ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ARSA အကြမ်းဖက် အဖွဲ့၏ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူ့အခွင့်အရေး ချိုးဖောက် မှု များနှင့် ယင်းနှင့်ဆက်နွယ်သည့် ကိစ္စရပ်များကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ စစ်ဆေးသွားမည်ဟုု နိုင်ငံတော် သမ္မတရုံးက ယမန်နေ့က ထုတ်ပြန်သည်။
ယင်းအဖွဲ့တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီး တဦးအပါအဝင် အဖွဲ့ဝင် ၃ဦး ပါဝင်မည်ဟုသိရပြီး၊ ပြည်တွင်း၊ ပြည်ပမှ ဥပဒေကျွမ်း ကျင်သူများက ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ရခိုင်ပြည် နယ်အတွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ် ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေး အဖွဲ့၏ ကြားဖြတ်အကြံပြုချက်များကိုပါ ထည့်သွင်းစဉ်းစား၍ ထိုသို့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အစိုးရ ကင်းစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က တပြိုင်နက် တိုက်ခိုက်သည့်အပြင် ဒေသခံတိုင်းရင်းသား လူမျိုးများကို သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သလို၊ ဒေသတွင်းနေ ဟိန္ဒူဘာသာဝင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၊ ARSA အကြမ်းဖက်အဖွဲ့တို့က မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။
အလားတူ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင်လည်း တိုင်းရင်းသားတချို့နှင့် လုံခြုံရေးတပ်ဖွဲ့ တချို့က ဖမ်းဆီး ရမိသည့် ဘင်္ဂါလီ ၁၀ဦးကို တရားစွဲဆိုခြင်းမပြုဘဲ သတ်ဖြတ်မှုများ ရှိခဲ့သည့်အတွက် တပ်မတော်ဘက်က ပါဝင်ပတ်သက် သူများကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီဖြစ်သည်။