သတင်း

စီးပွားရေး ကြော်ငြာများကို ကြပ်မတ်မည်ဟု ပြန်ကြားရေး ဒု ဝန်ကြီး ပြော

Want create site? Find Free WordPress Themes and plugins.

လူမှုကွန်ရက်နှင့် မီဒီယာပေါင်းစုံ၌ ကုန်ပစ္စည်းမျိုးစုံအား ယုတ္တိမတန်စွာ အမွှမ်းတင် ကြော်ငြာ ရောင်းချနေခြင်း များကို ကြပ်မတ် သွားမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးအောင်လှထွန်း က ပြောသည်။

မေလ ၂၁ ရက်က ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး၌ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒ နယ် အမှတ်၂ မှ ဦးထွန်းထွန်းဦးက ယနေ့ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင်တချို့သည် မီဒီယာပေါင်းစုံကို အသုံး ပြု ၍ အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန်၊ စိုက်ပျိုးရေးလုပ်ငန်း အစရှိသည့် ကုန်ပစ္စည်းများကို လွန်လွန်ကဲကဲ အမွှမ်း တင် ကြော်ငြာနေခြင်းကို ကြပ်မတ် ထိန်းသိမ်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း မေးမြန်းရာတွင် ယင်းကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ဦးအောင်လှထွန်းက“ကုန်ပစ္စည်း မျိုးစုံကို ယုတ္တိမတန်စွာ အမွှမ်းတင်လျက် ကြော်ငြာနေကြခြင်းရဲ့ အန္တရာယ်ဆိုးကို ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ကောင်းစွာသိရှိပြီး ယင်းတို့ကို ပိုမိုထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အခြား သော ဝန်ကြီး ဌာနများ၊ အစိုးရ မဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါ တယ်”ဟု ဖြေကြားသည်။

ထိုသို့သော ကြော်ငြာမှုများသည် ၂၀၁၄ ခုနှစ် စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့် ငြိစွန်းနေကြောင်း ဦးထွန်းထွန်းဦးက လည်း ပြောကြားသည်။

“တကယ့် ရှိရင်းစွဲ အခြေအနေထက် ပိုပြီး ကြော်ငြာနေတာဟာ စီးပွားရေး ကျင့်ဝတ်ကို ဖောက်ဖျက်ရုံတင် မကဘဲ လိမ်ညာတဲ့ သဘောတွေတောင် တွေ့လာရတယ်။ အဲဒါကြောင့် ပြန်ကြားရေးရော၊ အစိုးရ တာဝန်ရှိသူတွေကပါ ထိန်း သိမ်း ကြပ်မတ်ဖို့ လိုပြီဆိုတဲ့ သဘောနဲ့ မေးခွန်း မေးခဲ့တာပါ”ဟုလည်း ၌က လွှတ်တော် အစည်းအဝေး အပြီး၌ မီဒီယာ များကို ပြောသည်။

ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ နေ့စဉ် ထုတ်လွှင့်လျက်ရှိသည့်  ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များ၊ နိုင်ငံပိုင် သတင်းစာများ၊ အကျိုးတူ ဆောင်ရွက်လျက် ရှိသည့် ရုပ်သံလွှင့် ကုမ္ပဏီများ အတွက် အများပြည်သူ ဝန်ဆောင် မှု ကြော်ငြာ မူဝါဒကို ထုတ်ပြန်သည့် အခါတွင် သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာ ဆောင် ရွက်မှု ရှိကြောင်းလည်း ဦးအောင်လှထွန်းက လွှတ်တော် အစည်းအဝေး အတွင်း ဖြည့်စွက် ဖြေကြားသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading