သတင်း

ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူကို “ငရဲပြည်သွားဖို့” သမ္မတ ဒူတာတေး ပြော

ဖိလစ်ပိုင်နိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်ခွင့်မှာ ခြိမ်းခြောက်ခံနေသည်ဟု ဝေဖန်သည့် ကုလသမဂ္ဂ လူ့အခွင့်ရေး ကျွမ်း ကျင်သူကို “ငရဲပြည်သွားဖို့” သမ္မတ ဒူတာတေးက ပြောဆိုလိုက်သကဲ့သို့ ပြည်တွင်းရေးကို မစွက်ဖက်ရန်လည်း မနေ့က သတိပေးလိုက်သည်။

“ကျနော်တို့ ပြည်တွင်းရေးမှာ ဝင်မစွက်ဖို့ သူ့ကို ပြောလိုက်ပါ၊ ငရဲပြည်ကိုသာ သွားပါဟု တောင်ကိုရီး ယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးမသွားရောက်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကထိုသို့ ပြောဆိုခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ဖိလစ်ပိုင် တရားသူကြီးချုပ် မာရီယာ လောဒက်စ် စီရီနိုက အငြင်းပွားဖွယ် အစိုးရ စီမံကိန်းများကို ကန့် ကွက်ခဲ့၍ သမ္မတ ဒူတာတေးက ပြည်သူ့ရန်သူအဖြစ် ခေါ်ဝေါ်ပြီးနောက် တရားရုံးချုပ်က သူမကို မဲခွဲဖြုတ်ချခဲ့ရာ၊ တရားသူ ကြီးချုပ်အနေဖြင့် ခန့်အပ်ခံရစဉ်က သတ်မှတ် သည့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့၍ ထိုသို့ ဖြုတ်ချရခြင်းဖြစ် ကြောင်းဆိုသည်။

ထိုဖြစ်စဉ်ကို တရားသူကြီးများနှင့် ရှေ့နေများ၏ လွတ်လပ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာ တင် သွင်းသူ ဒီယေဂို ဂါစီ ယာ ဆေယန်က တခြားသော တရားရုံးချုပ် တရားသူကြီးများနှင့် တရားစီ ရင်ရေး လုပ်ငန်းကို ဆောင်ရွက်နေသူများ အတွက် ကျောချမ်းစရာ သတင်းစကားပါးလိုက်ခြင်းဟု သောကြာနေ့က ပြောခြင်းဖြစ်သည်။

တရားသူကြီး အချင်းချင်း၏ မဲပေးဖြုတ်ချခြင်းကို ပထမဆုံးခံရသည် တရားသူကြီးချုပ် စီရီနိုသည် မတည်ငြိမ်သော ဖိလစ် ပိုင် တောင်ပိုင်းတွင် စစ်အုပ်ချုပ်ရေး သက်တမ်းတိုးခြင်းအပါအဝင် ဒူတာတေ၏ အဆိုပြုချက် အများအပြားကို ကန့်ကွက်ခဲ့ သူဖြစ်သည်။

ဖိလစ်ပိုင်သမ္မတသည် နိုင်ငံတကာဖိအားများကို အာခံခြင်းနှင့် ဝေဖန်သူများကို ပြန်လည်တိုက် ခိုက် သော မိန့်ခွန်းများ ကြောင့် ကျော်ကြားလှသူဖြစ်ပြီး၊ သွေးထွက်သံယိုများသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲကြောင့် အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် ကုလသမဂ္ဂ တရားစီရင်မှုမဲ့သတ်ဖြတ်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ အဂ္ဂနိစ် ကောလားမတ် တို့အား ပြန်လည် တိုက်ခိုက်ခဲ့သည်။

Loading