သတင်း

အင်တာနက်၌ ထိုင်းဝန်ကြီးချုပ်အား မမှန်သတင်းဖြန့်သည့် ကမ္ဘောဒီးယားသား အဖမ်းခံရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ၌ လောင်စာဆီဈေး မြင့်တက်လာရာ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ပြည်သူများ လောင်စာဆီ ဒီဇယ်အစား ရေထည့် မောင်းရန် ပြောကြားသည်ဆိုကာ အင်တာနက်တွင် မမှန် သတင်း ဖြန့်ချိခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံသား တဦးကို ဖနွမ်းပင် မြို့တွင် ဖမ်းဆီးလိုက်သည်။

ရာတာနက်ဟန်း ဆိုသူ ကမ္ဘောဒီးယား နိုင်ငံသားသည် မေလ ၂၃ ရက်က ထိုင်းဘာသာဖြင့် ရေးသား ထားသော မမှန်သတင်းကို အင်တာနက်တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး၊ အလားတူ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တခြားသော ထိုင်းနိုင်ငံ သား ၆ ဦးကိုလည်းဘန်ကောက်မြို့တွင်ဖမ်းဆီး ထားပြီးဖြစ် သည်။

အသက် ၂၁နှစ် အရွယ်ရှိ ရာတာနက်ဟန်းကို ဖမ်းဆီးရန် ထိုင်းရဲတပ်ဖွဲ့၏ ဒုစရိုက်နှိမ်နင်းရေး နည်းပညာဌာနက ဝရမ်း ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဒုရဲချုပ် ဆူရာချေ့ဟက်ပန်းက မနေ့က ပြောကြားသည်။

၎င်းကို ကွန်ပျူတာစနစ်အတွင်းသို့ သတင်းအချက်အလက်အမှားများ ဖြန့်ချိမှုဖြင့် စွဲချက်တင် လိုက်ပြီး၊ ကွန်ပျူတာ ရာဇ ဝတ်မှု ဥပဒေအောက်တွင် အမျိုးသားလုံခြုံရေး(သို့မဟုတ်) အများပြည် သူအား အကြောင်းမဲ့အထိတ်တလန့်စေမှုဖြင့် စစ် ဆေးစီရင်ဖွယ်ရှိပြီး၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ် နှင့် သို့မဟုတ် ဘတ်ငွေ ၁ သိန်းထက်မပိုသော ဒဏ်ငွေပေး ဆောင်ရမည်ဖြစ်သည်။

ရာတာနက်ဟန်းက အဆိုပါ မမှန်သတင်းကို ratstas.com အင်တာနက်စာမျက်နှာပေါ်တွင် ထိုင်းဘာသာဖြင့်လွှင့်တင်ခဲ့ ခြင်းဖြစ်ပြီး ယင်းဖော်ပြချက်မှာ အွန်လိုင်း၌ ရှိနေခဲ့သည်။

ကမ္ဘောဒီယားနိုင်ငံ ပုံနှိပ်လုပ်ငန်းနှင့် အွန်လိုင်းငွေလွှဲ လုပ်ငန်းလုပ်ကိုင်သူ ရာတာနက်ဟန်းသည် ကွန်ပျူတာ ကျွမ်းကျင် သူဖြစ်ပြီး ဆန့်ကျင်ဘက်ဝါဒဖြန့်ချိရေးလုပ်ကိုင်သူဖြစ်သည်ဟု ယုံကြည်ရကာ ၎င်း၏ဝက်ဘ်ဆိုက်မှနေ၍ မကြာခဏ သတင်းအတုများ ဖော်ပြတတ်ကြောင်း ရဲက ပြောသည်။

၎င်းကို ကမ္ဘောဒီးယား အာဏာပိုင်များနှင့် ပူးပေါင်းဖမ်းဆီးခြင်းဖြစ်ပြီး၊ ယနေ့တွင်သက်သေ အထောက်အထားများကို အတည်ပြုမည်ဖြစ်ကာ ဆောင်းရွက်ပြီးစီးပါက တရားခံလွှဲပြောင်းရေး ဆက်လက်အကောင်အထည်ဖော်မည်ဟု မာတီချွန် သတင်းကဆိုသည်။

အလားတူ ဆောင်းပါးကို ဖြန့်ဝေခဲ့မှုဖြင့် ထိုင်းလူမျိုးများဖြစ်သည့် သန်နာဗက်အွန်ဝမ်၊ ရွန်းဂရော့ ပရီးချာ၊ ပရာပါဆွန် စာ အူဘွန်၊ ဂျီတပဘွန်းတဝီ၊ ပရာပက်ဆွန်ဝမ်ချူချစ်နှင့် ရတနွန်ချာချာနာတို့ ၆ဦးကိုလည်း ရဲတပ်ဖွဲ့က ကြာသာပတေးနေ့က ခေါ်ယူထိန်းသိမ်းလိုက်ပြီး အမျိုးသား(သို့မဟုတ်) အကျိုးစီးပွားလုံခြုံရေး (သို့မဟုတ်) အများပြည်သူ အကြောင်းမဲ့ အထိတ်တလန့် ဖြစ်စေမှုနှင့် အရေးယူထားသည်။

၎င်းတို့အားလုံးက ဖြန့်ဝေမိခြင်းကို ဝန်ခံသော်လည်း မကောင်းသည့်ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေခဲ့ခြင်း မဟုတ်ကြောင်း ထွက်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading