မြန်မာ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံတဝန်း ကြိုးမဲ့ဆက်သွယ်ရေး အခြေခံ အဆောက်အဦဖွံ့ဖြိုးရေး အရှိန်အဟုန်မြှင့်တင်ရန် အင်တဲလ်ဆက်ဂြိုဟ်တုလုပ်ငန်းနှင့် ဆက်စပ် လုပ်ကိုင်မှုကို ချဲ့ထွင်လိုက်ပြီဖြစ်သည်။
အဆိုပါ ဝန်ကြီးဌာနအနေဖြင့် လာမည့်နှစ်တွင် အင်တဲလ်ဆက် ၉၀၂ ဂြိုဟ်တုဟောင်းနေရာတွင် အင်တဲလ်ဆက် ၃၉ဖြင့် အစားထိုးသုံးရန် စီစဉ်နေခြင်းဖြစ်ပြီး၊ မိုဘိုင်းအော်ပရေတာများနှင့် မီဒီယာ ကုမ္ပဏီများ၏ ကွန်ရက်များအပါအဝင် အဝေးထိန်းဧရိယာများ ချဲ့ထွငခြင်းကြောင့် အစိုးရအနေဖြင့် ၎င်း၏ ကိုယ်ပိုင် မိုဘိုင်းကွန်ရက်များကို ဖြန့်ကျက်သုံးစွဲမည် ဖြစ်ကြောင်းသိရသည်။
၂၀၂၂ ခုနှစ်တွင် လူဦးရေ၏ ၉၅ ရာခိုင်နှုန်းက Broadband ချိတ်ဆက်နိုင်ရန် ဆိုသည့် ရည်မှန်း ချက်ကို ယခုဖြန်ကျက်မည့် မိုဘိုင်းကွန်ရက်က အထောက်အကူပြုမည်ဖြစ်ပြီး အီလက်ထရော နစ်ဘဏ်လုပ်ငန်း(e-banking)နှင့် အများပြည်သူထံ အစိုးရဝန်ဆောင်မှုများပေးခြင်းတို့အတွက် ပံ့ပိုးသွားမည်ဖြစ်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေက “အင်တဲလ်ဆက်နဲ့ ဆက်ဆံရေး တိုး မြှင့်လိုက်ခြင်းအားဖြင့် ကျနော်တို့ကွန်ရက်အခြေခံအဆောက်အဦခိုင်ခန့်စေဖို့အတွက် အင်တဲဆက်ရဲ့ တကမ္ဘာလုံး ကွန်ရက်က စွမ်းအားနဲ့စွမ်းရည်ပြည့် မောင်းနှင်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက မြို့ပြစင်တာရဲ့ပြင်ပမှာရှိတဲ့ broadband ချိတ်ဆက်မှုနဲ့ ပညာရေး၊ ကျန်းမာရေး၊ မီဒီယာ၊ အစိုးရဝန်ဆောင်မှုတို့ကို မြန်မာပြည်သူတွေအတွက် ချဲ့ထွင်ဝန်ဆောင်မှုပေးနိုင်ဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အင်တဲလ်ဆက်နှင့် မိတ်ဖက်ဆောင်ရွက်မှုက စီးပွားရေးလုပ်ငန်းများ အလျင်အမြန်ထိတွေ့နိုင် စေရန် ဖြစ်ပြီး၊ ရေရှည်တည်တံ ရန်၊ အရည်အသွေးမြင့် Broadband ချိတ်ဆက်ပြီး မီဒီယာ၊ စွမ်းအင်၊ ဘဏ်လုပ်ငန်းကဏ္ဍများမှ တတိုင်းပြည်လုံး စီးပွားရေး ဖွံဖြိုးမှု ချဲ့ထွင်လုပ်ကိုင်စေရေး အထောက်အကူပြုစေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။