သတင်း

မူးယစ်ဆေး ဖမ်းဆီးရာတွင် သတင်းပေါက်ကြားမှုရှိနိုင်ဟုဆို

Want create site? Find Free WordPress Themes and plugins.

မူးယစ်ဆေးဝါး ရောင်းသည်ဟု ကျော်ဇောနေသည့် နေရာများကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်း ဖမ်းဆီးရာ၌ သတင်း ပေါက်ကြားမှုနှင့်အတူ အခက်အခဲများ ရှိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မူးယစ်အမှုတွေကို ဖမ်းတဲ့အခါ အခက်အခဲတွေကတော့ မျိုးစုံပေါ့၊ သူတို့ကို ဖမ်းဖို့ပြင်ဆင်နေဆဲမှာပဲ အကြောင်းအမျိုးမျိုး ကြောင့် သတင်းတွေက ထွက်သွားတာမျိုးတွေရှိတယ်၊ တချို့လည်း ကြိုရတာ ရှိကောင်းရှိမယ်၊ ဒါကြောင့် လူမမိတာလည်း ရှိတယ်၊ လူမိပြီး ပစ္စည်း အမြောက်အများ သိမ်းဆည်း ရမိတာလည်း ရှိပါတယ်၊ အမြဲတမ်း လူဖမ်းဆီးရမိတယ်ဆိုတာမျိုး တော့ မရှိဘူး” မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးမျိုးအောင် ကပြောသည်။

သို့သော် မည်သို့သော ပုံစံ၊ မည်သည့်နေရာ၊ မည်သူ့ထံမှ ပေါက်ကြားမှု ဖြစ်နိုင်သည်ဆိုသည်ကိုမူ ၎င်းကရှင်းလင်း ပြောကြားခြင်းမရှိပေ။

ယမန်နေ့က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်နှင့် ပြည် ကြီးတံခွန်မြို့နယ်အစပ်ရှိ ဇီးအုပ်ကျေးရွာမှ မူးယစ်ဆေးဝါးရောင်းဝယ် သည့် အိမ်များကို ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးရာ အမျိုးသမီးတဦးနှင့် အမျိုးသား ၇ဦးကို ဖမ်းဆီးခဲ့ပြီး၊ နေအိမ် ၂၃လုံး ကိုလည်း ရှင်းလင်းဖယ်ရှားခဲ့သည်။

မူးယစ်ဆေးဝါးကျော်ဇောနေရာတခုဖြစ်သည့် ဇီးအုပ်ကျေးရွာ ကျူးကွက်သစ်နေရာအား ရှင်းလင်း ရခြင်းမှာ ပြည်သူများအ တွက် အန္တရာယ်အကြီးမားဆုံး မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းပေးရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယနေ့တွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သည့် အိမ်များကို ဆက်လက်ရှင်းနေကြောင်း သိရသည်။

“ရဲတပ်ဖွဲ့ကလည်း အမြဲတမ်းအခြေချပြီးတော့ မနေနိုင်တဲ့အတွက် ပြန်သွားတာနဲ့ ပြန်ရောင်းနဲ့ မပြတ် ဘူးဖြစ်နေတာပေါ့၊ မဖမ်းတာ မဟုတ်ဘူး ဆက်တိုက်ကို ဖမ်းနေတာ၊ ဒါကြောင့် အမြစ်ပြတ်ချေ မှုန်းဖို့အတွက် ကျင့်ထုံးပုဒ်မနဲ့အညီ အိမ်တွေကို ဝင်ရှာတယ်၊ စည်ပင်ကလည်း လုပ်ထုံးလုပ်နည်းနဲ့ အညီ ကျုးထားတဲ့အိမ်တွေဖြစ်တဲ့အတွက် မူးယစ် ဆေးဝါးလုပ် နေတဲ့ အိမ်တွေကို ဖျက်တာပါ၊ ပစ္စည်းတွေ သိမ်းဆည်းရမိတဲ့ အိမ်က ၂၀ ကျော်ရှိပါတယ်”ဟု ဒုရဲမှူးကြီး မျိုးအောင်က ဆက် လက် ပြောသည်။

ဇီးအုပ်နယ်မြေအတွင်း၌ မူးယစ်ဆေးဝါး ရောင်းဝယ်နေမှုကို ဒေသခံများနှင့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်း မှ တာဝန် ရှိသူများ သိရှိသော်လည်း အသက်အန္တရာယ် စိုးရိမ်ရမှုရှိနေခြင်းကြောင့် သက်ဆိုင်ရာသို့ သတင်းမပေးရဲကြဟု ဆိုသည်။

ကွက်သစ်အုပ်ချုပ်ရေး ခေါင်းဆောင်အဖြစ်ခန့်ထားသည့် ရာအိမ်မှူးဦးကျော်စွာက “အခုလိုအိမ်တွေပေါ် လာတာ ၁နှစ်ခွဲ လောက်တော့ရှိပြီ၊ အဲဒီလိုတွေကို သိနေပေမယ့် ကိုယ့်အသက်အန္တရာယ် စိုးရိမ်ရတာရှိ တယ်ဆိုတော့ သတင်းမပေး ရဲဘူးပေါ့”ဟု ပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်နေသည့် ဇီးအုပ်ကျေးရွာ အနီးဝန်းကျင်တွင် နေထိုင်သူများက ထိုရှင်းလင်းမှုအား ထောက်ခံခဲ့ပြီး အဆိုပါ ပတ်ဝန်းကျင်၌ ညပိုင်းအချိန်များတွင် မူယစ်ဆေးဝါးသုံး စွဲသူများက ဆူညံမှုများပြုလုပ်ကြ၍ ၎င်းတို့အား ပြန်လည်ကြောက်ရွံ့နေရကြောင်းဆိုသည်။

“အခုလို မူးယစ်ဆေးရောင်းသူတွေနဲ့ နီးနီးနားနားနေရတာ အနေအထိုင်ပါကျဉ်းကြပ်တယ်၊ ကိုယ့်အိမ် ထဲကို ပစ်ထည့်သွား မှာကိုလည်း ကြောက်နေရတယ်၊ ကျနော်တို့ ဇီးအုပ်ရောက်လာတဲ့အချိန်ကတော့ ဒီလိုမူးယစ်ဆေးဝါးတွေတခုမှ မရှိ ဘူး၊ ကန်ကြီးကုန်းလူကြီးပြောင်းသွားမှ ဒီလိုဟာတွေ အကုန်လုံး ရောက်လာတာ၊ သူတို့ကို ပြန်ပြီး ရပ်မိရပ်ဖတွေ ကြောက် နေ ကြရတယ်”ဟု ဒေသခံ ဦးဝင်းမြင့်က ပြောသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က ကျင်းပခဲ့သည့် တိုင်းဒေသကြီး လွှတ်တော် ဒဿမအကြိမ် ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက မူးယစ်ဆေး ဝါးများ ကို အမြစ်ပြတ်ချေမှုန်းမှုများ ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့ရာ လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ယခင်က တိုင်းအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအ တွက် စစ်ဆင်ရေးများ၊ စီမံချက်များရေးဆွဲလုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု နည်း ပါးသည့် အတွက် ယခင်ပုံစံနှင့်မတူ သည့် လုပ်ဆောင်ချက်များဖြင့် ဖြေရှင်းရန်ရှိနေကြောင်း ဖြေကြား ထားသည်။

“မူးယစ်ဆေးဝါးက ကမ္ဘာ့လူသားတွေရဲ့အန္တရာယ်ဖြစ်တဲ့အတွက် စဉ်ဆက်မပျက်သတင်းရရှိမှုအပေါ်မှာ မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အနောက်တာရိုးဘက်တွေလည်း လွန်ခဲ့တဲ့ လတွေကတည်းက အဖွဲ့တွေနဲ့ ရှာဖွေတယ်၊ စနေ၊တနင်္ဂနွေဆိုရင် အချုပ်ယာဉ်ကြီးထိုးပြီးတော့ မူးယစ် ဆေးဝါးသုံးစွဲသူ၊ ရောင်းတဲ့သူတွေ အဟန့်အတား အကာအကွယ်ဖြစ်အောင် တနေကုန်ဆောင်ရွက်နေတယ်”ဟု ဒုရဲမှူးကြီးမျိုးအောင်က ဆိုသည်။

မူးယစ်ဆေးဝါးသတင်းများအရ ၂၀၁၆နှစ်လယ်ခန့်ကလည်း မူးယစ်ကျော်ဇောနေရာတခုဖြစ်သည့် မန္တလေးမြို့အနောက် ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ကျူးကျော်တဲများအတွင်း ရဲတပ်ဖွဲ့အင်အား၃၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ စဉ်ကလည်း သုံးစွဲသူအနည်းငယ်နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဆေးထိုးအပ်များကိုသာ ဖမ်းဆီးရမိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading