သတင်း

ထိုင်းဘုန်းကြီးများ လုယက်မှု၊ ငွေကြေး အလွဲသုံးစားမှုများဖြင့် ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝပ်ဆမ် ဖရာယာ၊ ဝပ်စကက်နှင့် ဝပ် ဆမ်ဖန်သဝန်အပါအဝင် ၅ကျောင်း ကို ရဲအထူးတပ်ဖွဲ့က အင်အား ၂၀၀ခန့်ဖြင့် ယနေ့နံနက် ၆နာရီက ဝင်ရောက် စီးနင်းပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် ဘုန်းတော်ကြီး ဦးဣစ္ဆာရ အပါအအဝင် သံဃာ့ဥသျှောင် အဖွဲ့ဝင် ဆရာတော် တချို့ကို ငွေကြေးအလွဲသုံးစားမှု၊ လုယက်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်း ကဆိုသည်။

ဝပ်အိုနွိုင်းကျောင်းတိုက် ဆရာတော် ဦးဣစ္ဆာရ မှာ ၂၀၁၃-၁၄ ခုနှစ်များက ဘန်ကောက်၌ဖြစ်ပွားသည့် ဆန္ဒပြပွဲများတွင် ပံပိုးကူညီခဲ့သူတဦးအဖြစ် အထူးထင်ရှားပြီး၊ ၎င်းအား ပြည်သူ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကော်မတီ(PDRC) ဦးဆောင် သည် ဆန္ဒပြပွဲအတွင်း လုယက်မှုများကို ပံ့ပိုးသည် ဆိုသော စွဲချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၃ခုနှစ် ဝန်ကြီးချုပ် ယင်လပ့် အစိုးရ ဆန်ကျင့်ရေး ဆန္ဒပြပွဲများတွင် ရဲအထူးတပ်ဖွဲ့ထံမှ သေနတ်များ လု ယက်ခံရမှုတွင်လည်း ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲထားသည်။

သံဃာ့ဥသျှောင် ကောင်စီအဖွဲ့ဝင်ဖြစ်သည့် ဖရာ နခွန်ခရိုင်မှ ဝပ် ဆမ်ဖရာယာ ကျောင်းထိုင်ဆရာတော် ဖရာဖရွန် ဒီလော့ နှင့် သူ၏ အတွင်းရေးမှူး ဆရာတော် တို့ကိုမူ ကျောင်းတိုက် ရန်ပုံငွေအလွဲသုံးစား မှုဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။

ဝပ်စကက်(ရွှေတောင်ကျောင်းတိုက်) ကျောင်းထိုင်ဆရာတော် ဖရာဖသွန်စစ်တိနှင့် ဝပ်ဆမ်ဖန်သဝန် ကျောင်းထိုင် ဆရာတော်၏ လက်ထောက် ဖရာ ဖသွန် မတ်သီးတို့မှာ တိမ်းရှောင်သွား၍ ကျောင်း တိုက် ရန်ပုံငွေ အလွဲသုံးစားမှုနှင့် အလိုရှိနေကြောင်းသိရသည်။

အဆိုပါ ဆရာတော် ၂ပါးမှာလည်း သံဃာ့ ဥသျှောင်ကောင်စီအဖွဲ့ဝင်များဖြစ်သည်။

ဝပ်စကက်ကျောင်းတိုက်ရှိ ဗုဒ္ဓဘာသာနှင့်ဆက်စပ်သည့်စီမံကိန်းနှစ်ခုအတွက် ရန်ပုံငွေအလွဲသုံးစား မှုမှာ ဘတ်ငွေ ၆၉ သန်း ရှိမည်ဟု ရဲက သံသယရှိနေပြီး ယင်းငွေကြေးကို ပြင်ပမှ လူများက လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ကျောင်းထိုင် ဆရာ တော်ထံတွင် ဘဏ်စာရင်း Account ၁၀ ခုရှိပြီး ယင်း Account များဖြင့် ဘတ်ငွေ သန်း ၁၃၀ ဝန်းကျင် ထုတ်ယူခဲ့ ကြောင်း ရဲက ပြောသည်။ ယင်း account များရှိ ရံပုံငွေအားလုံးကို သက်ဆိုင်ရာက ထိန်းချုပ်လိုက်ပြီဖြစ်သည်။

ဝပ်ကူဒီးသွန်ကျောင်းတိုက်တွင် ဒုတိယကျောင်းထိုင် ဖရာ့ ခရူဝီလက်ကီဂျန်နုကူကို ဆင်ဘူရီရှိ ဝပ်ကူဒီသွန်နှင့် ဝပ်ထရာ ချူတို့မှ အရေးကြီးသည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ၃ ဆူ ခိုးထုတ်ရောင်းချမှုဖြင့် ဖမ်းဆီးထားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ကန်ချနဘူရီ ရှိ နာမည်ကျော် ကျားကျောင်းကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး ပိတ်ပစ်ခဲ့သေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading