စစ်တပ်၏ အာဏာသိမ်းခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ်ကို ဗြိတိန်နိုင်ငံက ၁၀နှစ် နေထိုင်ခွင့် ဗီဇာထုတ်ပေးလိုက်ကြောင်း BBC Thai သတင်းကို ကိုးကား၍ The Nation သတင်းက ဆိုသည်။
သူမသည် အာဏာရှိစဉ် ဆောင်ရွက်ခဲ့သည့် ဆန်စပါး ဝယ်ယူရေးနှင့် ပတ်သက်၍ အဂတိလိုက်စား မှုနှင့် ဆုံးရှုံးမှုများရှိ ခဲ့မှုနှင့် ပတ်သက်၍ အမှုရင်ဆိုင်နေစဉ် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက တိုင်းပြည်မှ ထွက်ပြေးသွားခြင်းဖြစ်ပြီး၊ သူမ၏ မျက်ကွယ်တွင် ထောင်ဒဏ် ၅နှစ် အပြစ်ပေးခြင်း ခံထားရသည်။
နောက်ပိုင်းမှာတော့ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကို ဂျပန်၊ ယူအေအီး၊ ဗြိတိန်စသည့် နိုင်ငံများတွင် တွေ့ရပြီး တခါတရံမှာတော့ အကိုဖြစ်သူ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့်အတူ တွေ့ရသည်။
BBC Thai သတင်းရဲ့ အဆိုအရတော့ သူမရဲ့ ထိုင်းနိုင်ငံကူးလက်မှတ်သည် ဖျက်သိမ်းခံထားရပြီး နောက်မှာ ဥရောပနိုင်ငံတနိုင်ငံရဲ့ ပတ်စ်ပို့ကို ကိုင်ဆောင်ထားကြောင်းဆိုသည်။
အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် နီးစပ်သူများ အဆိုအရ များစွာနိုင်ငံတွေဟာ ယင့်လပ်ကို ခရီးသွားလာခွင့် စာရွက်စာတမ်း ပေးဖို့ လိုလားကြကြောင်း သိရသည်။
ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကို ဗြိတိန်က ၁၀နှစ်နေထိုင်ခွင့် ဗီဇာ ပေးလိုက်သည်ဆိုသော သတင်းနှင့် ပတ်သက်၍ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရရှိခြင်းမရှိကြောင်း ဆိုသည်။
ဆက်စပ်ဖတ်ရှု့ရန် – ၀န်ကြီးချုပ်ဟောင်း ယင့်လပ်ကို ရှာဖွေရန် အင်တာပိုလ်ကို အကူအညီတောင်းထား
မျက်ကွယ် ထောင်ဒဏ်ချခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ရဲ့ အိမ်ကို ရဲများ ရှာဖွေ
ဝန်ကြီးချုပ်ဟောင်း ယင့်လပ်ရဲ့ နိုင်ငံကူးလက်မှတ် ရုပ်သိမ်းမည်
ယင့်လပ် ထွက်ပြေးသွားပြီဟု ထိုင်းကာကွယ်ရေးဝန်ကြီးအတည်ပြု
ဝန်ကြီးချုပ်ဟောင်း ယင့်လပ် တရားခွင် လာရောက်ခြင်းမရှိ ဖမ်းဝရမ်းထုတ်