အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံပွဲမတိုင်မီ မြောက်ကိုရီးယားက ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး ၃ဦးကို ရာထူးမှ ဖယ်ရှားလိုက်တယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ဆိုပါတယ်။
အမေရိကန်အရာရှိတွေကတော့ ရာထူးကနေ ဖယ်ရှားခံရတဲ့ မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ၃ဦးဟာ ဘယ်သူတွေဆိုတာ ထုတ်ဖော်မပြောပေမယ်၊ ယွန်ဟပ်သတင်းကတော့ ကာကွယ်ရေးဌာန အကြီးအကဲ ပက်ယောင်ဆစ်ခ်၊ မြောက်ကိုရီးယား ပြည်သူတပ်မတော်(KPA) အကြီးအကဲ ရီမြောင်ဆူးနဲ့ KPA ရဲ့ နိုင်ငံရေးဗျူရို ဒါရိုက်တာ ကင်မ်ဂျောင် ဂက်တို့ ဖြစ်ပြီး၊ ကာ ကွယ်ရေးဌာန အကြီးအကဲ ပတ်ယောင် ဆစ်ခ်ရဲ့ နေရာမှာ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး နိုကွမ်ချူး၊ ရီမြောင် ဆူးရဲ့ နေရာကို သူ့ရဲ့လက်ထောက်ဖြစ်သူ ရီယောင်ဂေးနဲ့ အစားထိုးခဲ့တယ် လို့ သိရပါတယ်။
ယွန်ဟပ်သတင်းကတော့ အသစ်ခန့်အပ်တဲ့ မြောက်ကိုရီးယား စစ်ဘက်ခေါင်းဆောင်တွေဟာ ငယ်ရွယ် သူတွေဖြစ်ပြီး မြောက်ကိုရီးယား ပြည်သူတပ်မတော်(KPA)သစ်အဖြစ် ခန့်အပ်ခံရတဲ့ ရီယောင်ဂေးဟာ ၆၃နှစ်သာရှိသေးပြီး၊ အရင်ခေါင်း ဆောင်ဟောင်း ရီမြောင်ဆူးထက် ၂၁ နှစ်ခန့် ငယ်ရွယ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းရဲ့ တောင်ကိုရီးယား၊ အမေရိကန်တို့အပေါ် ဆွေးနွေးဖို့ ချဉ်း ကပ်မှုနဲ့ ပတ်သက်ပြီး၊ မြောက်ကိုရီးယား စစ်ဘက်မှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုတာကို ပြကြောင်း အမေရိကန်အရာရှိတွေက ယုံကြည်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်ထောက် လှမ်းရေးအဖွဲ့ CIA တို့ကတော့ မှတ်ချက်ပေးပြောဆိုတာ မလုပ်ခဲ့သလို၊ တောင်ကိုရီးယား ကာကွယ် ရေး ဝန်ကြီးဌာနကလည်း ဒီသတင်းနဲ့ ပတ်သက်လို့ အတည်ပြုဖို့ ငြင်းဆိုသွားပြီး၊ မြောက်ကိုရီးယား ရဲ့ ခေါင်းဆောင်းပိုင်အခြေအနေနဲ့ ပတ်သက်ပြီး အနီးကပ် စောင့့်ကြည့် နေတယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ လာမည့် ဇွန်လ ၁၂ရက်နေ့ စင်ကာပူမှာ တွေ့ဆုံမှာဖြစ်ပြီး၊ အဲဒီအတွက် မြောက်ကိုရီးယား ထိပ်တန်းဗိုလ်ချုပ် ကြီး ကင်မ်ယောင်ချူးကို ဝါရှင်တန်ကို စေလွှတ်ကာ ဆွေးနွေးစေခဲ့ပါတယ်။
သမ္မတထရမ့်ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် လုံးဝဖျက်သိမ်းရေးဖြစ်ပြီး၊ ဒါမှသာ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်၊ နိုင်ငံခြားရေး ဝန်ကြီး၊ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ CIAတို့ကတော့ မှတ်ချက်ပေးပြောဆိုတာ မလုပ်ခဲ့ဘူးလို့ သိရပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ အတည်ပြုဖို့ ငြင်းဆို သွားပြီး၊ မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်းပိုင်အခြေအနေနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။
ယွန်ဟပ်သတင်းကတော့ အသစ်ခန့်အပ်တဲ့ မြောက်ကိုရီးယား စစ်ဘက်ခေါင်းဆောင်တွေဟာ ငယ်ရွယ်သူတွေဖြစ်ပြီး မြောက်ကို ရီးယား ပြည်သူတပ်မတော်(KPA)သစ်အဖြစ် ခန့်အပ်ခံရတဲ့
အကြီးအကဲ ရီမြောက်ဆူး