• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်း တို့ကို ပုဒ်မ ၂ ခုဖြင့် အမှုစွဲ

by နန်းလွင်နှင်းပွင့်
1 June 2018
in သတင်း
A A
YBS 20 နှစ်ပတ်လည် အခမ်းအနားတွင် တွေ့ရသော ဦးကျော်နေဝင်း / YBS 20 /  facebook

YBS 20 နှစ်ပတ်လည် အခမ်းအနားတွင် တွေ့ရသော ဦးကျော်နေဝင်း / YBS 20 / facebook

35.7k
VIEWS
Share on FacebookShare on Twitter

ရိုက်နှက် ဆဲဆိုခြင်းကြောင့် အရေးယူပေးရန် YBS ၂၀ ယာဉ်မောင်း ဟောင်း ဦးအောင်မြတ် က တိုင်ကြားထားသည့် ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ကို လှိုင်သာယာမြို့နယ် တရားရုံးက ပုဒ်မ ၂ခုဖြင့် ယနေ့ အမှု စွဲတင်လိုက်ပြီဟု သတင်း ရရှိသည်။

YBS ၂၀ ၏ ကုမ္ပဏီ OMNI FOCUS GENERAL SERVICE Co.Ltd ပိုင်ရှင် ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်း တို့ကို ဆဲဆိုမှု အတွက် ပုဒ်မ ၂၉၄၊ နာကျင်စေမှု အတွက် ပုဒ်မ ၃၂၃ တို့ဖြင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် တရားရုံး တရားသူကြီးက အမှုစွဲတင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
94
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
47
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
37

ဧပြီလ ၂၈ ရက်က ဖြစ်ပွားသည့် ယာဉ်တိုက်မှုကြောင့် ၎င်းကို လစာမပေးဘဲ အလုပ်ဖြုတ်သည့် အပြင် အလုပ်သမား များ ရှေ့တွင် ဆဲဆိုကာ ဦးကျော်နေဝင်းက ခြေထောက်ဖြင့် ရင်ဘတ်ကို ကန်ကာ ညီဖြစ်သူ ဦးဇွဲနေဝင်းကလည်း ဆဲဆိုပြီး လက်နှစ်ဘက်ဖြင့် နားရင်းနှစ်ဘက်ကို ရိုက်သဖြင့် အရေးယူပေးရန် မေလ ပထမပတ်ကတည်းက ဦးအောင်မြတ် က လှိုင်သာယာမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက် တိုင်ကြားထားခြင်း ဖြစ်သည်။

ဦးအောင်မြတ်က “ဒီနေ့ ဒုတိယအကြိမ် ရုံးချိန်းမှာ သူတို့ နှစ်ယောက်လုံးကို ပုဒ်မ ၂ခုဖွင့်ပေးလိုက်တယ် တရားသူကြီး က။ သူတို့ဘက်ကတော့ ဒီနေ့ရုံးချိန်းမှာ ဘယ်သူမှ မလာကြဘူး”ဟု ပြောသည်။

ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ကို အမှုစွဲတင်လိုက်သည့် ဆဲဆိုမှု ပုဒ်မ ၂၉၄ သည် ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှား ပါက အလုပ်နှင့် ထောင်ဒဏ် ၃လ ကျနိုင်သည့် ပုဒ်မ ဖြစ်ပြီး နာကျင်စေမှု ပုဒ်မ ၃၂၃ သည် ပြစ်မှု ထင်ရှားပါက တနှစ် ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ကျပ်တသိန်း ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ကျခံရမည့် ပုဒ်မ ဖြစ်ကြောင်း သိရ သည်။

ဦးကျော်နေဝင်းက တရားရုံးမှ အမှုစွဲတင်လိုက်သည့် အကြောင်းအရာကို တရားရုံးမှ စာမရောက် သေးသဖြင့် တရားဝင် မသိရှိရသေးကြောင်း၊ အမှုစွဲတင်လိုက်သည့် အပေါ်တွင်လည်း ဥပဒေကြောင်းအရ နည်းလမ်း တကျ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောသည်။

လူအများစုက ယခုအမှုနှင့် ပတ်သတ်၍ ငွေများတရားနိုင်ဟု ဝေဖန်နေကြကြောင်း၊ မည်သူမဆို တရားရုံးကို ယုံကြည်ရမည် ဖြစ်ပြီး ယခု နိုင်ငံကို ဦးဆောင်နေသည့် အစိုးရမှာ ယခင်ခေတ်နှင့် မတူတော့ သဖြင့် တရားဥပဒေ လမ်းကြောင်းအရ ၎င်းတို့ ဘက်ကလည်း မှန်မှန်ကန်ကန် ပြောခွင့် ရမည် ဖြစ်သဖြင့် ပိုကောင်းကြောင်း ဦးကျော်နေဝင်းက ပြောသည်။

ဆက်လက်၍ ဦးကျော်နေဝင်းက “ ကျနော်တို့က အဲ့တာကို ကြိုက်တာ ။ ကျနော်တို့က အခွင့်ထူးခံ လူတန်းစားလို့ ပြောနေတာကို ဒီမှာ ဖြေရှင်း ချင်တာ ။ ကျနော်တို့သည်လည်း သာမာန်လူတယောက်လိုမျိုး တရားရုံးရဲ့ နည်းလမ်းတကျ ကျနော်တို့ လုပ်ရမယ် ဆိုတဲ့တချက်ကို ဒီမှာ ပြလို့ရတာပေါ့” ဟု ပြောသည်။

၎င်းတို့ ညီအကို ၂ဦးအနေဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်ထားခြင်းမရှိကြောင်း၊ ဦးအောင်မြတ်နှင့် ဦးကျော်မင်းထွန်း တို့ နှစ်ဦး လုပ်ခလစာ၊ အလုပ်ထုတ်နစ်နာကြေးများ တောင်းဆိုထားသည်တို့ကိုလည်းခုံသမာဓိမှ ဆုံးဖြတ်သည့် အတိုင်း လိုက်နာ ဆောင်ရွက်သွားမည်ဟုလည်း ဦးကျော်နေဝင်းက ပြောသည်။

ဦးအောင်မြတ်သည် ဧပြီလ ၂၈ ရက်က YBS ၂၀ ကားဝင်းအတွင်း ဝပ်ရှော့မှ အပြန်တွင် အခြားယာဉ်မောင်း တဦးဖြစ် သည့် ဦးကျော်မင်းထွန်း မောင်းနှင်သည့် YBS ၂၀ ယာဉ်ဖြင့် တိုက်မိခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဦးအောင်မြတ်၏ ယာဉ်သည် ယာဉ်ဘယ်ခြမ်း OMNI FOCUS တံဆိပ်လေကာမှန်၊ နောက်မှန်နှင့် လေကာမှန် ၂ချပ်ကွဲသွားကြောင်း၊ ဘယ်ဘက်ရှေ့ဘီးမှစ၍ နောက်ရေတိုင်ကီ တံခါးရှေ့ထိ ခြစ်ရာတခု ဘယ် ဖောင်း မီး ကွဲကာ အခြားမှန်များ ပွန်းသွားကြောင်း၊ ဦးကျော်မင်းထွန်း မောင်းနှင်သည့် ယာဉ်သည် ရှေ့လေကာမှန်ကွဲကာ ညာဘက်မှန်ကိုင်း ကွေးပြီး ဘက်မှန်ကိုင်း ဖိမိသဖြင့် ရေဆင်းလိုင်နာ ချိုင့်သွားကြောင်း၊ ရှေ့ညာဘက်မီးကြီး အပေါ် အောက် ချိုင့်ကာ ညာမီးကြီး ပွန်းသွားကြောင်း YBS ၂၀ က သတင်း ထုတ်ပြန်ထားသည်။

OMNI FOCUS ယာဉ်များမှာ AMIA အာမခံကုမ္ပဏီတွင် အလုံးစုံအာမခံထားသည့် ယာဉ်များ ဖြစ်သဖြင့် ယာဉ်တိုက်မှု ဖြစ်ပါက အာမခံကုမ္ပဏီမှ အလုံးစုံတာဝန်ယူ ပြုပြင်ရမည်ဖြစ်သည်ဟု သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး ကုမ္ပဏီက ဦးအောင်မြတ်နှင့် ဦးကျော်မင်းထွန်းကို ဧပြီလ တလလုံး၏ လုပ်ခ လစာ ထုတ်မပေး ဘဲ ယာဉ်မောင်း လိုင်စင်များကိုလည်း သိမ်းဆည်းပြီး ယာဉ်မဆင်မခြင်မောင်းနှင်၍ ယာဉ်တိုက်မှု ပုဒ်မ ၂၇၉ ဖြင့်လည်း ကုမ္ပဏီက အမှုဖွင့်ထားသည်။

ဦးအောင်မြတ်နှင့် ဦးကျော်မင်းထွန်းတို့ကလည်း လုပ်ခလစာများအပြင် အလုပ်ထုတ်ရာတွင် ကြိုတင် အကြောင်း မကြား ဘဲ ထုတ်သဖြင့် Notice ကြေး ၁လစာနှင့် အလုပ်ထုတ်နစ်နာကြေးကို တည်ဆဲ ဥပဒေများနှင့် အညီ ပေးရန် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးရုံးတွင် တိုင်ကြားထားရာ ကုမ္ပဏီဘက်မှ လုပ်ခလစာသာ ပေးပြီး ကျန်တောင်းဆိုချက်များကို မပေးနိုင်ဟု ပြောဆိုသဖြင့် မြို့နယ်ခုံသမာဓိရုံးတွင် ထပ်မံ တိုင်ကြား ထားသည်။

မြို့နယ်ခုံသမာဓိရုံးကို မေလ နောက်ဆုံးအပတ်က တိုင်ကြားထားခြင်း ဖြစ်ပြီး လာရောက်ဖြေရှင်းပေးရန် ခုံသမာဓိက ကုမ္ပဏီဘက်သို့ ဆင့်ခေါ်စာ ပို့သော်လည်း လာရောက်ဖြေရှင်းခြင်းမရှိသဖြင့် တတိယအကြိမ် ဆင့်ခေါ်စာ ထပ်မံပေးပို့ ရန် ပြင်ဆင်နေသည်ဟု သိရသည်။

ဦးအောင်မြတ်၏ အမှုကို လိုက်လံကူညီပေးနေသည့် ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်မှ အလုပ်သမား ကိုယ်စား လှယ် ဦးမောင်မောင်ဟန်က “အလုပ်ရှင်ဘက်က ချေပလွှာကို တင်ရမှာကို မလာဘူး။ အဲ့ဒါကြောင့် တတိယ အကြိမ် ဆင့်ခေါ်စာနဲ့ ထပ်ခေါ်မယ်လို့ ကျနော်တို့ကို ခုံသမာဓိက ပြောထားပါတယ်။ ၃ကြိမ်မြောက် မရရင် အလုပ်ရှင်ရော အလုပ်သမားရော ၂ဖက်လုံးကို ထပ်ဆင့်ခေါ်ပြီး ညှိနှိုင်းပေးမယ် ပြောတယ်”ဟု ပြောသည်။

ခုံသမာဓိတွင် တောင်းဆိုထားသည့် အမှုတွင် ဦးကျော်မင်းထွန်းက လုပ်ခလစာ ကျန်ငွေ ကျပ် ၂သိန်း ၈သောင်း၊ နားရက်ဖြတ်တောက်ငွေ ၁သောင်း၊ Notice ကြေး ၃သိန်း၊ လုပ်သက် ၆လရှိပြီဖြစ်သဖြင့် အလုပ်ထုတ် နစ်နာကြေး လဝက်စာ ၁သိန်းခွဲ စုစုပေါင်း ၇သိန်း ၄သောင်းကို ပေးရန် တောင်းဆိုထားပြီး ဦးအောင်မြတ်က လုပ်သက် ၄လ သာ ရှိသဖြင့် အလုပ်ထုတ် နစ်နာကြေးမပါဘဲ နားရက်ဖြတ်တောက်ငွေ ၁သောင်း၊ လုပ်ခလစာ ကျန်ငွေ ၂သိန်း ၈သောင်း၊ Notice ကြေး ၃သိန်း စုစုပေါင်း ၅သိန်း၉သောင်း ရရှိရန် တောင်းဆိုထားသည်။

ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ကို အမှုစွဲတင်လိုက်သည့် ကိစ္စကို ဆက်လက်ဆောင်ရွက်ရန် လှိုင်သာယာမြို့နယ် တရားရုံးက တတိယအကြိမ် ရုံးချိန်းကို ဇွန်လ ၁၅ ရက်တွင် ထပ်မံချိန်းဆို ထားသည်ဟု သိရသည်။

Your Thoughts …
Tags: YBS 20 ယာဉ်တိုက်မှု
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
တပတ်အတွင်းသတင်းဓာတ်ပုံ

တပတ်အတွင်းသတင်းဓာတ်ပုံ

အဆိုတော် တင်ဇာမော် / ချစ်ပိုး / ဧရာဝတီ

“ပြိုင်ပွဲဝင်တွေအတွက် အရမ်းစဉ်းစားရလို့ မျက်နှာထား တည်ရတာပါ”ဆိုတဲ့ တင်ဇာမော်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate