သတင်း

နုတ်ထွက် မွန်ဝန်ကြီး ပါတီမှာ ဆက်လက် တာဝန်ယူမည်

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဌာနဝန်ကြီး ဦးမင်းထင်အောင်ဟန်မှာ ဝန်ကြီးရာထူး အဖြစ်မှ နုတ်ထွက်ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(NLD) ၏ စည်းရုံးရေး လုပ်ငန်းများတွင် ပြန်လည် အားဖြည့် ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ မေ ၃၀ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒဿမ ပုံမှန် အစည်းအဝေး အပြီး မီဒီယာများ၏ မေးမြန်းချက်များအား ယင်းသို့ ဖြေကြားပေးခြင်း ဖြစ်သည်။

မေလ ၂၉ ရက်စွဲ ပါ နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြေညာစာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂ ပုဒ်မခွဲ (ခ) တို့ပါ ပြဋ္ဌာန်းချက်အရ ဦးမင်းထင်အောင်ဟန်၏ သဘောဆန္ဒအလျှောက် ရာထူးမှ ရပ်နားခွင့် ပြုလိုက်သည် ဟု ဖော်ပြထားသည်။

ဦးမင်းထင်အောင်ဟန် က “တို့အစိုးရ လူအများကြီး ပြောင်းအုံးမှာ အဲဒါ လာဘ်စားလို့ မဟုတ်ဘူး။ လိုအပ်ချက် အရ လုပ်တာ။ နောက်ဆို လူကြီးတွေ ရှင်းပြပါလိမ့်မယ်။ ဒီနေရာမှာ နေဆိုရင် နေရမယ်လေ ဒါက နိုင်ငံရေး လုပ်တာ ဆိုတော့ ပါတီရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမယ်” ဟု လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများအား ဖြေကြားပေးခဲ့သည်။

ယင်းပြင် လွှတ်တော် လုပ်ငန်းများအပြင် ပါတီစည်းရုံးရေး တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်ပြီး ၂၀၂၀ ပြည့်နှစ် ပါတီ အတွက် အားဖြည့်ရေး လုပ်ငန်းများ လုပ်ဆောင်မည် ဟု ဆိုသည်။

“စောဒက တက်ဖို့ မလိုဘူး။ ပါတီကနေ နေရာရွေ့လိုက်လို့ ဆိုပြီး စိတ်မကျေနပ်လို့ ပါတီကို လှန်စရာ အကြောင်းမရှိဘူး။ နိုင်ငံရေးသမားက အဲဒီလိုစိတ်ထားမှ ကိုယ့်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ရယ် နိုင်ငံရေး လမ်း ကြောင်းက ချောချောမွေ့မွေ့ ဖြစ်မှာ” ဟု ဦးမင်းထင်အောင်ဟန် က ဆက်လက် ပြောကြားသွားသည်။

၎င်းမှာ မော်လမြိုင် မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံ ထားရသူ ဖြစ်ပြီး နောက်ပိုင်းတွင် လွှတ်တော် ကိုယ်စားလှယ် တဦးအနေနှင့် ပါတီအတွင်း တည်ရှိနေအုံးမည် ဖြစ်ကြောင်း ဆိုသည်။

NLD အစိုးရလက်ထက်၌ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ရာထူး အပြောင်းအရွှေ့ ပြုလုပ်မှုများ ရှိနေကာ ယခုနှစ် ဖေဖော်ဝါရီလက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ အေးဇံက ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading