နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေ(1MDB)မှ အမေရိကန် ဒေါ်လာ ဘီလျံနှင့်ချီ၍ အပျောက်ရိုက် ထား သည်ဆိုသော စွပ်စွဲချက်နှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီသို့ ယနေ့ လာရောက်အစစ်ဆေးခံကြောင်း သိရသည်။
နာဂျစ်နှင့် အပေါင်းအပါများသည် အာဏာရှိစဉ်က နိုင်ငံပိုင် ကျန်းမာရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၄.၅ ဘီလျံကို ရယူထားသည်ဟု စွပ်စွဲချက်နှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ မေးမြန်းမှုများကို ဖြေဆိုရန် ဆင့်ခေါ်ထားခြင်းဖြစ်သည်။
ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ နာဂျစ်က လူထုဘဏ္ဍာကို ခိုးယူခြင်းမရှိကြောင်း ပြီးခဲ့သည်ရက်က ပြောဆိုခဲ့သော် လည်း ၎င်းပိုင်ဆိုင်သည့် တိုက်ခန်းများမှနေ၍ ငွေ၊ လက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများ ထည့်ထားသည့် ခရီးဆောင် သေတ္တာ ၇၂လုံး၊ အဖိုးတန် လက်ကိုင်အိတ် ၂၈၄ အိတ်ကို သိမ်းဆည်းထားပြီးဖြစ်သည်။
ပြီးခဲ့သည့် မေလ ၉ရက်နေ့ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်၏ အတိုက်အခံအဖွဲ့ကို ရှုံးနိမ့်ပြီး နောက်ပိုင်းတွင် နာဂျစ်နှင့် မိသားစုကို ပြည်ပထွက်ခွင့် ပိတ်လိုက်ပြီး နာမည်ပျက်စာရင်းလည်း သွင်းပြီးဖြစ်သည်။
နာဂျစ်သည် အာဏာရစဉ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားစဉ်များကို အကြောင်းပြုကာ နိုင်ငံရေးခုတုံးအဖြစ် အသုံးချခဲ့သူလည်းဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – လူထုဘဏ္ဍာ မခိုးခဲ့၊ နိုင်ငံရေး ထိုးနှက်ခြင်းသာဖြစ်ဟု ဝန်ကြီးချုပ်ဟောင်း နာဂျစ်ပြော
ဝန်ကြီးချုပ်ဟောင်းနာဂျစ် ပိုင်ဆိုင်သည့် ငွေနှင့် အဖိုးတန်ပစ္စည်းများ မလေးရှားရဲ သိမ်း
ဝန်ကြီးချုပ်ဟောင်း နာဂျစ် အိမ်အဝင်အထွက် ရဲ ပိတ်ဆို့ထားလိုက်ပြီ
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို နာမည်ပျက်စာရင်းသွင်း ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီ