• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး အောင်သာယာရပ်ကွက် မီး၊ ကလေးတဦးသေဆုံး

by ဒီလှိုင်းဝင်း
26 May 2018
in သတင်း
A A
ယနေ့ မန္တလေး အောင်သာယာ ရပ်ကွက် မီးလောင်နေစဉ်

ယနေ့ မန္တလေး အောင်သာယာ ရပ်ကွက် မီးလောင်နေစဉ်

16.4k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်တွင် ယနေ့နံနက် ၂နာရီခန့်က မီးလောင်မှု ဖြစ်ပွားရော ၁၂နှစ် အရွယ် ကလေးငယ်တဦး သေဆုံးပြီး၊ လူကြီးတဦး ဒဏ်ရာရရှိကြောင်း မန္တလေး ခရိုင်မီးသတ်ဦးစီးဌာနက သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ အောင်သာယာရပ်ကွက်၊ ၄၄လမ်းနှင့်၄၅လမ်းကြား၊ ပိတောက်လမ်းနှင့် မြတ်လေး လမ်းကြား ရှိ ပေ၃၀×၂၀ပေ အုတ်ညှပ်နံကပ်၊သွပ်မိုး၂ထပ်နေအိမ်အောက်ထပ် အိပ်ခန်း အတွင်း ကုတင်ဘေး၌ ခြင်းဆေးခွေ မီးထွန်း ထားရာမှ မွေ့ရာသို့ကူးဆက်ကာ မီးလောင်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
55
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
100
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
87

မန္တလေး ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်က “မီးလောင်မှုကို သတင်းရတော့ Level 2 သုံးခဲ့တယ်၊ ခြင်ဆေးခွေထွန်းပြီး ညအိပ်တယ်၊ လူကအိပ်ပျော်သွားရင် ဘာမှကို မသိတော့ဘူး၊ အိပ်ပျော်ချိန် ခြင်းဆေး ခွေကို တွန်းမိတိုက်မိသွားမယ်၊ မွေ့ရာပေါ်ကျပြီး မီးကအူလာမယ်၊ မီးခိုးတွေ ထွက်လာမယ်၊ မီးခိုးကနေ မီးတောက်လိုက် လာတယ်၊ ဖြစ်စဉ်က လူတွေအိပ်ပျော်နေတဲ့ အချိန်မျိုးမှာဖြစ်တာဆိုတော့ အသက်အန္တရာယ်ရှိခဲ့တာလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် အိမ်ပိုင်ရှင်၏ မြေးဖြစ်သူ အသက်၁၂အရွယ် မောင်ဝေယံဖြိုးမှာ သေဆုံး ခဲ့ပြီး၊ ပိုင်ရှင်၏သားဖြစ် သူ ဦးအောင်ကျော်စိုး(၃၃)နှစ်မှာ ယာလက်မောင်း၊ ဝဲပေါင်၊ မျက်နှာ၊ ရင်ဘတ်နှင့် ကုတ်ပိုးများတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါ ကုဆေးရုံးကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

“သေဆုံးတဲ့ကလေးအိပ်ပျော်နေတဲ့အခန်း မီးလောင်လို့ အပူအားများပြီးဆိုမှ လူကြီးတွေက သိတာ၊ အဲဒီအချိန်မှာ ကလေး ကို ဆွဲထုတ်တဲ့အချိန်မှာ သူ့အဖေလည်း မီးဟတ်သွားခဲ့တယ်၊ လက်ရှိအချိန်မှာ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်”ဟု ဦးထက်အောင်က ဆက်လက်ပြောသည်။

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူူ ဦးသန်းဇော်ဦး ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့် သန္ဓေတပ်ဖွဲ့ ဝင်(၇၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ ရေသယ်ယာဉ် ၆စီး၊ ကွပ်ကဲမှုယာဉ် ၂ စီးတို့ဖြင့်ငြှိမ်းသတ် ခဲ့ရာ နံနက် ၂ နာရီ ၂၅ မိနစ်ချိန်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် ပေ၃၀×၂၀ပေ အုတ်ညှပ်နံကပ်၊သွပ်မိုး၂ထပ်နေအိမ်တလုံး၊ ပေ၃၀× ၁၅ပေ အုတ်ညှပ်နံကပ်၊ သွပ်မိုး၂ထပ်နေအိမ်တလုံးနှင့် Mitsubishi Pajero ကားတစီး ဆုံးရှုံးခဲ့ပြီး၊ စုပေါင်းတန်ဖိုး ကျပ် ၈၉၅၀၀၀၀ ခန့် ဆုံးရှုံးခဲ့ ကြောင်း မီးလောင်မှုမှတ်တမ်းများအရ မန္တလေးခရိုင် မီးသတ်ဦးစီးဌာနက သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အဆိုပါအိမ်ပိုင်ရှင် ဦးတိုး ၅၅နှစ် (ဘ) ဦးစိုးသိန်းအား ချမ်းမြသာစည် မြို့နယ်၊ အောင်ပင်လယ် ရဲစခန်းမှ (ပ)၂၇၉/၂၀၁၈၊ ပုဒ်မ ၂၈၅၊ ရာဇသတ်ကြီးဥပဒေ ၃၀၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

“ပြောချင်တာကတော့ အိပ်တဲ့အချိန်တွေမှာ မီးကိုပေါ့ဆစွာမသုံးစွဲသင့်ဘူး၊ ညအိပ်တော့မယ်ဆိုရင် မိမိတို့အိမ်မှာ အားသွင်း ထားတာတွေ ဖြုတ်ထားသင့်တယ်၊ မီးဖိုချောင် မီးသုံးစွဲမှုတွေကိုလည်း စစ်ဆေးသင့်တယ်၊ ညအိပ်မီးလောက်ပဲ ထွန်း ထားပြီးတော့ ကျန်တာတွေ အသုံးသင့်ဘူး၊ အဲယားကွန်းတွေအသုံးပြုမယ်ဆိုရင်လည်း လုံခြုံစိတ်ချရတဲ့ Sagfeguard မျိုးကို သုံးသင့်တယ်၊ ပြည်သူကို အသိပေးချင်တာကတော့ မိမိတို့ရပ်ကွက်မှာရှိတဲ့ အရံမီးသတ်တပ်ဖွဲ့ရဲ့ ဖုန်းနံပါတ်တွေနဲ့ သက်ဆိုင်ရာရဲ့ဖုန်းနံပါတ်တွေကို ရယူထားသင့်တယ်လို့ အကြံပြုချင်ပါတယ်” ဟု ဦး ထက်အောင်က ပြောသည်။

မန္တလေးခရိုင်အတွင်း၌ မေလ၁ရက်နေ့မှ ၂၆ရက်နေ့အထိ မီးလောင်မှုအကြိမ်ရေ ၁၃ကြိမ်အထိ ရှိခဲ့ပြီး မေ၂၂ ရက်နေ့က ချမ်းအေးသာစံမြို့နယ်၊ မန်းမြန်မာပလာဇာအပေါ်ထပ် မီးလောင်မှု၊ ၂၃ ရက်က အောင်မြေသာစံမြို့နယ် လျှပ်စစ်ဓါတ်အား ခွဲရုံ၊ ထရန်စဖေါ်မာ မီးလောင်မှု၊ ၂၄ ရက်နေ့က အောင်မြေသာစံမြို့နယ်၊ အမရဌာနီရပ်ကွက် နေအိမ်မီးလောင်မှု၊ မေ ၂၅ ရက်က အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ နေအိမ်တစ်ခုတွင် ဘုရားမီးပူဇော်စဉ် အိမ်ထရံ မီးစွဲလောင်ကာ မီးလန့်ခဲ့မှုများ ဖြစ်ပွားခဲ့ရာ ယခုရက်ပိုင်းအတွင်း နေ့စဉ်ဖြစ်ပွားနေလျက်ရှိကြောင်း၊ အဆိုပါမီးလောင်မှုများအနက် လူအသက်သေဆုံးမှုမှာ ယခု မီးလောင်မှုတမှုသာရှိကြောင်း သိရသည်။

Your Thoughts …
Tags: မီးလောင်မှု
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

စေတနာ့ဝန်ထမ်း မီးသတ်သမား ဦးမော်စီကို သူ၏ နေအိမ်တွင် တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

အသက်နဲ့ ခန္ဓာတည်မြဲသရွေ့ မီးသတ်သမား လုပ်နေဦးမယ့် ဦးမော်စီ

by သဇင်လှိုင်
25 February 2020
17.7k

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရန်ကုန်မြို့လယ်ခေါင်ရှိ သံဈေး မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 5 အဆင့်ထိ လောင်ကျွမ်းခဲ့သည်။ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သလို မီးသတ်ဝန်ထမ်း အင်အား ၅၀၀ ခန့် အသုံးပြု ငြိမ်းသတ်ခဲ့ရပြီး ထိုမီးသတ်သမားများထဲတွင်...

မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ ဦးအောင်ဇော်မင်း၏ စက်သုံးဆီ ရောင်းချသော နေအိမ် တွင် မီးလောင်မှု ဖြစ်ပွားနေစဉ် / သားကြီး

မော်လမြိုင် ဓာတ်ဆီဆိုင် မီးလောင်မှု ကျပ်သိန်း ၁ ရာကျော် ဆုံးရှုံး

by ဉာဏ်စိုးဝင်း
14 February 2018
6.9k

အနီးအနားရှိ နှစ်ထပ်ပျဉ်ထောင်အိမ် ၂ လုံး၊ သုံးထပ်တိုက် ၁ လုံး၏ အဖီတခု၊ ဈေးဆိုင်ခန်း ၁ ခန်း အပြင် ပါပလစ်ကာ ကား ၁ စီးနှင့် ဟိုက်ဂျက် ကား ၁ စီးတို့...

မတ်လ ၅ ရက်နေ့တွင် လောင်သောမီးသည် တဲအိမ်အနည်းဆုံး ၂,၀၀၀ ကို လောင်ကျွမ်းပြီး လူထောင်ပေါင်းများစွာကို အိုးအိမ်မဲ့ဖြစ်စေသည် / UNHCR

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်

by ဧရာဝတီ
6 March 2023
2.8k

၂၀၁၇ ခုနှစ် မြန်မာမှ စစ်ဆင်ရေးများကြောင့် ထွက်ပြေးလာသူ အများစု နေထိုင်နေသော နယ်စပ် ကော့ဘဇားမှ စခန်းအမှတ် ၁၁ တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။

ဖယောင်း ဂိုဒေါင် မီးလောင်မှုု ဖြစ်ပွားမှု မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

ဒဂုံဆိပ်ကမ်း ဖယောင်းစက်ရုံ မီးလောင်မှု စုံစမ်းနေ

by ထက်ခေါင်လင်း
11 September 2019
13.1k

စိစစ်တွေ့ရှိချက်အရ လူပေါ့ဆမှုကြောင့် မီးလောင်မှု ဖြစ်သည်ဆိုလျှင် ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း၊ မီးလောင်ရသည့် အခြေအနေ၊ အကြောင်းအရင်းအပေါ် မူတည်ပြီး တရားရုံးမှ ပြစ်မှု ပြစ်ဒဏ်များကို သတ်မှတ်သွားမှာ ဖြစ်ကြောင်း သူက...

-မန္တလေးမြို့ရှိ Sky Wall ရှော့ပင်းမောလ်တွင် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုမြင်ကွင်း / ဇော်ဇော် / ဧရာဝတီ

မန္တလေးတိုင်းတွင် ၂၀၁၉ အတွင်း မီးလောင်မှုများကြောင့် ကျပ် သိန်း ၄၃၀၀ ကျော် ဆုံးရှုံးခဲ့

by ဒီလှိုင်းဝင်း
5 February 2020
3.6k

အဆိုပါမီးလောင်မှု ဖြစ်စဉ်များတွင် လျှပ်စစ်မီးကြောင့် ဖြစ်ပွားရမှု အများဆုံးဖြစ်ပြီး လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှု ၁၁၄ ကြိမ် ထိရှိကာ ပေါ့ဆမီး ၇၇ ကြိမ်၊ မီးဖိုမီး ၃၃ ကြိမ်၊ မသမာသူ ရှို့မီး ၃၀ ကြိမ်၊...

သရုပ်ဆောင် အိစိကွေး  / Eisi Kway's Facebook

ပြည်သူတွေ ခက်ခဲနေကြချိန် ငွေမလိမ်ကြဖို့ အိစိကွေး မေတ္တာရပ်ခံ

by ဧရာဝတီ
18 June 2021
10.4k

ရင်းနှီးတဲ့အသိတွေက ဘဏ်ဝန်ထမ်းတွေမို့ သူတို့ကို မေးမေးပြီးမှ ပြန်ပြောနေတာမို့လို့ မကြိုးစားကြပါနဲ့တော့နော်။ လှူထားတဲ့ အလှူငွေတွေ အကုန် Safe ဖြစ်ပါတယ်။

Next Post
Uber မှ စမ်းသပ်နေတဲ့ မောင်းသူမဲ့ကား

လူတဦး သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် မောင်းသူမဲ့ကား စမ်းသပ်မှုကို Uber ဖျက်သိမ်း

သီပေါမြို့ဟာ ပေ ၁၃၇ဝ အမြင့်မှာရှိနေပေမယ့်လည်း တောင်တွေ ပတ်ချာလည်ဝိုင်းနေတဲ့ ချိုင့်ဝှမ်းလွင်ပြင်က မြို့တမြို့ပဲဖြစ်ပါတယ်။ / သဇင်လှိုင် / ဧရာဝတီ

ရှမ်းစော်ဘွားများ၏ အငွေ့အသက်များ သက်ဝင်နေဆဲ သီပေါမြို့

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate