သတင်း

ရွာသာကြီး ကုန်းတွင်း ဆိပ်ကမ်း ယခု နှစ်ကုန်တွင် ဖွင့်လှစ်မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ရွာသာကြီး ကုန်းတွင်း ဆိပ်ကမ်း (Dry Port) ကို ၂၀၁၈ ခု နှစ်ကုန်ပိုင်း၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တည်ဆောက်ရေး လုပ်ကိုင်နေသည့် Resources Group logistics (Myanmar) ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးမြင့်မော်က ပြောသည်။

“အခုဆိုရင် ၇၅ ရာခိုင်နှုန်းလောက် ပြီးပြီ။ ၄ ပုံ ၃ ပုံလောက်တော့ ပြီးပြီပေါ့။ ကျနော်တို့ လုပ်နေတာ ကုန်သိုလှောင်ရုံ ၃ လုံးရှိတယ်။ ၂ လုံးက အခု တိုင်ထောင်နေပြီ အမိုးအကာပြီးရင် ပြီးပြီ။ အဓိကတော့ ဒါတွေ လုပ်ဆောင် နေတာ ဖြစ် တယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖွင့်လှစ်မှာ ဖြစ်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

Dry Port တည်ဆောက်မှု ပြီးစီးလျှင် ဆိပ်ကမ်းများ၌ ကျပ်နေသော ကုန်စည်များကို တဖက်တလမ်းမှ ကုန်စည်စီးဆင်း မှု ချောမွေ့စေရန် လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ကုန်းတွင်း ဆိပ်ကမ်း (Dry Port) ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် သယ်ယူပို့ဆောင်သည့် ကုန်စည် များ တင်/ချခြင်း၊ သိုလှောင်ခြင်း၊ ပုံမှန်စစ်ဆေးခြင်းနှင့် အကောက်ခွန်ဆိုင်ရာ ထိန်းချုပ်သည့်နည်းလမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း စသည်တို့ အတွက် သယ်ယူပို့ဆောင်ရေး နည်းလမ်းတခု (သို့မဟုတ်) တခု ထက်ပိုသော နည်းလမ်းများ အသုံးပြုရာတွင် အုပ်ချုပ် ထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများ၏ အချက်အချာကျ သော ဒေသနှင့် ဆက်သွယ်နိုင်သော ကုန်းတွင်းနေရာ ဒေသကို ဆိုလိုခြင်းဖြစ်သည်။

ကုန်တွင်းဆိပ်ကမ်းသည် သက်ဆိုင်ရာ နိုင်ငံအစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက် လည်ပတ်သော ကုန်ပစ္စည်း ကွန် တိန်နာများ ခရီးတထောက်နားရာ စခန်းတခုဖြစ်ပြီး ကုန်တွင်း ဆိပ်ကမ်း၏ အားသာချက်တခုမှာ ရထားလမ်း (သို့မ ဟုတ်) ကားလမ်း (သို့မဟုတ်) နှစ်မျိုးစလုံးဖြင့် တိုက်ရိုက် ချိတ်ဆက် ထားသောကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် လျင်မြန် ချောမွေ့စေသည်။

မန်နေဂျင်းဒါရိုက်တာ ဦးမြင့်မော်က “ဆိပ်ကမ်းတွေမှာ ကုန်တွေမကျပ်အောင် Dry Port က အထောက်အကူပြုမှာ ဖြစ် တယ်။ လောလောဆယ်တော့ ဆိပ်ကမ်းမှာ ကုန်စည်က မကျပ်သေးဘူးဆိုတော့ သိပ်တော့ သိသာမှာ မဟုတ်သေး ဘူး။ နောက်ပိုင်းမှာတော့ ပိုပြီးကောင်းလာနိုင်မယ်” ဟု ပြောသည်။

အဆိုပါ Dry Port စီမံကိန်း တည်ဆောက်ခြင်း အတွက် ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီး၌ အုပ်စု A အဖြစ် Resources Group logistics ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်ပြီး အုပ်စု B အဖြစ် Kerry logistics ကုမ္ပဏီက တာဝန် ယူ ဆောင်ရွက်ခြင်း ဖြစ်သည်။

စီမံကိန်း တည်ဆောက်ရန် အတွက် Resources Group logistics (Myanmar) ကုမ္ပဏီ နှင့် Kerry logistics (Singapore) ကုမ္ပဏီ တို့က ၂၀၁၆ ခုနှစ် ဇန်နဝါရီလ၌ တင်ဒါအောင်မြင်ခဲ့ပြီး ယင်းကုန်းတွင်း ဆိပ်ကမ်းတခု အတွက် ကုမ္ပဏီ ၂ ခုပေါင်း အမေရိကန် ဒေါ်လာ ၈၁ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ဧရိယာမှာ ကုမ္ပဏီ တခုလျှင် မြေဧက ၄၀ ခန့်နှင့် စုစုပေါင်းမြေဧက ၈၀ ခန့် အကျယ်အဝန်း ရှိပြီး ရင်းနှီးမြှုပ် နှံမှု သက်တမ်းအနေနှင့် နှစ် ၅၀ ဖြစ်ပြီး ၁၀ နှစ်စီ ၂ ကြိမ် သက်တမ်းတိုးနိုင်မည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ်တွင် စီမံကိန်း ဆောင်ရွက်ရန် တည်ဆောက်ရေး လုပ်ငန်းများ စတင် အကောင်အထည် ဖော်ခဲ့ပြီး အဆိုပါ ကုန်းတွင်း ဆိပ်ကမ်း တခုလျှင် ကွန်တိန်နာ အလုံးရေ ၂ သိန်းခန့် သိုလှောင်ထားရှိနိုင်ကြောင်း သိရသည်။

ထိုစီမံကိန်းများ တည်ဆောက်သည့် မြေသည် မြန်မာ့ မီးရထားပိုင်မြေ ဖြစ်သည့် အတွက် မြန်မာ့မီးရထားသို့ ကုမ္ပဏီ တခုမှ မြေငှားရမ်းခ တနှစ်လျှင် အမေရိကန် ဒေါ် လာ ၅၅၀၀ ပေးဆောင်ရပြီး ဖက်စပ် လုပ်ကိုင်သော လုပ်ငန်းဖြစ် သည် ဟု မန်နေးဂျင်း ဒါရိုက်တာ ဦးမြင့်မော်က ပြောသည်။

Kerry logistics ကုမ္ပဏီသည် မန္တလေးတိုင်း ဒေသကြီး မြစ်ငယ်၌လည်း မြေဧရိယာ ၄၀ ခန့်အကျယ်ရှိ ကုန်းတွင်း ဆိပ်ကမ်း တခုကို တာဝန်ယူ ဆောင်ရွက်နေကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထား တာဝန်ရှိသူ တဦးက ပြောသည်။

ထို ကုန်တွင်းဆိပ်ကမ်းများ ပြီးစီးလျှင် ကွန်တိန်နာများကို ရထားဖြင့် သယ်ယူပို့ဆောင်နိုင်မည် ဖြစ်သောကြောင့် ကုန် ကျ စရိတ်သက်သာခြင်း၊ ယာဉ်ကြောကျပ်တည်းမှုကို လျော့နည်းစေနိုင်ခြင်း တို့ကို ရရှိစေမည်ဟုလည်း ၎င်းက ဆို သည်။

ထို့အပြင် ပြည်တွင်းရှိ ကုန်စည်များ လွယ်ကူစွာ စီးဆင်းနိုင်ရေးနှင့် ချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေး အတွက် ပြည်ပ နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများနှင့် သဘောတူ စာချုပ်ချုပ်ဆို ထား ကြောင်း မြန်မာ့မီးရထားက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading