• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုက္ခသည် ပြန်လည် လက်ခံရေး ကုလသမဂ္ဂနှင့် လက်မှတ်ရေးထိုးမည်

by ထက်နိုင်ဇော်
31 May 2018
in သတင်း
A A
UNHCR မှ ထောက်ပံ့သော ရွက်ဖျင်တဲတလုံးရှေ့ တွေ့ရသော မွတ်စလင် ဒုက္ခသည် ကလေးငယ်တဦး / Reuters

UNHCR မှ ထောက်ပံ့သော ရွက်ဖျင်တဲတလုံးရှေ့ တွေ့ရသော မွတ်စလင် ဒုက္ခသည် ကလေးငယ်တဦး / Reuters

30k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မွတ်စလင် ဒုက္ခသည်များ ပြန်လည် လက်ခံရာတွင် ပါဝင်ရေး မြန်မာ အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် မကြာမီ သဘောတူလက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အစိုးရ၏ ဒုတိယ (၁) နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
115
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.2k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
114

အစိုးရမှ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရုံးများသို့ ဖိတ်ခေါ် ခဲ့ပြီးနောက် ၂ ဖက်ကြား ဖြေလျှော့မှုများ ဆောင်ရွက်နိုင်ခဲ့သဖြင့် မကြာမီ သဘောတူညီမှု လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ဆွေးနွေး ခဲ့ပြီး မတ်လတွင် First Concept Paper ကို ပေးအပ်ခဲ့ကြောင်း ယင်းနောက် Concept Paper တွင် ဝန်ကြီးအဆင့် လက်မှတ်ရေးထိုး ချက်များကို အခြေခံပြီး MOU အဆိုပြုချက် မူကြမ်းတခုကို မြန်မာ အစိုးရက အဆိုပြုထားကြောင်း သိရသည်။

အမြဲတန်း အတွင်းဝန် ဦးမြင့်သူက “ဒီကြားထဲမှာ Joint Working Group တွေ ဆွေးနွေးမှု ရှိပါတယ်။ ဝန်ကြီးအဆင့် ဆွေးနွေးမှုတွေ ရှိပါတယ်။ ဒီဟာ အခက်အခဲ ရှိသလား ဆိုတော့ UNDP နဲ့ UNHCR နဲ့ အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းနေတဲ့အခါမှာ တဖက်နဲ့တဖက် ဖြေလျှော့မှုတွေ ဆောင်ရွက်နေပါတယ်။ မကြာခင် လက်မှတ်ရေးထိုးနိုင်ဖို့ ရှိပါမယ်”ဟု ပြောသည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် မြန်မာ အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုသည် ပထမဦးဆုံးအကြိမ် မဟုတ်ဘဲ ၁၉၉၃၊ ၁၉၉၄ ခုနှစ်က ပထမ အကြိမ် ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်စဉ်ကလည်း UNHCR နှင့် MOU ထိုးခဲ့ဖူးကြောင့် ထို့ကြောင်း ယခုအကြိမ် တွင်လည်း အပြီးသတ် ညှိနှိုင်းသည့်အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုသည်။

ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ မအောင်မြင်သေးဘဲ တဖက်နှင့် တဖက် အပြန်အလှန် စွပ်စွဲချက်များနှင့် ခရီးမရောက်ဖြစ်နေသလို မြန်မာဘက်ကမူ ပြန်လည် လက်ခံရေး အဆင့်သင့်ဖြစ်နေပြီ ဖြစ် ကြောင်း မီဒီယာများသို့ အကြိမ်ကြိမ် ပြောဆိုထားသည်။

ကုလသမဂ္ဂကမူ “နိုင်ငံတကာ စည်းမျဉ်းများနှင့် အညီ ဒုက္ခသည်များ လုံခြုံဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် မိမိသဘောဆန္ဒ အ လျှောက် ပြန်သွားရေးအတွက်” အခြေအနေများကို မြန်မာနိုင်ငံက ကူညီဖန်တီးပေးနိုင်မည့် နည်းလမ်းများကို အကြံပြုထားကြောင်း အဆိုပြုထားသည်ဟု သိရသည်။

၂ နိုင်ငံ သဘောတူညီချက်အရ ငါးခူရ၊ တောင်ပြိုလက်ဝဲမြို့များတွင် မြန်မာဘက်က ဇန်နဝါရီလ ၂၁ ရက်မှ စ၍ လက်ခံရေးစခန်းများ စတင် ဖွင့်လှစ်ခဲ့ပြီး လှဖိုးခေါင်တွင် ကြားစခန်း ဖွင့်ထားပြီးသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်း ၅ ခု ဖွင့်ရမည် ဖြစ်သော်လည်း ယနေ့ အချိန်အထိ စခန်း မဖွင့်နိုင်ဘဲ ဆောက်လက်စ အခြေအနေသာ ရှိသေးကြောင်း သိရသည်။

ထို့ပြင် မတ်လအတွင်းက ၂ နိုင်ငံ နယ်စပ်မျဉ်းအနီးတွင် စခန်းချနေသူများထဲသို့ ဘင်္ဂလားဒေ့ရှ်ဘက်မှ လူ ၁ ထောင်ကျော်ကို တရား မဝင် လာရောက် ထည့်သွင်းခဲ့ပြီး ၎င်းတို့အတွက် ယာယီတဲများ ဆောက်ပေးခြင်း၊ စားနပ်ရိက္ခာတွေ ပို့ပေးခြင်းများ ရှိနေ၍ အားလုံးကို မသိကျိုးကျွန်ပြုနေသလားဟု မေးခွန်းထုတ်မိကြောင်း နိုင်ငံခြားရေး အတွင်းဝန်က ပြောသည်။

“အဲဒီကိစ္စ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ကျနေ်ာတို့ ဝန်ကြီးရော၊ NSA (ဦးသောင်းထွန်း) ကိုယ်တိုင်ရော ခေါ်ပြောပြီးပါပြီ။ ဘန်ကာတွေ ဆောက်တဲ့ ကိစ္စလည်း ပြောပါတယ်။ သူတို့စခန်းတွေမှာ ARSA အကြမ်းဖက်သမားတွေလည်း ရှိနေပါတယ်။ ကျနော်တို့ ပေးတဲ့ Narrative သည် ပြည်တွင်း မီဒီယာတွေကနေ တဆင့် အင်တာနေရှင်နယ် မီဒီယာကို ပေါက်ဖို့ လိုပါတယ်။ ကျနော်တို့ ချည်းပဲ လုပ်လို့ မရပါဘူး” ၎င်းက ပြောသည်။

လာမည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် ဂျနီဗာ၌ ကျင်းပမည့် ၃၈ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးသို့ မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်ပြီး ပံ့ပိုးကူညီမည် ဖြစ်ကြောင်း ဦးမြင့်သူက ဆိုသည်။

ပြီးခဲ့သည့်လ၌ ဘရစ်ဆဲလ်နှင့် ပဲရစ်မြို့တို့တွင် ရခိုင်ကိစ္စနှင့် ပတ်သက်ပြီး Understanding Myanmar ခေါင်းစဉ်ဖြင့် ဒေါက်တာ အောင်ထွန်းသက် ဦးဆောင်သည့် အဖွဲ့တခုက သွားရောက်ရှင်းပြပြီး ဖြစ်ကြောင်း သိရသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ တရုတ်၊ ရုရှား အပါအဝင် မြန်မာနိုင်ငံကို နားလည်မှုရှိသည့် နိုင်ငံများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပြီး ရခိုင်အရေးကြောင်း ဆက်ဆံရေး အေးစက်သွားခဲ့ရသည့် အမေရိကန်၊ အီးယူနိုင်ငံများနှင့်လည်း ပုံမှန်ဆက်ဆံရေး ရရှိရန် ပြန်လည် ကြိုးစားလျှက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရှိရသည်။

Your Thoughts …
Tags: ဒုက္ခသည် ပြန်လည်လက်ခံရေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

အသက် ၇၁ နှစ်အရွယ် မွတ်ဆလင် လယ်သမားတယောက်ဖြစ်သည့် ဟာမစ်ဟူစိန် / Reuters

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာပြည် ပြန်မှာလား

by Reuters
16 January 2018
51.1k

ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ ၆၅၀၀၀၀ ကျော်ကို ပြန်လည်လက်ခံရေး ၂ နှစ်အတွင်း အပြီးအစီး အကောင်အထည်ဖော်မည်ဆိုသည့် အစီအစဉ်ကို ရှေ့အပတ်တွင် စတင်တော့မည်

ကုလသမဂ္ဂ၏ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ Jeffrey Feltman / Reuters

ဒုက္ခသည် ပြန်လည်လက်ခံရေး ကုလ ကျွမ်းကျင်မှု မြန်မာ ရယူနိုင်ဟု ဆို

by ဧရာဝတီ
13 December 2017
13.2k

ဒုက္ခသည်များ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်မည့် ပတ်ဝန်းကျင်တခုကို ဖန်တီးရန် မြန်မာနိုင်ငံကို ကူညီနိုင်ကြောင်း ကုလသမဂ္ဂ၏ ထိပ်တန်းအရာရှိတဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့အား ဘေဂျင်းတွင် အတူတကွ မြင်ရစဉ် / Reuters

ဒုက္ခသည် ပြန်လက်ခံရန် မြန်မာ အသင့်ဖြစ်ပြီဟု တရုတ် ယုံကြည်

by ဧရာဝတီ
30 June 2018
4.8k

ဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံ အသင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်အား ပြောကြားလိုက်သည်။

ရခိုင်ဆရာတော်ကြီးများကို တင်ပြလျှောက်ထားနေသည့် သူရဦးအောင်ကို / မင်းအောင်ခိုင် / ဧရာဝတီ

ဒုက္ခသည် ပြန်လည်လက်ခံရေး ရခိုင်ဆရာတော်ကြီးများထံ သူရဦးအောင်ကို လာရောက် လျှောက်ထား

by မင်းအောင်ခိုင်
1 November 2017
11.2k

ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ရခိုင်ဆရာတော်ကြီးများထံသို့ လာရောက်ရှင်းပြ လျှောက်ထားခဲ့သည်။

Next Post
ယနေ့ လွှတ်တော်တွင် တင်ပြနေသော လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး / ဧရာဝတီ

သိန်း ၁၀၀၀ တန် Ford ကား ၁၀ စီးဝယ်ရန်တင်ပြချက် ဝေဖန်မှုဖြင့် ရင်ဆိုင်နေရ

နိုင်ငံတော် သမ္မတ၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့်အဖွဲ့အား တွေ့ဆုံအပြီးတွေ့ရစဉ်  / Myanmar President Office

မူးယစ်နှိမ်နင်းရေးတွင် အရပ်သားထည့်သွင်းဖွဲ့စည်းရန် သမ္မတညွန်ကြား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate