သတင်း

အိမ်အကူ မကရင်မ သေဆုံးမှု တပ်မတော်အရာရှိ ပါဝင်ပတ်သက်နေမှုရှိ၊ မရှိ စုံစမ်း

Want create site? Find Free WordPress Themes and plugins.

တပ်မတော်အရာရှိအိမ်တွင် အိမ်အကူလုပ်ကိုင်နေစဉ် နှိပ်စက်ခံရမှုကြောင့် သေဆုံးသည်ဟု ယူဆရသည့် အိမ်အကူ မကရင်မ အမှုတွင် အိမ်ရှင်ဖြစ်သည့် တပ်မတော်အရာရှိ ပါဝင်ပတ်သက်နေမှု ရှိ၊ မရှိကို တပ်မတော်ဘက်မှ စုံစမ်းစစ် ဆေးမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ဧရာဝတီသို့ပြောသည်။

“မကရင်မကို လာပို့တုန်းက သူ့အမျိုးသား ပါလား၊ မပါလား သူ့တပ်ရင်းက လာစုံစမ်းတယ်။ မြို့နယ်မှူး ရုံးမှာပဲ ခေါ်ပြီး မေးသွားတယ်။ တကယ်လို့ အဲဒီက ဗိုလ်မှူးပါရင်လည်း သူတို့ စစ်စည်းကမ်းအရ အရေးယူဖို့ ရှိလို့ဆိုပြီး လာမေးတာပါ”ဟု ၎င်းက ပြောသည်။

တပ်မတော်အရာရှိ ဗိုလ်မှူးတဦး ဦးဆောင်သည့် သုံးဦးပါအဖွဲ့သည် မေလ ၃၀ ရက်နေ့က တွံတေးမြို့နယ်သို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖ ၄ ဦးကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း ခတ္တိယကျေးရွာအုပ်ချုပ်ရေးမှူး ကိုဝဏ္ဏစိုးက ပြောသည်။

ကိုဝဏ္ဏစိုးက “ဖြစ်စဉ်တွေ လာမေးသွားတယ်။ လက်မှတ်ထိုးတဲ့ လူကြီး လေးယောက်ကိုလည်း မေးသွားတယ်။ သေဆုံးတဲ့ပုံ၊ ရောက်တဲ့ပုံတွေကို မေးသွားတယ်”ဟု ပြောသည်။

မကရင်မသည် အူပေါက်ပြီး ရက်အတန်ကြာသည်အထိ ဆေးကုသမှုကို ခံယူခွင့်မရရှိခြင်း ကြောင့် သေဆုံးခြင်းဖြစ်ပြီး အူပေါက်သည့် နေရာအနီးအပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်းအပါအဝင် ခန္ဓာကိုယ် ပြင်ပတွင်လည်း တုံးသော ပစ္စည်းတစ်ခုခုဖြင့် ထိခိုက်မိသော ညိုမဲစွဲဒဏ်ရာများ၊ စုတ်ပြဲဒဏ်ရာများ တွေ့ရှိရကြောင်းလည်း အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည့် တွံတေးမြို့နယ် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းသွင် က ဧရာဝတီသို့ ပြောကြားထားသည်။

ဖြစ်စဉ်မှာ တွံတေးမြို့နယ် ၊ ခတ္ထိယကျေးရွာအုပ်စု အုပ္ဖိုလ်ကျေးရွာနေ ဒါနဆန် (ခ) ခင်သန္တာဦး (ခ)မကရင်မသည် လှည်းကူးမြို့နယ် သံချပ်ကာတပ်ရင်းတွင် နေထိုင်သည့် တပ်မတော် အရာရှိနှင့် ဇနီးဖြစ်သူ ဒေါ်သိဂီၤစု၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊အလုပ်လုပ်နေရာမှ ကျန်းမာရေး မကောင်းဟုဆို၍ နေရပ်ရင်း တွံတေးမြို့နယ် ၊ ခတ္ထိယကျေးရွာအုပ်စု အုပ္ဖိုလ်ကျေးရွာသို့ ဒေါ်သိဂီၤစုကိုယ်တိုင် မေလ ၁၉ ရက်နေ့က ပြန်ပို့ခဲ့ပြီး ထိုနေ့မှာပင် ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်

မကရင်မ မသေဆုံးခင်အချိန်တွင် ဒေါ်သိင်္ဂီစု၏ နှိပ်စက်မှုကို ခံရကြောင်း အိမ်နီးချင်းများ၊ ဒေသခံများနှင့် ကျေးရွာလူကြီးများကို ဖော်ထုတ် ပြောကြားခဲ့ခြင်းကြောင့် အုပ္ဖိုလ်ကျေးရွာရာအိမ်မှူး ဦးအေးသောင်းက တရားလိုပြုလုပ်ကာ ခလောက်ချိုက်ရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် မေလ ၂၁ ရက်နေ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုအမှုအခြေအနေနှင့်ပတ်သက်၍ ခလောက်ချိုက်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း အခြေအနေအသေးစိတ်ကို ယနေ့အထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

ဆက်စပ်ဖတ်ရှုရန် – တပ်မတော်အရာရှိအိမ်က အိမ်အကူ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးကြောင်း ဆရာဝန်အတည်ပြု

အိမ်အကူ မကရင်မအတွက် တရားမ ျှတမှု ဘာလဲ၊ ဘယ်လဲ 

Did you find apk for android? You can find new Free Android Games and apps.
Loading