Counsellor of Myanmar” အပြန်အလှန်ဆွေးနွေးပွဲတွင် World Economic Forum ၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင် Børge Brendeနှင့် ဆွေးနွေးနေသည့် ဒေါ်အောင်ဆန်းစုကြည် / Ministry of Foreign Affairs Myanmar

Reuters အမှု ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ပြောကြား

by ဧရာဝတီ
13 September 2018
9.1k

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Reuters သတင်းထောက် ၂ဦး ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ လွတ်လပ်သော သတင်းမီဒီယာ အပေါ် တားဆီးပိတ် ပင်ခြင်းဖြစ်သည် ဆိုသော နိုင်ငံတကာ၏ ဝေဖန်မှုအား အခိုင်အမာ ကာကွယ်ပြောဆိုသွားသည်။

Next Post
YESC မှ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်နေစဉ်  /  YESC

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးကြိုးများ လဲလှယ်ရန် ၂၃ မြို့နယ်၂ ရက် မီးဖြတ်မည်

ကိုယ်ထိ လက်ရောက် ရိုက်နှက်ခံရသည့် ယာဉ်မောင်း ဦးအောင်မြတ်  / နန်းလွင်နှင်းပွင့်  / ဧရာဝတီ

YBS ၂၀ ယာဉ်မောင်း ၂ ဦး နစ်နာကြေးမရ၍ ခုံသမာဓိရုံးသို့ ထပ်မံတိုင်ကြား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate