သတင်း

လေးမျက်နှာလွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ဒေသခံများ ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်

Want create site? Find Free WordPress Themes and plugins.

လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာအုပ်စုမှ ဒေသခံများ ရွေးချယ်ထားသည့် အုပ်ချုပ်ရေးမှူးကို မလျှော်သြဇာသုံး၍ ရာထူးမှ ပြုတ်အောင်လုပ်ခဲ့သည်ဟုဆိုကာ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းနှင့် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့ ဦးစိုးခိုင်တို့အား ဒေသခံ ၇၀၀ ကျော်က ယနေ့တွင် လေးမျက်နှာ မြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အား လောင်းကစားဝိုင်းများ ပြုလုပ်ခြင်းကို မသိ ရှိခြင်း၊ မယင်းတံတား တည်ဆောက်မှုတွင်လာဘ်စားခြင်း၊ ဒေသခံရေလုပ်သားငယ်များ၏ ဆန္ဒဖော် ထုတ်ပွဲအား နောက်ကွယ်မှ အားပေးအား မြှောက်ပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များကို အထင် အမြင်လွဲအောင် ပြောဆိုခြင်း၊ ကမ်းပါးပြိုကျ ရာတွင် ပါဝင်သည့် အိမ် ၅၂ အိမ်အား သခင်ဖိုးလှကြီး ရပ်ကွက်အဖြစ် ပြန်လည်နေရာချထားပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များအား ငွေစာရင်းမရှင်း ခြင်းစသည့် အချက်များဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားခဲ့ရာ မေလ တတိယပတ်၌ ဦးခင်ဇော်ကို တာဝန်မှ ရပ်စဲခြင်းခံ ခဲ့ရသည်။

“လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်နဲ့ ဦးဇော်မင်းသိန်းတို့ဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက် ထားတဲ့ အုပ်ချုပ်ရေးမှူးကို ရာထူးက ပြုတ်အောင်ပြုလုပ်ခဲ့တာရယ် သူတို့လွှတ်တော် ကိုယ်စားလှယ် သက်တမ်း ၂ နှစ် အတွင်း ကျနော်တို့ အိုင်သပြု ဒေသမှာ တကြိမ်တခါမှ ပြည်သူလူထုတွေ့ဆုံပွဲ ရှင်း လင်းပွဲ မလုပ်ဘူး၊ ပြည်သူ့ အသံ၊ ပြည်သူ့အခက်အခဲကို နားမထောင် ဘဲ သူတို့လုပ်ချင်ရာ လုပ်နေ တဲ့အတွက် မကျေနပ်လို့ ဆန္ဒ ဖော်ထုတ်တာ ဖြစ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ အိုင်သပြု ဒေသခံ ဦးထွန်းထွန်းဝင်းက ဧရာဝတီကို ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များအား ပြီးခဲ့သည့်မေလ ၂၁ ရက်နေ့က အိုင်သပြုကျေးရွာအတွင်း လှည့်လည်ဆန္ဒ ဖော်ထုတ်ခဲ့ပြီးနောက် ယနေ့တွင် လေးမျက်နှာမြို့ပေါ်၌ ဒုတိယအကြိမ်မြောက် ထပ်မံ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ လေးမျက်နှာမြို့တွင် ပြုလုပ်သည် လွှတ်တော်ကိုယ်စားလှယ် ၂ဦးအား ဆန္ဒဖော်ထုတ်ပွဲ(ဓာတ်ပုံ – ဆလိုင်းသန့်စင်)

လေးမျက်နှာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးခိုင်မှာ ၂ နှစ်တာ ကာလအတွင်း မဲဆန္ဒ ရှင်များ၏ ဆန္ဒဖော်ထုတ်မှု၅ ကြိမ် ရင်ဆိုင်ခဲ့ရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းမှာ ၂ ကြိမ် ရင်ဆိုင် ခဲ့ရသည် ဟုသိရသည်။

ဆန္ဒဖော်ထုတ်သူများက “ပြည်သူ့ဆန္ဒ မျက်ကွယ်ပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိ”၊ “ဥပဒေ အလွဲသုံးစား ပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိ”၊ “ပြည်သူကိုမောက် မာရိုင်း စိုင်းစွာ ဆက်ဆံသည့် အမှတ် ၁ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် အလိုမရှိ”၊ “မလျှော်သြဇာ သုံးသည့် လွှတ်တော် ကိုယ်စားလှယ် အလိုမရှိ”၊ “ဒေသတည်ငြိမ် အေးချမ်းမှုကို ပျက်စီးအောင်လုပ် သည့် လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ”၊ “ပြည်သူကိုစော်ကားသည့် လွှတ်တော် ကိုယ်စားလှယ်များ အလိုမရှိ”ဟူ၍ ကြွေးကြော်ကာ နံနက် ၉ နာရီမှ ၁၁ နာရီအထိ လေးမျက်နှာမြို့ပေါ်အနှံ့လှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဦးခင်ဇော်ကို ပြီးခဲ့သည့်နှစ်က လေးမျက်နှာ မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးစိုးခိုင်က တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီလက်ထက်တွင် နှစ်ကြိမ်၊ လက်ရှိ ဝန်ကြီးချုပ် ဦးလှမိုးအောင် လက်ထက်တွင် တစ်ကြိမ်၊ အဖွဲ့ဖွဲ့၍ စစ်ဆေးခဲ့ပြီး ဟင်္သာခရိုင် အုပ်ချုပ်ရေးဌာနမှ ဦးခင်ဇော်အား သတိပေးခံဝန်လက်မှတ် ရေးထိုးစေခဲ့ကြောင်း၊ ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလတွင် အိုင်သပြုအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ခဲ့ရာ ဦးခင်ဇော်က ထောက်ခံမဲ ၈၁ ရာခိုင်နှုန်းရရှိကာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပြီးနောက် ၃ လအကြာတွင် ဧရာဝတီ တိုင်းအစိုးရက ရာထူးမှ ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

“အိုင်သပြုအုပ်ချုပ်ရေးမှူးနဲ့ ပတ်သတ်ပြီးတော့ ဥပဒေနဲ့မညီတဲ့ အချက်အလက်တွေကို ကျနော် တိုင်ကြားခဲ့တာ ရှိပါတယ်။ အဲဒီအပေါ်မှာ အစိုးရအဖွဲ့က စိစစ်ပြီးတော့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာ ဆို တာက ကဏ္ဍတစ်ခုစီ ပိုင်းခြားကျင့်သုံးနေတာပါ။ ကျနော်တို့က ဥပဒေပြုရေးကဏ္ဍ မို့လို့ အုပ်ချုပ်ရေးလိုင်းကို ဝင်ရောက် စွက်ဖက်လို့ မရဘူး။ အမိန့်ပေးလို့ မရပါဘူး။ အုပ်ချုပ်ရေးမှူးကို ဘာကြောင့် ဖြုတ်သလဲဆိုတာတော့ အုပ်ချုပ်ရေး ဦးစီး ဌာနကို မေးတာပိုကောင်းပါလိမ့်မယ်။ ကျနော်တို့ ပြောနိုင်တာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးတာ ဥပဒေအလွဲ သုံးစား လုပ်ခဲ့တာ လုံးဝမရှိဘူးလို့ ပြောချင်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်၏တိုင်ကြားချက်အားလုံးကို ဖြေရှင်းခဲ့ပြီး သတိပေးခံဝန်လက်မှတ် ရေးထိုးထား သည့် ကိစ္စကို ၃ လအကြာတွင် ထပ်မံအရေးယူခြင်းမှာ တရားမျှတမှုမရှိကြောင်း တာဝန်မှရပ်စဲခြင်း ခံရသည့် အိုင်သပြုကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်ဇော်က ဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ရဲ့တိုင်ကြားချက် အားလုံးကို လာရောက်စစ်ဆေးတဲ့ လွှတ်တော်အဖွဲ့တွေ၊ ဌာနဆိုင် ရာတွေကို တချက်ခြင်းစီ ရှင်းလင်းထားခဲ့ပြီး ဖြစ်တယ်။ အဲဒီတော့ ကျနော့်ကို ခရိုင်ထွေ/အုပ်က အရေးယူလို့ မရတော့ သတိပေးခံဝန်လက်မှတ် ထိုးခိုင်းတယ်။ ကျနော်ကလည်း ဒီကိစ္စပြေလည်ပါစေတော့ ဆိုပြီး လက်မှတ်ထိုးပေးခဲ့တယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးပြန်လည် အရွေးခံလို့ရပါတယ်လို့ ခရိုင်ကခွင့်ပြုလို့ ပြန်လည်အရွေးခံတာ ပြည်သူရဲ့ ထောက်ခံမဲ ၉၀၀ ကျော် ရခဲ့ပြီး အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်တာ ၃ လပြည့်တော့မှ ရာထူးက ဖြုတ်ချပစ်ခဲ့တယ်။ ဒါကပြည်သူ တွေရဲ့ဆန္ဒကို အလေးမထားတဲ့လုပ်ရပ်၊ ဒီမိုကရေစီ စံနှုန်းတွေနဲ့ လွဲချော်နေတဲ့လုပ်ရပ်လို့ပဲ ပြောချင်တယ်”ဟု အုပ်ချုပ်ရေး မှူးဟောင်း ဦးခင်ဇော်က ပြောသည်။

ယခုနှစ် ဖော်ဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် အိုင်ပြုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် လာရောက်မဲပေး ခဲ့သည့် လူပေါင်း ၁၁၀၀ ကျော်အနက် ဦးခင်ဇော်က ၉၀၁ မဲ ရရှိကာ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ပြီး ဒုတိယနေရာမှ ဦးခင်မောင် လွင်မှာ ထောက်ခံမဲ ၂၀၀ ကျော်ရရှိခဲ့သည်။ လက်ရှိတွင် ဦးခင်ဇော်ကို ဧရာဝတီတိုင်းအစိုးရက ရာထူးမှ ရပ်စဲခံခဲ့ရသည့်အတွက် ဒုတိယမဲအများဆုံးရရှိသူ ဦးခင်မောင်လွင်က အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက် နေကြောင်း သိရသည်။

အိုင်သပြုကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၂၆ ရွာပါဝင်ပြီး အိမ်ထောင်စုပေါင်း ၁၆၀၀ ကျော် လူဦးရေ ၅၀၀၀ နီးပါး ရှိသည့်ကျေးရွာအုပ်စုဖြစ်ပြီး လေးမျက်နှာမြို့နယ်တွင် အစည်ကားဆုံးဒေသတစ်ခု ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading