သတင်း

နယ်စပ်ဖြတ် ဝင်လာသည့် မြောက်ကိုရီးယားများ ထိုင်းရဲဖမ်း

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ချင်းရိုင်းပြည်နယ်၌ လာအိုဘက်ခြမ်းမှ ကူးဝင်လာသည့် မြောက်ကိုရီးယား အမျိုးသမီး ၇ဦး နှင့် ကလေးတဦးကို ရဲတပ်ဖွဲ့က ဖမ်းမိကြောင်း Khaosad သတင်းကဆိုသည်။

အဆိုပါ မြောက်ကိုရီးယား အုပ်စုကို မဲခေါင်မြစ်ကမ်းတွင် ထိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ အာဏာပိုင်များအနေဖြင့် တတိယနိုင်ငံတခုသို့ မလွှဲ ပြောင်းမီ တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်လာမှုဖြင့် အရေးယူနိုင်ကြောင်း သိရသည်။

၎င်းအုပ်စုတွင် အသက် ၆၁နှစ်မှ ၁၉နှစ်အရွယ်အထိ ပါဝင်ပြီး၊ သူတို့အနေဖြင့် မြောက်ကိုရီးယားမှ တရုတ်နှင့်လာအိုကို ဖြတ်ကာ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ တတိယနိုင်ငံတနိုင်ငံ (တောင်ကိုရီး ယား) တွင် ပြောင်းရွေ့ အခြေချလိုသည်ဟု ပြောကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ မြောက်ကိုရီးယားများကို ချင်းရိုင်းပြည်နယ် Thoeng ခရိုင် တရားရုံးသို့ ပိုဆောင်ထား ကြောင်း၊ သက်ဆိုင်ရာ သံရုံးသို့ အကြောင်းကြားရခြင်းမရှိသေးကြောင်း၊ ကျန်းမာရေးကောင်းမွန် သည့် ပုံရကြောင်း ချင်းခေါင်ခရိုင် ရဲဗိုလ်မှူးကြီး လျှူဝတ်က ဆိုသည်။

တိုင်းပြည်မှ ထွက်ပြေးသည့် မြောက်ကိုရီးယားများသည် တရုတ်၊ လာအိုမှဖြတ်ကာ ထိုင်းနိုင်ငံသို့ လာလေ့ရှိပြီး၊ အများအားဖြင့် တောင်ကိုရီးယားနိုင်ငံတွင် ခိုလှုံကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading