မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ထံမှ မလေးရှား ရင်းဂစ် ၁၁၀ မီလျံကျော်(အမေရိကန်ဒေါ်လာ ၂၇.၆ မီလျံ) သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့ထံမှရရှိသည့် သတင်းကို ကိုးကား၍ Channel News Asia ဆိုသည်။
နာဂျစ်၏ တိုက်ခန်းများမှ အဖိုးတန်အိပ်များနှင့် ရွှေ၊ ငွေနှင့် အဖိုးတန်ပစ္စည်းများ ပါဝင်သည်ဟု ယူဆရသည့် ခရီးဆောင် သေတ္တာ ၇၂လုံး၊ အဖိုးတန် လက်ကိုင်အိတ် ၂၈၄အိတ်ကို ရဲတပ်ဖွဲက ပြီးခဲ့ သည့် တပတ်က သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ အိတ်များအတွင်းမှ ငွေကြေးနှင့် ပစ္စည်းများကို စုံစမ်းစစ်ဆေးရေးမှူးများက တနင်္လာနေ့က စတင်ရေတွက်ခဲ့ခြင်း ဖြစ်ကြောင်း Malay Mail Online သတင်းကလည်း ဆိုသည်။
သိမ်းဆည်းရမိသည့် အဆိုပါငွေများကို မလေးရှား ဗဟိုဘဏ် Negara Malaysia သို့ သယ်ဆောင် မည်ဖြစ်ကြောင်း စီးပွားရေးနှင့် သက်ဆိုင်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဒါရိုက်တာ အေမာဆင်း အီရှာဆင်းက ပြောကြောင်းဖော်ပြထားသည်။
အမည်မဖော်လိုသူ တဦးကို ကိုးကား၍ ဖော်ပြသည့် Bernama သတင်းအဆိုအရ နာဂျစ်ထံမှ သိမ်း ဆည်းရမိသည့် ငွေများကို ရေတွက်ရာတွင် Negara ဘဏ် အပါအဝင် တခြားသော အေဂျင်စီ များမှ ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း၊ တနင်္လာနေ့မှ စတင်ရေတွက်ရာ ဗုဒ္ဓဟူးနေ့ ညနေ ၄နာရီတွင် ပြီးဆုံး ကြောင်း၊ ငွေသားမှာ ရင်းဂစ် ၁၁၀ မီလျံကျော်ကြောင်း သိရသည်။
ထို့အပြင် အဖိုးတန် လက်ဝတ်ရတနာများအပါအဝင် သိမ်းဆည်းထားသည့် တခြားသော ပစ္စည်းများ ကိုလည်း မလေးရှား ဗဟိုဘဏ်သို့ သယ်ဆောင်ကြောင်း သိရသည်။
နိုုင်ငံပိုင် ရင်းနှီမြုပ်နှံမှု ရန်ပုံငွေ(1MDB)မှ နာဂျစ်အပေါင်းအပါများက အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ အပျောက်ထားသည် ဟု စွပ်စွဲချက်ဖြင့် အဂတိလိုက်စားမှု အေဂျင်စီက နာဂျစ်အား ယနေ့ ဒုတိယအကြိမ် ဆင့်ခေါ်စစ်ဆေးလျှက်ရှိသည်။
ပြီးခဲ့သည် အင်္ဂါနေ့က ပထမအကြိမ် စစ်ဆေးရာ အချိန် ၄နာရီခွဲ ယူ၍ နာဂျစ်အား စစ်ဆေးခဲ့သည်ဟု The Star Onlie သတင်းကဆိုသည်။
ပြီးခဲ့သည့် မေလ ၉ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒေါက်တာ မဟာသီယာ မိုဟာမက်၏ အစိုးရအနေဖြင့် တိုင်းပြည်၏ ကြွေးမြီမှာ ပြည်တွင်းထုတ်ကုန်တန်ဖိုး(GDP)၏ ၆၅ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းကြွေးမြီများကိစ္စကို ဖြေရှင်းရာ ရာတွင် အစိုးရအဖွဲ့ဝင်များ၏ လစာ ၁၀ရာခိုင်နှုန်း လျော့ချ၍လည်းကောင်း၊ စီမံကိန်းတချို့ကို ဖျက်သိမ်းခြင်း၊ ပြန်လည် သုံးသပ်ခြင်းများ ပြုလုပ်၍ ဖြေရှင်းမည်ဟု သိရသည်။
မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်သည် အာဏရစဉ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ အဖြစ်အပျက် များကို သူ၏ နိုင်ငံရေး တက်လမ်းအတွက် ခုတုံးလုပ်ခဲ့သူလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ ငွေကြေး အရှုပ်တော်ပုံ စတင်စစ်ဆေး
လူထုဘဏ္ဍာ မခိုးခဲ့၊ နိုင်ငံရေး ထိုးနှက်ခြင်းသာဖြစ်ဟု ဝန်ကြီးချုပ်ဟောင်း နာဂျစ်ပြော
ဝန်ကြီးချုပ်ဟောင်းနာဂျစ် ပိုင်ဆိုင်သည့် ငွေနှင့် အဖိုးတန်ပစ္စည်းများ မလေးရှားရဲ သိမ်း
ဝန်ကြီးချုပ်ဟောင်း နာဂျစ် အိမ်အဝင်အထွက် ရဲ ပိတ်ဆို့ထားလိုက်ပြီ
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို နာမည်ပျက်စာရင်းသွင်း ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီ