မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားဖြန့်ဖြူးပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် မြန်မာရဟန်း တော်များအပါအဝင် သဘောထားတင်းမာသူ တစုကို Facebook က နာမည်ပျက် စာရင်းထည့် သွင်းလိုက်ကြောင်း မနေ့က ကြေညာသည်။
လူဦးရေ သန်း ၅၀ ရှိသည့် မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ ၁၈သန်းရှိပြီး၊ လူမှုကွန်ရက် စာမျက်နှာသည် လွန်စွာ ကြီးမားကျယ်ပြန့်သည့် အခြေအနေသို့ ရောက်ရှိနေရာ၊ ဖြစ်ပေါ်လာနေသည့် မုန်းတီးမှု အမုန်းတရားများကို ကုစားရန် ရည်ရွယ်၍ ထိုသို့ ကြေညာခြင်းဖြစ်သည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက Facebook သည် မြန်မာနိုင်ငံတွင် သားရဲကောင်ကြီးအဖြစ် အသွင်းပြောင်းသွားပြီး ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ၊ အကြမ်းဖက်ရန် သွေးထိုးလှုံဆော် မှုများကို တွေ့နေရကြောင်းဆိုသည်။
ထိုသို့ပြောဆိုချက်ကို တုံ့ပြန်သည်အနေဖြင့် Facebook သည် ၎င်းတို့ထံမှ အရေးပါသော ပုဂ္ဂိုလ် တဦးကို ယခုသီတင်းပတ် အတွင်း မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပြီးနောက် အမျိုးသားရေးဝါဒီ “မဘသ” များ၏ Account များကို ပိတ်ပစ်ကာ မွတ်စလင် မုန်းတီးရေး သွေးထိုးပေးသည့် ရဟန်းတော် များ၏ Facebook ကွန်ရက် လှုပ်ရှားမှုများကိုပါ တားဆီး အရေးယူမှုများ ပြု လုပ်ခဲ့သည်။
Facebook အကြောင်းအရာပိုင်းဆိုင်ရာ ပေါ်လစီမန်နေဂျာ ဒေးဗစ်ကာရာလီယာနိုက “သူတို့ကို ဖေစ်ဘွခ်က ခွင့်မပြုတော့ ပါဘူး၊ အဲဒါတွေ မြှောက်ပေးတဲ့၊ ချီးကျူးတဲ့၊ ကိုယ်စားပြုတဲ့ တဦးချင်း ကိုဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ၊ ဘယ် Account၊ ဘယ်အကြောင်းအရာမဆို ကျနော်တို့ ဖယ်ထုတ်ပစ်မှာပါ” ဟုဆိုသည်။
အစွန်းရောက် ရဟန်းတော်များဟု သတ်မှတ်ခံထားရသည့် ဦးပါမောက္ခ၊ ဦးသုစိတ္တ တို့ကို မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော်နည်းတူ Facebook မှ နာမည်ပျက်စာရင်းသွင်းခဲ့ပြီး၊ ဦးဝီရသူ၏ Facebook Account မှာမူ နှစ်ဆန်းပိုင်း ဇန်နဝါရီလ ကတည်းက ပိတ်ခံရပြီးဖြစ်သည်။
တက်ကြွလှုပ်ရှားသူများကမူ Facebook သည် အန္တရာယ်ရှိသည့် ပိုစ်များနှင့် ပတ်သက်၍ အစီရင်ခံ ခြင်းအပေါ် တုံ့ပြန်မှုနှေး ကွေးခြင်းအတွက် ဝေဖန်ပြစ်တင်သည်။ သုံးစွဲသူ အချင်းချင်း ဖြန့်ဝေသည့် တချို့သော အကြောင်းအရာများမှာ ဖယ်ရှား ခြင်းမပြုမီ ၄၈နာရီအထိ အွန်လိုင်းတွင် ရှိနေသည်။
တက်ကြွလှုပ်ရှားသူများက Facebook သို့ အကြိမ်ကြိမ် အကြောင်းကြားသော်လည်း အရေးယူရန် ရက်များစွာ ကြာမြင့်နေ ဆဲဖြစ်သည်ဟုလည်း ဆိုသည်။
ထိုသို့ နှေးကွေးနေခြင်းနှင့် ပတ်သက်၍ အာရှ- ပစ္စဖိတ်လူထုမူဝါဒမှ Facebook၏ ဒုဥက္ကဋ္ဌ ဆိုင်မွန် မီလာက “ကျနော်တို့ ဒီထက်ပိုလုပ်နိုင်ပါတယ်။ တုံ့ပြန်မှုကတော့ ကျနော်တို့ဘက်က နှေးတုန်းပါပဲ”ဟု ဝန်ခံပြောကြားခဲ့သည်။
လက်ရှိ Facebook၏ မြန်မာပိုင်းတွင် စင်ကာပူနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မှ လာရောက်လုပ်ကိုင်နေ သူများ တိုးလာကြောင်း၊ ၎င်းတို့အထဲတွင် မြန်မာစကားပြောဆိုနိုင်သူများလည်း ပါကြောင်း ၎င်းကဆိုသော်လည်း ထိုသူများ၏ ဖုန်းနံပါတ် များ တိတိကျကျ ပေးရန်ကိုမူ ၎င်းက ငြင်းသည်။
Account အတုများသုံးစွဲခြင်းအတွက် တိုင်းတာဆုံးဖြတ်ရန် Facebook က ခြေလှမ်းများ စတင် နေဆဲဖြစ်ပြီး သုံးစွဲသူများ ဘက်မှ အနှောင့်အယှက်ဖြစ်စေသည့် အကြောင်းအရာများကို အစီရင်ခံ အကြောင်းကြားပြီး မသမာသူများကို တားဆီး ပိတ်ပင်သည့်စနစ် တိုးတက်လာအောင် လုပ်ဆောင် နေသည်ဟု ဆိုသည်။
မြန်မာတက်ကြွလှုပ်ရှားသူများက လူကြည့်များသည့် Profile များကို ကြိုဆိုသော်လည်း ဖေ့စ်ဘွခ် ပလက်ဖောင်းကို လက်ရှိထက် ပို၍ပွင့်လင်းမြင်သာလာအောင် တိုက်တွန်းနေသည်။
ရန်ကုန်အခြေစိုက် နည်းပညာဆုံချက် ဖန်တီးရာအဖွဲ့၏ CEO ဂျက်စ် ကာလီဘီ ပီတာဆန်က “အနှောက်အယှက်ဖြစ်တဲ့ အကြောင်းအရာတွေကို ဖယ်ပစ်ဖို့ ယူတဲ့အချိန်ဆိုတာ ဘယ်အချိန်လဲ မသိဘူး၊ ကျနော်တို့အဖွဲ့မှာ မြန်မာလိုတတ်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ” ဟု မေးခွန်းထုတ်လိုက်သည်။