ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ ARSA က ရခိုင်ပြည်နယ်တွင် ဟိန္ဒူ ဘာသာဝင်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)က သက်သေသက္ကာယဖြင့် ထုတ်ပြန်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် က မယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်ကို ကိုးကား၍ Dhaka Tribune သတင်းကဆိုသည်။
AI အဖွဲ့၏ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်တွင် ၂၀၁၇နှစ် သြဂုတ်အတွင်းက ARSA အဖွဲ့သည် ဟိန္ဒူဘာသာဝင် အမျိုးသမီး၊ အမျိုးသား၊ ကလေး စုစုပေါင်း ၉၉ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီက “ယုတ္တိလည်း မရှိပါဘူး၊ ဘယ်သူမှလည်း မယုံကြပါဘူး၊ လက်ရှိဆွေးနွေးနေတဲ့ ဘင်္ဂါလီတွေ နေရပ်ပြန်ရေးလည်း ထိခိုက်လိမ့်မယ် မထင်ဘူး” ဟု မနေ့က သတင်းထောက်များနှင့် ၎င်း၏ ရုံးခန်းတွင် တွေ့ဆုံရာ၌ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
ထို့အပြင် AI အနေဖြင့် ယခုအစီရင်ခံစာအား ဘာကြောင့် အချိန်နှောင်းမှ ထုတ်ပြန်ရသလဲဟု မေးခွန်းထုတ်ပြီး၊ နောက် ကွယ်တွင်လည်း ရည်ရွယ်ချက် ရှိပုံရသည်ဟု စွပ်စွဲပြောကြားခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) မှ ရရှိသောခဲ့သော သတင်းရင်းမြစ်များနှင့်ပတ်သက် ၍လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက အံ့အားသင့်မိသည်ဟု ဆိုသည်။
ဆက်စပ်ဖတ်ရှု့ရန် – ARSA ၏ အစုလိုက်သတ်ဖြတ်မှု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဖော်ထုတ်
အကြမ်းဖက်သမားများ လက်မှလွတ်မြောက်လာသူ ဟိန္ဒူအမျိုးသမီး မရီခါး နှင့် ဆက်သွယ်မေးမြန်းချက်
အိပ်မက်ဆိုးက နိုးထ မရနိုင်သေးသော မရီခါး