အစ္စရေးနှင့် မြန်မာတို့အကြား ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု၊ ဂျူးဆန့်ကျင်ရေးနှင့် ခွဲခြားဆက်ဆံမှုများ၊ သည်းမခံနိုင်မှု၏ အကျိူးဆက်များကို သင်ခန်းစာ အနေဖြင့် ထည့်သွင်းရန် သဘောတူညီကြောင်း Haaretz သတင်း ကဆိုသည်။
ပြီးခဲ့သည့် တနင်္လာနေ့ကရရှိခဲ့သည့် အစ္စရေး ဒု နိုင်ငံခြားရေးဝန်ကြီး Tzipi Hotovely နှင့် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမောင်မောင်လင်းတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံ ပညာရေးနယ် ပယ်တွင် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ ဖွံဖြိုးရေးကို အလေးပေး ဆောင်ရွက်မည်ဖြစ်ပြီး၊ နှစ်နိုင်ငံမှ ကျောင်းဆရာများနှင့် လူငယ်ထုအကြား အပြန် အလှန်ဆက်ဆံရေး မြှင့်တင်သွားရန်၊ နှစ်နိုင်ငံအကြား ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကျောင်းများနှင့် မူကြို အဆင့် အထိ အပြန်အလှန် ထိတွေ့မှု ရှိစေရန်၊ ပညာရေးညီလာခံများ၊ သင်တန်းများ၊ ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာ ရပ်များ လေ့လာရေး ခရီးစဉ်များ အကောင်အထည်ဖော်ရန်လည်း ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အစ္စရေးနှင့်ဂျူးလေ့လာရေးအစီအစဉ်များ၊ အစ္စရေးနိုင်ငံတွင် မြန်မာလေ့လာ ရေးအစီအစဉ်များ ဖွံ့ဖြိုးလာစေရေး အပြန်အလှန်အကောင်ထည်ဖော်ကာ ဟီဗရူးဘာသာစကားနှင့် မြန်မာဘာသာစကားများ အသီးသီး သင်ကြားပေးရန် စီမံမည်ဟုလည်း သိရသည်။
အစ္စးရေးနှင့် မြန်မာအကြား ဆက်ဆံရေးကို ၁၉၅၃ ခုနှစ်ကတည်းက စတင်ခဲ့ရာ၊ အစ္စရေး၏ လွတ်လပ်ရေးနှင့် သံတမန် ဆက်ဆံရေးကို အာရှနိုင်ငံများတွင် မြန်မာက ပထမဆုံးအသိ အမှတ် ပြုခဲ့ပြီး၊ ဝန်ကြီးချုပ် ဦးနုက ၁၉၅၅ ခုနှစ်တွင် အစ္စရေး သို့ သွားရောက်လည်ပတ်ခဲ့သလို၊ အစ္စရေး ဝန်ကြီးချုပ် ဒေးဗစ် ဘင်ဂူရီယန်သည်လည်း ၁၉၆၁ခုနှစ်တွင် မြန်မာသို့ လာ ရောက်လည်ပတ်ခဲ့သည်။
အစ္စရေးနှင့် မြန်မာအကြား စစ်ရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေး၊ သမဝါယမ စသည့် ကဏ္ဍများတွင် ထိုစဉ်ကတည်းက ပူး ပေါင်းဆောင်ရွက်မှုများ ရှိနေရာ စစ်အစိုးရလက်ထက်တွင်လည်း ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သလို၊ ၂၀၁၅ ခုနှစ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးသို့ သွားရောက်ပြီး အဝေးထိန်းစနစ်ဖြင့် ပဲကိုင်နိုင်သည့် Dvora MK III ရေတပ် ကင်းလှည့်ရေယာဉ်များနှင့် အခြား စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် သဘော တူညီမှုရခဲ့သည်။
သို့သော် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ARSA အကြမ်းဖက်အဖွဲ့ အစိုးရ ကင်းစခန်းများကို တိုက်ခိုက်မှုကြောင့် မြန်မာ့ တပ်မတော်က နယ်မြေရှင်းလင်းမှုများနှင့် ပတ်သက်၍ ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေး ချိုးဖောက်သည်ဆိုကာ ကန့်ကွက်မှုများကြောင့် စစ်လက်နက်ပစ္စည်များ မရောင်းချရန် အစ္စရေး တရားရုံးက တားမြစ်ခဲ့သည်။
သို့သော် အစ္စရေး-မြန်မာဆက်ဆံရေးမှာ ခိုင်မြဲလျှက်ရှိပြီး၊ ပြီးခဲ့သည့်လအတွင်းက အစ္စရေးမြို့တော် ဂျေရုဆလင်သို့ အမေရိကန်သံရုံး ပြောင်းရွေ့မှုတွင် မြန်မာသံရုံးကိုယ်စားလှယ် တက်ရောက်ခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန် – စွပ်စွဲချက်များရှိသော်လည်း မြန်မာကို လက်နက်များ အစ္စရေး ရောင်းချမည်
မြန်မာတပ်မတော်ကို လက်နက်ရောင်းချမှု အစ္စရေး ဆိုင်းငံ့ ဟုဆို
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအတွက် ခက်ခဲသော အချိန်